Sunday, May 01, 2011

ဆ၇ာကြီး ဦးသာနိုးရဲ့ဆောင်းပါး(၃)

Articles

အင်္ဂလိပ်စကားမှာ နာမ်တွေကို သူ့ချည်း သုံးလို့မရဘူး။ ရှေ့က a, an, the, this, that, my, his စတဲ့ စကားလုံးတွေနဲ့ တွဲပြီး သုံးရတယ်။ Determiners လို့ ခေါ်တယ်။ ဒီအထဲမှာ this, that, my, his စတာတွေက အခက်အခဲ မရှိနိုင်ပါဘူး။ အဓိပ္ပါယ်ကို မှတ်ထားလိုက်ရင် ပြီးတာပါပဲ။ a, an, the တို့ကတော့ ကျကျနန လေ့လာမှတ်သားဖို့ လိုပါတယ်။ သူတို့ကို article လို့ ခေါ်ပါတယ်.။ a, an ရယ်၊ ဘာမှမပါပဲ ထားတာရယ်ကို Indefinite Article လို့ ခေါ်တယ်။ ဘာမှမပါဘဲ ထားတာကို အပြောရလွယ်အောင် ( သုည ) လို့ သုံးလိုက်မယ်။ a ကို ဗျည်းသံနဲ့စတဲ့ နာမ်များနဲ့ သုံးပါတယ်။ a boy, a car, a man, a woman စသဖြင့်..။ ဗျည်းသံလို့ ပြောတာကို သတိပြုပါလေ။ေ၇းတာကို ပြောတာမဟုတ်ပါဘူး။ ဒါကြောင့် a university လို့ သုံးပါတယ်။ u သရနဲ့ေ၇းထားပေမယ့် သရသံမထွက်ဘူး။ ဗျည်းသံထွက်နေလို့ပါ။ an ကို သ၇သံနဲ့ စတဲ့ နာမ်များနဲ့ သုံးပါတယ်။ an orange, an elephant, an umbrella စသဖြင့်..။ သရသံလို့ ပြောတာ ၊ သရနဲ့ ရေးတာကို ပြောတာမဟုတ်ဘူး။ ဒါကြောင့် hour မှာ ဗျည်း h နဲ့ေ၇းထားပေမယ့် သရသံထွက်တဲ့ အတွက်ကြောင့် an hour လို့ သုံးပါတယ်။ေ၇တွက်လို့မရတဲ့နာမ်များ ( Uncountable noun ) ၊ ရေတွက်လို့ရတဲ့နာမ် ဗဟုဝုစ် ( Plural ) များရဲ့ရှေ့မှာ ဘာ Article မှ မသုံးပဲေ၇းလို့ရပါတယ်။ water, oil, rice, wheat, bread, books, dogs, girls, people စသည်ဖြင့်...။ a, an, (0) ဆိုတဲ့ Indefinite Article သုံးလုံးကို ဘယ်သူဘယ်ဝါ ၊ ဘယ်ဝတ္ထုပစ္စည်းကို ပြောတာရယ်လို့ စိတ်ထဲမှာ ရည်စူးမထားတဲ့အခါမှာ သုံးပါတယ်.။ အင်္ဂလိပ်လို any, every ဆိုတဲ့ စကားလုံးများရဲ့ အဓိပ္ပါယ်ပါပဲ။ မြန်မာလို ( ဆိုတာ ) ( ဟူသည် ) ( တိုင်း ) တို့နဲ့ ညီမျှပါတယ်။ ဒါပေမယ့် မြန်မာလို ပြန်ရင် ဒီစကားလုံးတွေမပါဘဲလည်း ပြန်နိုင်ပါတယ်။ ဥပမာ.........

