Saturday, June 18, 2011

လူပီသခဲ့ကြသူများ

ငါးပါးသီလကို ဂရုတစိုက် ဆောက်တည်ခဲ့ကြလို့ လိုတရခဲ့ကြတဲ့ နိုင်ငံတစ်နိုင်ငံက လူပီသခဲ့ကြသူ သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့ အားကျဖွယ် စောင့်ထိန်းပုံလေးတွေလည်း တင်ပြလိုက်ပါသည်။
ကုရုတိုင်း၊ ဣန္ဒပတ္တပြည်မှာ ဘုရားလောင်း ဓနဉ္စယ ကောရဗျမင်းကြီး မင်းပြုစဉ် မင်းကြီးအပါအဝင် ပုဂ္ဂိုလ် (၁၁)ဦးဟာ ဂရုဓမ္မဆိုတဲ့ ငါးပါးသီလကို အလွန်စင်ကြယ်စွာ စောင့်ထိန်းကြပါတယ်။ မြို့တံခါး ()ခု၊ မြို့လယ်၊ နန်းတော်တံခါး ဆိုတဲ့ ()ဌာနတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်ပြီး နေ့စဉ် ()သိန်းဖိုး ()သိန်းဖိုး လှူဒါန်းပါတယ်။ တိုင်းသူပြည်သားတွေအနေနဲ့ ထွန်ယက် စိုက်ပျိုး စားစရာ မလိုပါဘူး။ အလွန်ပဲ စည်ပင်ဝပြော သာယာပါတယ်။
ကာလိင်္ဂိတိုင်း ဒန္တပူရပြည်မှာ ကာလိင်္ဂိမင်း မင်းပြုပါတယ်။ အဲဒီ့တိုင်းပြည်မှာတော့ မိုးခေါင် ငတ်မွတ် အနာရောဂါ ထူပြောပါတယ်။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေဟာ နန်းတော်ကိုသွားပြီး ဆန္ဒပြကြပါတယ်။ မင်းကြီးအနေနဲ့ အလှူပေး၊ ရှေးအစဉ်အလာအတိုင်း ဆောင်ရွက် လုပ်ကြည့်ပေမယ့် မိုးက ရွာမလာပါဘူး။ အဲဒီ့အခါ ဣန္ဒပတ္တပြည်မှာ သာယာဝပြောတာဟာ အဉ္စနဝဏ္ဏ မင်္ဂလာဆင်တော်ကြောင့် နေမှာပဲဆိုပြီး ဓနဉ္စယ ကောရဗျမင်းကြီးထံမှာ ဆင်တော်ကို အလှူခံကြပါတယ်။ ဆင်တော် ရောက်လာပေမယ့်လည်း မိုးက မရွာပါဘူး။ ဒါနဲ့ ဓနဉ္စယ ကောရဗျမင်းကြီး စောင့်ထိန်းတဲ့ ဂရုဓမ္မသီလကြောင့်လို့ သဘောပေါက်ပြီး အဲဒီ့သီလကို ရွှေပြားထက်မှာ ရေးသားဆောင်ယူခဲ့ဖို့ စေလွှတ်လိုက်ပါတယ်။

