Sunday, April 24, 2011

အထီးကျန်ခြင်း – Loneliness

            အထီးကျန်ခြင်းဆိုတာတကယ်တော့အရာများစွာကိုစွန့်လွှတ်ဆုံးရှုံးလိုက်ရခြင်းပါပဲ။ကိုယ့်ကို ရစ် တွယ်နေ တဲ့ ပတ် ၀န်းကျင်၊ မိသားစု၊ သူငယ်ချင်း တွေနဲ့ချစ်ခင်နှစ်သက် သူတွေ၊ ကိုယ်မြတ်နိုး တဲ့ အရာ တွေကနေအဝေးကို ရောက်သွားတဲ့အခါ၊ ဒါမှမဟုတ် ဒါတွေကို ဆုံးရှုံးသွားရတဲ့အခါ အဲဒီ အ ထီး ကျန် ခြင်း ဆိုတဲ့ အ ရာဟာ ရင်ထဲကို ပြင်းပြင်းပြပြ ၀င်ရောက်လာပါတယ်။

       
အဲဒီစိတ် ၀င်ရောက်လာတဲ့ အခါ လူ သား တစ်ယောက်ဟာ အများကြီး ပြောင်းလဲသွားပါတယ်။ ပတ်ဝန်းကျင်ကို ကြောက်ရွံ့လာတယ်။ မိမိ ကိုယ် ကိုမုန်းတီးလာတယ်။ အရာရာကိုအဆိုးမြင်လာတယ်။ သံသယစိတ်နဲ့ကြည့်တတ်လာတယ်။ အယုံ အ ကြည် နည်း ပါး လာ တယ်။ မိမိ စိတ်ထင်ရာ ကို လုပ် တတ် လာတယ်။ အလေးအနက်ထားမှုယိုယွင်းလာတယ်။နာကျင် တယ်။ အ ချိန်တော် တော်များများ မှာကိုယ့်ရဲ့  သိစိတ်ရောမသိစိတ်ကပါအဲဒါရဲ့စိုးမိုးမှုကိုခံလာ ရပါတယ်။


      
ဘယ်အရာတွေကအထီးကျန်ခြင်းကိုဖန်တီးသလဲဆိုတာစဉ်းစားကြည့်တဲ့အခါမှာပထမဆုံးကမတူညီ တဲ့ အတွေးအမြင်များဖြစ်ပါတယ်။ ဒုတိယကလူတွေရဲ့ပစ်ပယ်ခြင်းဖြစ်ပါတယ်။ တတိယကလူတွေကိုပစ်ပယ်ခြင်း ဖြစ်ပါတယ်။ စတုတ္တက မိမိကိုယ်ကို ခွင့်မလွှတ်ခြင်းဖြစ်ပါတယ်။ ပဉ္စမကသူတပါးကို ခွင့်မလွှတ် နိုင် ခြင်း ဖြစ်ပါတယ်။ ဆဋ္ဌမကစိတ်ဖိစီးမှု၊ စိတ်အားငယ်မှုနဲ့ ဘ၀င်မြင့်မှုဖြစ်ပါတယ်။ သတ္တမကအတ္တ ဖြစ် ပါ တယ်။ နောက်ဆုံးတစ်ချက်ကတော့ ချစ်မြတ်နိုးသူတွေနဲ့ ကွေကွင်းခြင်း ဖြစ်ပါတယ်။
        အထီးကျန်ခြင်းဟာသိပ်ကိုလွမ်းဆွတ်ကြေကွဲစရာကောင်းပါတယ်။ဘယ်သူနဲ့မှ စကားမပြောချင်၊ ဘယ်သူကမှလည်း ကိုယ့်ကို နားလည်မပေးနိုင်၊ ဘယ်သူကမှ ကိုယ့်ခံစားချက်ကို မသိကြ ။ အဲလိုနဲ့ တ မြေ့မြေ့ခံစားရင်း ထိုသူဟာ လူတွေနဲ့ ပိုပြီးပိုပြီး ဝေးသွားပါတယ်။ အထီးကျန်သူများဟာ သူတို့ ခံစား ချက် ကို လွယ်လွယ်နဲ့ ပြောမပြတတ်ပါဘူး။ သူတို့ တစ်ဦးချင်းစီမှာ နာကျင်ကြေကွဲစရာတွေ၊ ပြောပြလို့ မရ တဲ့ အ ကြောင်းတွေ၊နောင်တတွေ၊ခါးသီးမှုတွေနဲ့ပြည့်နှက်နေတတ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အ ထီး ကျန်ဖြစ်နေသူတွေကိုတွေ့တဲ့အခါဒီအတိုင်းပစ်မထားလိုက်ဘဲနွေးနွေးထွေးထွေးကူညီဖေးမအ ကြံ ပေး ကြ မယ်ဆိုရင်ကျွန်တော်တို့လောကကြီးမှာနာကျင်ခံစားခါးသီးတဲ့အမုန်းတရားတွေအများကြီး လျော့ ပါး သွား မှာ ဖြစ်ပါတယ်ခင်ဗျား။
Posted By ၀တီ

1 comment:

myo min said...

a htee kyan chin har a ma ka away ko htute tawe loe phit par tal.
john

Post a Comment