A dog is an animal. ( Any / Every dog is an animal. )
ခွေးဟာ တိရစ္ဆာန်ပဲ။ ( ခွေးဆိုတာ ၊ ခွေးတိုင်း တိရစ္ဆာန်ပဲ
A car has four wheels. ( Any car ......... )
ကားမှာ ဘီးလေးဘီးရှိတယ်။ ( ကားဆိုတာ ၊ ကားတိုင်း ..... )
Milk is good for children.
နို့ဟာ ကလေးများနဲ့ သင့်လျော်တယ်။
Wood floats on water.
သစ်သားဟာေ၇ပေါ် ပေါ်တယ်။
Dogs are animals.
ခွေးများဟာ တိရစ္ဆာန်ပဲ ။ ( ခွေးအားလုံး ..... )
Cars have wheels.
ကားများမှာ ဘီးများရှိတယ်။ ( ကား အားလုံး ...)
the ဆိုတဲ့ Definite article ကိုတော့... စိတ်ထဲမှာ ဘယ်သူဘယ်ဝါ ဘယ်ဝတ္ထုပစ္စည်းကို ပြောတာရယ်လို့ ရည်စူးထားတဲ့အခါ သုံးတာပါပဲ။ ရေတွက်ရရော မရတာရော ၊ ဧက၀ုစ်၊
ဗဟုစုစ် အားလုံးနဲ့ သုံးရပါတယ်။ ဥပမာ…
The dog is ours.
ခွေးက ကျွန်တော်တို့ရဲ့ ခွေးပဲ။ ( ခွေးတစ်ကောင်ကို ရည်စူးပြီး ပြောတာ ၊ ခွေးတိုင်းကို ပြောတာမဟုတ်တော့ဘူး။ )
The car is ready.
ကားအဆင်သင့် ဖြစ်ပါပြီ။
The milk looks dirty.
နို့က ညစ်ပတ်သလိုပဲ။
The wood is not hard enough.
သစ်သားက မမာလှဘူး။
The dogs look hungry.
ခွေးတွေ ဆာနေကြပုံပဲ။
The cars have left.
ကားတွေ ထွက်သွားကြပြီ ။

အားလုံးကို ပြောတာမဟုတ်ပဲ တစ်ခုခု၊ တစ်ယောက်ယောက်ကို ပြောချင်တဲ့ အခါများမှာလည်း ရေတွက်ရတဲ့ နာမ်များနဲ့ a, an ကို သုံးသေးတယ်။ ရေတွက်မရတဲ့နာမ်များနဲ့တော့ some ကို သုံးပါတယ်။ အချို့ ၊ အနည်းငယ် ဆိုတဲ့ သဘောပေါ့။ မြန်မာလိုမှာတော့ ထည့်ပြောလည်းရတယ်၊ မပြောလည်း ရတယ်။
I want a pencil.
ကျွန်တော် ခဲတံတစ်ချောင်း လိုချင်တယ်။
I see an elephant there.
ဟိုမှာ ဆင်တစ်ကောင် မြင်တယ်။
I want some coffee.
ကော်ဖီ ( နည်းနည်း ) လိုချင်တယ်။ ( သောက်ချင်တယ် )
This is a book.
ဒါ စာအုပ်တစ်အုပ်။
This is an orange.
ဒါ လိမ္မော်သီးတစ်လုံး။
I am a teacher.
ကျွန်တော် ကျောင်းဆ၇ာတစ်ယောက်ပါ။
She is a doctor.
သူမက ဆ၇ာဝန်တစ်ယောက်လေ.....။

မှတ်ချက်.။ ..............။ တစ်ခုတည်း တစ်ဦးတည်း ရှိနိုင်တာမျိုးကတော့ a, an မသုံးပဲ the ကို သုံးရပေလိမ့်မယ်။
This is the ceiling.
ဒါ မျက်နှာကျက်။
This is the floor.
ဒါ ကြမ်းပြင်။
( ဒါမျိုးကို This is a ceiling, This is a floor စသည်ဖြင့်ဆိုလျှင် လုံးဝ အဓိပ္ပါယ်မရှိဘူး။ )
He is the headmaster.
သူက ကျောင်းအုပ်ကြီး ။
( ဒါ ကျောင်းတစ်ကျောင်းအတွင်းမှာ ပြောတာဖြစ်တယ်.။ ကျောင်းအပြင်မှာတော့ He is a headmaster. သုံးနိုင်ပြီ ။ ကျောင်းအုပ်ကြီးတွေက အများကြီးကိုး။ )
There is / are ....... အသုံးအနှုန်းနောက်က Indefinite Article သုံးမြဲဖြစ်ပါတယ်။
There is a dog.
There are some dogs.
တစ်ခါတစ်လေတော့ the သုံးတာ တွေ့ရရဲ့.။ အထက်က ပြောခဲ့သလို တစ်ခုတည်း ၊ တစ်ဦးတည်းရှိတာ ဖြစ်ရင်၊ စိတ်ထဲ ရှည်စူးပြီးသား ရှိရင်ပေါ့လေ။
There is the manger.
မန်နေဂျာကြီးလေ..။
There is the dog.
( ခင်ဗျား ရှာနေတဲ့ ) ခွေးပေါ့။