() ဓနဉ္စယ ကောရဗျမင်းကြီး (ဘုရားလောင်း)ထံ သီလတောင်းတဲ့အခါ မင်းကြီးက သူရဲ့သီလကို သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။ တန်ဆောင်မုန်းလ ပွဲသဘင်တစ်ခုမှာ တစ်ဘက်ဆည်ကန်ရဲ့ ကန်ဘောင်ပေါ်မှာရပ်ပြီး အရပ်()မျက်နှာကို ပန်းမြားတွေ ပစ်ရစဉ် ကျန်မြား()စင်းကို ပြန်တွေ့ပေမယ့် ရေမှာကျတဲ့မြားကို ရှာမတွေ့ပါဘူးတဲ့။ ငါးစတဲ့ သတ္တ၀ါတွေရဲ့ ကိုယ်ပေါ်မှာများ ကျတာလားဆိုပြီး သံသယဖြစ်မိပါတယ်တဲ့။ ဒီအခါ တမန်တွေက မင်းကြီးမှာ သတ်လိုတဲ့ စေတနာမှ မရှိတာ။ အပြစ်မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးရဲ့ သီလကိုသာ ရေးပေးတော်မူပါလို့ တောင်းပန်ကြလို့ ရွှေပေလွှာပေါ်မှာ 'ပါဏော နဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊ ကာမေသုမိစ္ဆာစာရာ နစရိတဗ္ဗာ၊ မုသာဝါဒါ နဘဏိတဗ္ဗာ၊ မဇ္ဇံ နပါယိတဗ္ဗံ' လို့ ရေးသားပေးလိုက်ပြီး မယ်တော်ရဲ့ သီလက ပိုစင်ကြယ်ပါတယ်ဆိုပြီး မယ်တော့်ထံ ညွှန်လိုက်ပါတယ်။
() မယ်တော် (မဟာမာယာလောင်း)ထံ တောင်းတဲ့အခါ မယ်တော်ကလည်း သူ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ သားတော်မင်းကြီးက အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်နဲ့ အဖိုးတစ်ထောင်ထိုက်တဲ့ ရွှေပန်းတို့ကို မယ်တော်အတွက် ပို့ဆက်လိုက်တုန်းက မိမိမသုံးဆောင်ဘဲ ချွေးမတော်တွေကိုပေးဖို့ အကြံဖြစ်ပါတယ်တဲ့။ ချွေးမအကြီးဖြစ်တဲ့ မိဖုရားကြီးက ပြည့်စုံပါတယ်လေလို့ကြံပြီး အဖိုးတစ်ထောင်ထိုက်သော ရွှေပန်းကိုပဲ ပေးလိုက်ပါတယ်တဲ့။ ချွေးမအငယ်ဖြစ်တဲ့ အိမ်ရှေ့မိဖုရားကိုတော့ အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်ကို ပေးလိုက်ပါတယ်တဲ့။ ပေးပြီးကာမှ အစဉ်အလာအတိုင်း ကြီးမြတ်သူကို ဦးစားမပေးမိလို့၊ ရသင့်ရထိုက်တာကို မရအောင်ပြုမိလို့ မိမိသီလများ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ဆိုပါတယ်။ ဒီအခါ တမန်တွေက ကိုယ့်ပစ္စည်း ကိုယ်ကြိုက်သလို လုပ်နိုင်တာပဲ။ ဒါကိုမှ မကောင်းမှုလို့ သတ်မှတ်ရရင်တော့ တခြားဟာတွေဆို ဘယ်လိုလုပ်မလဲ။ မယ်တော်ရဲ့ သီလကို ပေးသာပေးပါ လို့ တောင်းခံမှတ်ယူကြပါတယ်။ မယ်တော်ကလည်း ချွေးမတော် မိဖုရားကြီးထံ သီလတောင်းဖို့ ထပ်ပြီးစေလွှတ်လိုက်ပြန်ပါတယ်။
() မိဖုရားကြီး (ယသော်ဓရာလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ မင်းကြီးတိုင်းခန်း လှည့်လည်လာတာကို လေသောက်ပြတင်းက ကြည့်ပါတယ်တဲ့။ မင်းကြီးနောက်ပါးက အိမ်ရှေ့မင်းကို မြင်တော့ မင်းကြီး နတ်ရွာစံရင် အိမ်ရှေ့မင်းက သူ့ကို မိဖုရားမြှောက်ရင် ကောင်းမှာပဲလို့ ကြံစည်မိပါတယ်တဲ့။ အဲဒီ့လို မိမိမှာ ကာမပိုင်ရှိပါလျက်နဲ့ တခြားယောက်ျားကို ကိလေသာရဲ့ အစွမ်းနဲ့ ကြည့်မိတဲ့အတွက် သူရဲ့သီလ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ပြောပါတယ်။ တမန်တွေကလည်း စိတ်ဖြစ်ကာမျှနဲ့တော့ သီလမပျက်နိုင်ပါဆိုပြီး မိဖုရားရဲ့ သီလကို တောင်းခံမှတ်ယူကြပါတယ်။ မိဖုရားကလည်း အိမ်ရှေ့မင်းက သီလကို ကောင်းစွာစောင့်ထိန်းပါတယ်လို့ ညွှန်လိုက်ပြန်ပါတယ်။
