Saturday, June 18, 2011

ဘောလုံးပွဲ

        မနေ့က အဖော်ကောင်းတာနဲ့ ဘောပွဲလေး သွားကြည့်ပါတယ်။ စင်္ကာပူ Cup (Club အသင်းတွေ ဖိတ်ခေါ်) ထင်ပါရဲ့။ Thai က Pattaya United FC နဲ့ Okkthar United FC ဖြစ်ပါတယ်။ သွားဖို့ ရည် ရွယ် ချက်အစက တော့ မရှိပါဘူး။ ရုံးက အတူ အလုပ်လုပ် တဲ့ကောင်လေးက ခေါ်တာရယ်၊ နောက် သူ ပြောတဲ့ စကားလေး တစ်ခွန်းကြောင့် ရယ် ပေါ့။ သူပြောတာကတော့ " အကို..သွားဆဲရအောင်ဗျာ" ဆိုတာ ပါပဲ။ ၀င်ကြေးကလဲ ၅ဒေါ်လာ ဆိုတော့ OK ဆိုပြီး လိုက်သွားတာပေါ့။
        နည်းနည်းနောက်ကျတော့ ဂိတ်ဝရောက်ကတည်းက ဥသာ...ဥသာ..ဆိုတဲ့ အသံတွေက စ ကြား နေ ရပါပြီ။ လက်မှတ်ဝယ်ဖို့ တန်းစီနေသူ တွေကလည်း ရွှေတွေချည်း ပါ။ ဒီမှာကတည်းက ကိုယ်က မ ဆဲရသေး ဘူး။ ကိုယ့်ဆရာတွေက ဆဲနေပါပြီ လက်မှတ်ဝယ်တဲ့ နေရာကတည်းက။ကိုယ်လိုလူ တွေ ချည်းထင်ပါရဲ. လို့တွေးလိုက်မိတယ်။ အထဲရောက်တော့ အောက်ထပ်မှာတော့ ပြည့်နေပြီ၊ ဒါနဲ့ အပေါ် တက် ကြည့်လိုက်တော့  ရွှေတွေချည်း ပါဗျာ။ ယိုးဒယားတွေ သိပ်မတွေ့ ရဘူး။
         ပထမ ပိုင်းမှာ ပဲ ဥသာ ကတစ်ဂိုး သွင်းထားပြီးပါပြီ၊ ကိုယ်တောင် မကြည့်လိုက်ရပါဘူး။ ဥသာက ကစားကွက် မရှိပါဘူး၊ တဖက် အသင်းကပဲ ဖိကစား သွားတာပါ။ အပေးအယူလဲ ထိုင်း ကလပ် အသင်း ကပဲကောင်းတာပါ။ အားပေးမှု ကတော့တဖက်သပ်ပါ၊ ထိုင်း အသင်းအတွက် ပရိပ်သတ် ပင်မရှိ ဟုထင် ရပါသည်။ ထုံးစံအတိုင်း ဆိုဆဲ အော်ဟစ်သံများ အောက်မှာပဲ ဒုတိယပိုင်း မိနစ် ၉၀ အထိ ဥသာက ၂-၀ နဲ့ နိုင်နေပါတယ်။ ပထမ ပိုင်းမှာ ကတည်းက ၂-၀ ပါ။ ၉၂ မိနစ်မှာ ဟိုဖက်က တစ်လုံးပြန်သွင်း သွားလို့ ၂-၁ နဲ့ ပြီးသွားပါတယ်။ ဒီပွဲမှာ Man of the match ကတော့ ဥသာ ဂိုးသမားပါပဲ လို့ ကျွန်တော် တော့ထင်မိ တာပဲ။ သူကာကွယ်သွာတာတွေ အများကြီးပါ (သိပ်ပြီင်္း danger တွေမဟုတ်ပေမယ့်)။ သူကမြန်မာ မ ဟုတ်ပါဘူး၊ အမဲ တစ်ယောက်ပါ။ နောက်ပွဲစဉ် တွေမှာတော့ ဥသာ မလွယ်လောက်ဘူး လို့ ထင်ပါတယ် ခင်ဗျာ။






Posted by ငခဲ

No comments:

Post a Comment