တစ်နေရာမှာ တစ်စုံတစ်ခုရှိတာကို ပြောချင်ရင် There is / are ပုံစံကို သုံးမြဲ ဖြစ်ပါတယ်။ A book is on a table. ဆိုတာမျိုးဟာ တော်တော်ခွကျတဲ့ အင်္ဂလိပ်စကားပါပဲ။ Article အသုံးကို နားမလည်ပဲ စီဖွဲ့ထားပုံ ပေါ်နေပါတယ်။ စာအုပ်တိုင်းဟာ စားပွဲတိုင်းပေါ်မှာ ရှိပါ့မလား။ စာအုပ်တစ်အုပ်ကို ပြညွှန်ချင်ရင်လည်း စားပွဲကိုတော့ သိပြီး ဖြစ်ရပေလိမ့်မယ်။ သည်တော့ the table လို့ ရှိသင့်ပါတယ်။ A book is on the table. ဒါလည်း သိပ်ပြီး မကောင်းသေးပါဘူး။ စာဖြစ်အောင် ဖြစ်ညှစ်ရေးထားပုံပါပဲ။ အင်္ဂလိပ်လူမျိုးတွေ ပြောရိုးပြောစဉ်စကားနဲ့ မတူပါဘူး။ There is a book on the table. ဆိုတာမှ အင်္ဂလိပ်တွေ ပြောရိုးပြောစဉ် ဖြစ်ပါတယ်။ တစ်ဦးတည်း၊ တစ်ခုတည်း ရှိတာတွေနဲ့ the သုံးရကြောင်း၊ အထက်နားမှာ ဆိုခဲ့ပြီးပါပြီ.။ ( the ceiling, the floor, the headmaster ) ။ အတန်းထဲမှာ စာတော်ဆုံး ကျောင်းသား၊ ရွာမှာ အလှဆုံး မိန်းကလေး၊ တိုင်းပြည်မှာ အကြီးဆုံး စေတီတို့ဟာ တစ်ယောက်အပြင်၊ တစ်ဆူအပြင်၊ နှစ်ယောက် နှစ်ဆုမရှိနိုင်ပါဘူး..။ ဒီတော့ the နဲ့ သုံးရပါတယ်။
Mg Pu is the best pupil in our class.
မောင်ပုဟာ ကျွန်တော်တို့အတန်းထဲမှာ အတော်ဆုံးကျောင်းသားဖြစ်ပါတယ်။
Ma Ni is the most beautiful girl in my village.
မနီက ကျုပ်ရဲ့၇ွာမှာ အလှဆုံး မိန်းကလေးပါပဲ။
The Shwedagon is the greatest pagoda in our country.
ရွှေတိဂုံက ကျွန်တော်တို့ တိုင်းပြည်မှာ အကြီးမားဆုံးစေတီ ဖြစ်ပါတယ်။
အလားတူပဲ နေ၊ လ၊ ကောင်းကင်၊ ကမ္ဘာတို့ဟာ လောကကြီးမှာ တစ်ခုအပြင် နှစ်ခုမရှိလေတော့ the သုံးရပါတယ်။
The sun rises in the east.
နေဟာ အေ၇ှ့က ထွက်တယ်။
The moon is shining.
လ သာနေတယ်။
The sky is blue.
ကောင်းးကင်ဟာ ပြာနေတယ်.။
The world is a beautiful place.
ကမ္ဘာဟာ လှပတဲ့နေ၇ာပါ။

