Thursday, May 31, 2012

ယူရို ၂၀၁၂ ယှဉ်ပြိုင်ကစားမည့် ဘောလုံးကွင်းကြီးများအကြောင်း

ယူရို ၂၀၁၂ ယှဉ်ပြိုင်ကစားမည့် ပိုလန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ ဘောလုံးကွင်းကြီးများအကြောင်းကို ဘောလုံးချစ်သူ စာဖတ်သူများ သိရှိစေရန်အလို့ငှာ တင်ဆက်ပေးလိုက်ရပါသည်။
ယူကရိန်းနိုင်ငံမှ ဘောလုံးကွင်းကြီးများ
ကိဗ်အိုလံပစ် စတေဒီယမ် ( ပရိသတ် ၀င်ဆန့်မှု – ၆၀၀၀၀ )
ကိဗ် အိုလံပစ်ဘောလုံးကွင်းကြီးကို ယူကရိန်းနိုင်ငံမြို့တော် ကိဗ်ယက် တွင် တည်ဆောက်ထားသည်။ အဆိုပါကွင်းကြီးသည် လက်ရှိယူကရိန်းတွင် အကြီးဆုံးကွင်းကြီးအဖြစ် သတ်မှတ်ထားပြီး ယူကရိန်း ကလပ် ဒိုင်နမိုကိဗ်အသင်း ပိုင်ဆိုင်သောကွင်းကြီးလည်း ဖြစ်သည်။
ထိုကွင်းကြီးတွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး၊ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲနှင့် ယူကရိန်းအသင်း ပါဝင်သောအုပ်စုပွဲစဉ်များကိုလည်း အဆိုပါကွင်းတွင်ပင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
နယူးအယ်လ်ဗစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါကွင်းကို ယူကရိန်းဘောလုံးကလပ် FC Lviv အသင်းပိုင်ဆိုင်ပြီး ယူကရိန်းနိုင်ငံ အနောက်ပိုင်းမြို့တော်ဟု ခေါ်တွင်သည့် Lviv မြို့တွင် တည်ဆောက်ထားသည်။ အဆိုပါကွင်းတွင် ဂျာမနီ၊ ပေါ်တူဂီ၊ ဒိန်းမတ်နှင့် ဟော်လန်အသင်း တို့ပါဝင်သော အုပ်စုပွဲစဉ် အချို့ကို လက်ခံကျင်းပမည် ဖြစ်သည်။
ခါကစ်-မီတဲလစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါကွင်းကို ယူကရိန်းနိုင်ငံ၏ ဒုတိယမြို့တော် ခါကစ်စီးတီးတွင် တည်ဆောက်ထားပြီး လက်ရှိ ယူကရိန်းကလပ် မီတဲလစ်အသင်း ပိုင်ဆိုင်သောကွင်းဖြစ်သည်။ ထိုကွင်းတွင် ဂျာမနီ၊ ဟော်လန်၊ ပေါ်တူဂီ၊ ဒိန်းမတ်အသင်းများ ပါဝင်သော အုပ်စုပွဲစဉ်အချို့ကို လက်ခံကျင်းပသွားမည် ဖြစ်သည်။
ဒွန်းဘတ်စ် အရီနာ (ပရိသတ် ၀င်ဆန့်မှု – ၅၀၀၀၀)
အဆိုပါကွင်းကို ယူကရိန်းနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သော ဒိုးနပ်စ်မြို့တွင် တည်ဆောက်ထားခဲ့သည်။ ကိဗ် အိုလံပစ်ကွင်းပြီးလျှင် ယူကရိန်းနိုင်ငံ၏ အကြီးဆုံးကွင်းတစ်ကွင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်ကမှ ယူရိုပြိုင်ပွဲအတွက် ရည်မှန်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယူကရိန်းကလပ် ရှက်တာဒိုးနပ်စ် အသင်း ပိုင်ဆိုင်မည့်ကွင်း ဖြစ်လာမည်ဖြစ်သည်။