() အိမ်ရှေ့မင်း (အရှင်အာနန္ဒာလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိကြောင်း ဆိုပြန်ပါတယ်။ မင်းကြီးထံ ညနေချမ်းအခါ အခစားဝင်တဲ့အခါ နန်းတော်မှာပဲ ညအိပ်မယ်ဆိုရင် နှင်တံနဲ့ ကြိုးကို ရထားဦးမှာ ထားပါတယ်တဲ့။ ဒါကိုမြင်ရင် ရထားထိန်းနဲ့ အခြွေအရံတွေ ပြန်သွားကြပြီး မနက်ရောက်မှ လာကြိုကြရပါတယ်တဲ့။ နန်းတော်မှာ ညမအိပ်၊ ခဏသာကြာမယ်ဆိုရင်တော့ နှင်တံနဲ့ ကြိုးကို ရထားအတွင်းမှာပဲ ထားပါတယ်တဲ့။ ဒါဆိုရင် အခြွေအရံတွေက နန်းတော်တံခါးမှာ စောင့်နေကြရပါတယ်တဲ့။ တစ်နေ့မှာတော့ နန်းတော်မှာ ညမအိပ်၊ ပြန်လာမယ် ရည်ရွယ်ပြီး နှင်တံနဲ့ ကြိုးကို ရထားတွင်းမှာ ထားကာ နန်းတော်သို့ ဝင်ပါတယ်တဲ့။ အဲဒီ့ခဏမှာပဲ မိုးကြီးသည်းထန်စွာ ရွာပါတော့တယ်။ မင်းကြီးကလည်း မိုးရွာနေတဲ့အတွက် နန်းတော်မှာပဲ ညအိပ်ခိုင်းပါတယ်။ နောက်နေ့ မိုးလင်းတဲ့အခါ နန်းတော်တံခါးမှာ မိုးရေတွေ စိုရွှဲပြီး တစ်ညလုံး စောင့်နေကြရတဲ့ အခြွေအရံတွေကို တွေ့ရတဲ့အခါ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ ဒါ့ကြောင့် မိမိသီလအပေါ်မှာ သံသယဖြစ်မိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း တမင်ရည်ရွယ်တာမဟုတ်လို့ အပြစ်မဖြစ်နိုင်ကြောင်းပြောပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ တဖန် အိမ်ရှေ့မင်းက ပုရောဟိတ်ထံ ညွှန်လိုက်ပြန်ပါတယ်။
() ပုရောဟိတ် (အရှင်မဟာကဿပလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ အခြားမင်းတစ်ပါးက အလွန်နူးညံ့ကောင်းမွန်တဲ့ ရထားတစ်စီးကို မင်းကြီးထံ ဆက်သဖို့ ယူလာတာ လမ်းမှာတွေ့ပါတယ်တဲ့။ မိမိကလည်း အသက်ကြီးနေပြီဖြစ်တဲ့အတွက် မင်းကြီးကများ မိမိကို ပေးစွန့်လိုက်ရင် ကောင်းမှာပဲ။ ဒီလို ရထားကောင်းကောင်းလေးနဲ့ ချမ်းချမ်းသာသာ လှည့်လည်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ ကြံစည်မိပါတယ်တဲ့။ မင်းကြီးထံ ရထားကို ဆက်သကြတဲ့အခါမှာလည်း မင်းကြီးက ပုရောဟိတ်ကြီးကိုပဲ ပေးပါတယ်တဲ့။ ပုရောဟိတ်ကြီးက လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ သူများပစ္စည်းကို လောဘနဲ့ လိုချင်တောင့်တမိတဲ့အတွက် သီလပျက်စီးပြီလို့ သံသယ ရှိလို့ပါတဲ့။ ဒါကြောင့် သူ့သီလကို မပေးချင်ပါလို့ ဆိုပါတယ်။ တမန်များကလည်း လောဘဖြစ်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ ပုရောဟိတ်ကြီးကလည်း မြေတိုင်းအမတ်ထံ တဖန်ညွှန်လိုက်ပြန်ပါတယ်။

Posted by ဝတီ

1 comment:

Anonymous said...

ဒီဇာတ်လမ်းကို သိပေးမဲ့ ဘယ်သူက ဘယ်သူ့အလောင်းအလျာဆိုတာ မသိခဲ့ဘူး။ ကျေးဇူးပဲ။

Post a Comment