ကိုယ့်ရဲ့ နိစ္စဓူဝ သွားလာတွေ့ကြုံနေရတဲ့ နေ၇ာများကိုတော့ ဘာ Article မှ မပါပဲသုံးရတယ်။ ဥပမာ.... ကျောင်းသားအဖို့ ကျောင်းဆိုတာ နေ့စဉ် သွားလာနေတဲ့ နေ၇ာပေါ့။ ဒါကြောင့် ကျောင်းသားတစ်ဦးက သူကျောင်းသွားတာကို ပြောချင်ရင် . I go to school. လို့ ပြောရတယ်.။ ကျောင်းမှာ ၇ှိတာကိုလည်း He is at school. ပဲ။ ကျောင်းသားမဟုတ်တဲ့ သူများကျတော့လည်း a school, the school စသဖြင့် သင့်တော်သလို Article သုံးပြီး ပြောရတယ်။ အလားတူ...
market - ဈေး ( ဈေးဝယ်တဲ့ အိမ်ရှင်မများအဖို့ )
home - နေအိမ် ( အိမ်မှာ နေထိုင်သူများအဖို့ )
bed - အိပ်ရာ ( အိပ်နေကျသူအဖို့ )
church - ဘုရားရှိခိုးကျောင်း ( ခရစ်ယာန်များအဖို့ )
hospital - ဆေးရုံ ( လူနာများအဖို့ ၊ ဆ၇ာဝန်များအဖို့ )
town - မြို့ ( မှန်မှန်ကူးလူးနေတဲ့သူများအဖို့ )
prison - အကျဉ်းထောင် ( အကျဉ်းကျနေသူများအဖို့ )
sea - ပင်လယ် ( ဘင်္ဘောသားများအဖို့ )
Article မပါပဲ သုံးရပြီး အခြားသူများအဖို့ဆိုရင်တော့ a, the သင့်တော်သလို သုံးရမယ်..။ ဥပမာ...
Mother goes to market every morning.
အမေ မနက်တိုင်း ဈေးသွားတယ်။
A market is a place where people buy and sell things.
ဈေးဆိုတာ လူများေ၇ာင်းကြ ၀ယ်ကြ၇ာ နေ၇ာပါပဲ....။
The market is not far from here.
ဈေးက ဒီကနေ မဝေးပါဘူး။
အမည်နာမေ၇ှ့မှာ the မထည့်ရဘူး။ ဒါပေမယ့် အောက်ပါ အမည်များကိုတော့ the နဲ့ တွဲ့ပြီး သုံးရပါတယ်။ မှတ်ထား၇မယ်။ နာမ၀ိသေသနပါတဲ့ တိုင်းပြည်အမည် (the United States, the United Kingdom)
မြစ်အမည် .................................. (the Nile - နိုင်းလ်ဖြစ် )
ပင်လည်အမည် ........................... (the Mediterranean - မြေထဲပင်လယ် )
သမုဒ္ဒ၇ာအမည် ........................... (the Atlantic - အတ္တလန်တိတ်သမုဒ္ဒ၇ာ )
တောင်တန်းအမည် ...................... (the Himalayas - ဟိမ၀န္တာတောင်တန်း )
သဲကန္တာရအမည် .......................... (the Sahara - ဆဟာရ သဲကန္တာရ )
ကျွန်းစုအမည် .............................. (the British Isles - )
သင်္ဘောအမည် ............................. (the Titanic - တိုက်တဲနစ် သင်္ဘော )

တိ၇စ္ဆာန်မျိုးစုံတစ်ခုလုံးကို တစ်ကောင်တည်းက ကိုယ်စားပြုလေဟန် ပြောလိုရင် the ကို သုံးရတယ်။
The lion is the king of the forest.
ခြင်္သေ့ဟာ တောသုံးထောင်ရဲ့ ဘုရင်ဖြစ်တယ်။
( ဒါပေမယ့် A lion eats meat. ခြင်္သေ့ဟာ အသားစားတယ်။ )

Man
လူတစ်မျိုးလုံးကို ကိုယ်စားပြုပြီး ပြော၇င်တော့ Article မပါပဲ သုံးရတယ်။
Man is a political animal.
လူဟာ နိုင်ငံေ၇း တိရစ္ဆာန်ဖြစ်တယ်။
breakfast, lunch, dinner စတဲ့ မှန်မှန်စားတဲ့ အစာ၊ football, basketball, chess စတဲ့ အားကစား၊ history, physics စတဲ့ ဘာသာရပ်များကိုလည်း နောက်က ညွှန်းပြတဲ့ စကားမပါရင် Article မသုံးရဘူး။
We have breakfast at seven.
The breakfast she gave was good.

Posted by ကိုတူး(မိတ္ထီလာ GTI) 

No comments:

Post a Comment