အဆိုပါကွင်းတွင် အင်္ဂလန်၊ ပြင်သစ်၊ ယူကရိန်း၊ ဆွီဒင်အသင်းများ ပါဝင်သောအုပ်စုပွဲစဉ် အချို့ကို လက်ခံကျင်းပမည့်အပြင် ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲကိုပါ လက်ခံကျင်းပမည် ဖြစ်သည်။
ပိုလန်နိုင်ငံမှ ဘောလုံးကွင်းကြီးများ
ဝါဆောအမျိုးသားကွင်း (ပရိသတ် ၀င်ဆန့်မှု -  ၅၀၀၀၀)
ပိုလန်နိုင်ငံ ၀ါဆောမြို့တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါကွင်းအတွက် ပေါင် ၂၅၅ သန်း အထိ အကုန်အကျခံ တည်ဆောက်ထားသည်။ ယူရို ၂၀၁၂ ပြိုင်ပွဲ၏  ဖွင့်ပွဲကို အဆိုပါဝါဆောကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပိုလန်အသင်းပါဝင်သော အုပ်စုပွဲစဉ်အချို့ကိုလည်း လက်ခံကျင်းပမည်ဖြစ်သည်။
ထို့ပြင် အဆိုပါကွင်းတွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲ နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲ ကိုလည်း လက်ခံကျင်းပမည် ဖြစ်သည်။
ပီဂျီအီး အရီနာ (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
ပိုလန်နိုင်ငံ ဂျန့်ခ်မြို့တွင် တည်ဆောက်ထားသော ဘောလုံးကွင်းဖြစ်ပြီး လက်ရှိတွင်လည်း ပိုလန်ကလပ် ဂျန့်ခ် အသင်း ပိုင်ဆိုင်သောကွင်းတစ်ကွင်း ဖြစ်သည်။
အဆိုပါကွင်းတွင် လက်ရှိချန်ပီယံ စပိန်၊ အီတလီ၊ အိုင်ယာလန် နှင့် ခရိုအေးရှား တို့ပါဝင်သော အုပ်စုပွဲစဉ်အချို့ကို လက်ခံကျင်းပမည် ဖြစ်သလို ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ် တစ်ပွဲကိုလည်း လက်ခံကျင်းပသွားမည် ဖြစ်သည်။
ပေါ့ဇ်နန် စတေဒီယန် (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
ပိုလန်နိုင်ငံ ပေါ့ဇနီမြို့တွင် တည်ဆောက်ထားသောကွင်းဖြစ်ပြီး လက်ရှိတွင် ပိုလန်ကလပ် အသင်း ၂ သင်းဖြစ်သော လက်ခ်ျပေါ့ဇနန် နှင့် ၀ါတာပေါ့ဇ်နန်တို့ ၂ သင်း ပူးတွဲပိုင်ဆိုင်ပြီး ၁၉၈၀ ခုနှစ်တွင် အဆိုပါ ကွင်းကို တည်ဆောက်ခဲ့သည်။
ထိုကွင်းတွင် အီတလီ၊ စပိန်၊ အိုင်ယာလန် နှင့် ခရိုအေးရှား တို့ပါဝင်သော အုပ်စုပွဲစဉ်အချို့ကို ကျင်းပမည် ဖြစ်သည်။
မြူနီစပယ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
အဆိုပါ မြူနီစပယ် စတေဒီယမ် ကို ပိုလန်နိုင်ငံ စလီဗာမြစ်အနီးအနားတွင် တည်ဆောက်ထားပြီး ယခု ယူရို ၂၀၁၂ ပြိုင်ပွဲအတွက် ရည်မှန်းကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကွင်းကို တရုတ်ဒီဇိုင်းပညာရှင်များက တည်ဆောက်ထားပြီး တံတားပေါင်း ၁၁၂ ခုပါဝင်ကြောင်း သိရသည်။ ထိုကွင်းတွင် ရှရှား၊ ပိုလန်၊ ဂရိ၊ ချက်ရီပဘလစ် တို့၏ အုပ်စုအဆင့်ပွဲစဉ်များကို လက်ခံ ကျင်းပမည် ဖြစ်သည်။
Source : DailyMail
Posted by မောင်စူးစမ်း(MTLA GTI)

No comments:

Post a Comment