၃၇။ သင်ယူလေ့လာရမယ့် ဘာသာစကား အသုံးအနှုန်းတွေကို စာရင်းလုပ်ထားပါ။ ဥပမာ
Vocabulary စာရင်းလုပ်ထားပါ။ Vocabulary စာရင်းကို လေ့လာကျက်မှတ်ဖို့ အချိန်မရလို့
စာရင်းထဲမှာ Vocabulary တွေ စုပုံလာနေသည့်တိုင်အောင် ဘယ်စကားလုံးတွေကို တတ်ဖို့လိုတယ်၊
ကျက်မှတ်ရမယ့်စာရင်းထဲမှာ ထည့်ထားရမယ်ဆိုပြီး ရွေးချယ်ရတဲ့အတွက် အဲဒီစကားလုံးတွေ
တတ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၃၈။ Vocabulary စာရင်းကို တစ်နေ့ ၃-၄ ကြိမ် ပြန်ကြည့်ပေးပါ။
အလုပ်သွားတဲ့လမ်းမှာ၊ ရထားစီး၊ ကားစီးသွားစဉ်မှာ Vocabulary စာရင်းထဲက စကားလုံးတွေကို
မှတ်သားနေရတာ အဆင်မပြေဘူးဆိုရင် ဒါမှမဟုတ်ရင် ရှက်တယ်ဆိုရင် အီလက်ထရောနစ်အဘိဓာန်
(Electronic Dictionary) ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါမှမဟုတ် လက်ကိုင်ဖုန်းထဲက To
Do List (လုပ်စရာများစာရင်း) ထဲမှာ ထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း mp3
ဖွင့်စက် ( ဥပမာ iPod ) ထဲမှာ စာသားဖိုင်အနေနဲ့ ထည့်ထားလို့ရပါတယ်။ Format တစ်ခုကနေ တစ်ခုပြောင်းပြီးတော့
အဲဒီလိုအချက်အလက်တွေ စကားလုံးတွေ ထည့်နေရတဲ့အတွက် အချိန်အလဟဿဖြစ်သွားတယ်လို့
ထင်ရပေမယ့် ဒီလိုမျိုး Vocabulary တွေကို အချိန်ပေးပြီး အသုံးပြုမယ်ဆိုရင် အဲဒီ
Vocabulary ကို တတ်သွားမှာပဲ ဖြစ်ပါတယ်။
၄၀။ ဖျက်ပစ်ပါ။ သင်ယူပြီးစကားလုံးတွေ၊ ၀ါကျတွေ ဒါမှမဟုတ် စာမျက်နှာတစ်ခုလုံး
ဖျက်ပစ်လိုက်ခြင်း အားဖြင့် စိတ်ဓာတ်တက်ကြွလာနိုင်ပါတယ်။ သင်ရမယ့် စကားလုံးစာရင်း သိပ်များမလာတဲ့
အတွက် ကြောင့်လည်း ကိုင်တွယ်နိုင်မယ့်အနေအထားပဲ ဖြစ်နိုင်ပါတယ်။
ရေးသားသူ - Language
Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)
No comments:
Post a Comment