Wednesday, May 16, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၇)

At this rate (ဒီပုံအတိုင်းဆိုရင်)
You say at this rate to suggest what is going to happen if things continue to develop or progress in the same way as at present:
ဒီပုံအတိုင်းဆိုရင် at this rate ကို ကိစ္စတစ်စုံတစ်ခုသည် လက်ရှိနှုန်းအတိုင်းသာ ဆက်လက် ဖြစ်ပေါ် (သို့) တိုးတက်နေပါက မည်သို့ဖြစ်လာနိုင်သည်ကို အကြံပြုပြောဆိုလိုသည့်အခါတွင် အသုံးပြုပါသည်။
  1. The traffic is very bad. At this rate we won't get there before dark.
      ကားလမ်းပိတ်တာ တော်တော်ဆိုးနေတယ်။ ဒီပုံအတိုင်းဆိုရင် ငါတို့ အဲ့ဒီကို မမှောင်ခင်မရောက်နိုင်ဘူး။
  2. The builders have made very little progress this week. At this rate the house will certainly not be finished before Christmas.
      အိမ်ဆောက်တဲ့သူတွေက ဒီတစ်ပါတ်မှာ နည်းနည်းပဲပြီးတယ်။ ဒီပုံအတိုင်းဆိုရင် အိမ်က ခရစ်စမတ် မတိုင်ခင် လုံးဝ မပြီးနိုင်ဘူး။
With all due respect (အားတော့နာပါတယ်။)
You use with all due respect in a formal context when you disagree with what somebody has just said:
အားတော့နာပါတယ် with all due respect ကို တစ်စုံတစ်ယောက်ပြောဆိုလိုက်သည့်စကားကို သဘောမတူကြောင်း ကိုယဉ်ကျေးစွာပြောဆိုရာတွင် အသုံးပြုသည်။
  1. With all due respect, I think that your statement is not quite accurate.
      အားတော့နာပါတယ် ခင်ဗျားပြောတဲ့အကြောင်းက သိပ်တော့ မတိကျဘူးဗျ
  2. With all due respect, I feel that you are not telling the whole truth.
      အားတော့နာပါတယ်။ ကျနော်ကတော့ ခင်ဗျားအဖြစ်မှန်အကုန်လုံးကို မပြောသွားဘူးလို့ ခံစားရတယ်။
Then (ဒီလိုဆိုရင်)
You say then when you wish to show that what you are saying is related in some way to something that has been said before:
Then (ဒီလိုဆိုရင်)ကို သင်ပြောနေသော အကြောင်းအရာသည် ယခင် သင်ပြောခဲ့တဲ့ အကြောင်းအရာနှင့် တစ်နည်းနည်း ဆက်စပ်လျက်ရှိကြောင်းကို ဖော်ပြလိုသောအခါ အသုံးပြုပါသည်။
  1. You say that you do not want the job. Why did you apply for it then?
      အဲဒီအလုပ်ကို မလိုချင်ဘူးလို့ မင်းပြောတယ်။ အဒီလိုဆိုရင် ဘာ့ကြောင့် လျှောက်သလဲ။
  2. There's no public transport to the area and we don't have a car. How are we going to get there then?
      အဲဒီရပ်ကွက်ကို အများသုံးသယ်ယူပို့ဆောင်ရေးလည်း မရှိဘူး၊ ပြီးတော့ ငါတို့မှာ ကားလည်း မရှိဘူး။ ဒီလိုဆိုရင် အဲဒီနေရာကို ငါတို့ ဘယ်လိုသွားမှာလဲ။
Watch out! (သတိထား)
You say watch out! to warn people of possible danger or difficulty:
What out! သတိထား ကို လူတွေကို ဖြစ်လာနိုင်တဲ့ အန္တရာယ် (သို့) အခက်အခဲနှင့် ပတ်သက်၍ သတိပေးလိုသောအခါ အသုံးပြုသည်။
  1. Watch out! The floor is wet and you might slip.
      သတိထား။ ကြမ်းခင်းက ရေစိုနေတယ်။ ခင်ဗျား ချော်လဲလိမ့်မယ်။
  2. Watch out! He's got a gun!
      သတိထား။ သူ့မှာ သေနတ်ပါတယ်။
You bet! (သေချာတာပေါ့)
You say you bet! to show that you definitely intend to do what has just been said:
You bet (သေချာတာပေါ့)ကို အခုလေးတင်ပြောလိုက်သော အကြောင်းအရာတစ်ခုကို အသေအချာပြုလုပ်ရန် ရည်ရွယ်ကြောင်းကို ဖော်ပြရာတွင် အသုံးပြုပါသည်။
  1. 'Enjoy tonight's party!'
      ဒီည ပါတီမှာ ပျော်ခဲ့နော်။
      'You bet I will!'
      ပျော်မှာ သေချာတာပေါ့။
  2. Will you be at the football match on Saturday?'
      စနေနေ့ ဘောလုံးပွဲကို လာမှာလား။
      You bet!
      သေချာတာပေါ့။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment