ဘိုးရာဇာသည်အင်းဝခေတ်၌ပေါ်ထွန်းသောထင်ရှားသည့်အမတ်ပညာရှိကြီုးဖြစ်သည်။မိတ္တီလာနယ်ဝန်ဇင်းရွာဇာတိဖြစ်၍သာမန်အရပ်သားမိဘနှစ်ပါးမှဖွားမြင်သည်။ငယ်စဉ်ကပင်စာပေကိုလေ့လာလိုက်စား၍ပညာဗဟုသုတကိုရှာမှီးသည်။အရွယ်ရောက်သော်ဝန်ဇင်းရွာသူကြီးသမီးနှင့်ချစ်ကြိုက်သည်။သူကြီးကဤသူငယ်သည်ပညာဗဟုသုတကိုသာလိုက်စားသည်။ကြိုးကြိုးပမ်းပမ်းဆင်းရဲခံ၍လုပ်ကိုင်စားမည့်သူမဟုတ်ဟုယူုဆကာမနှစ်သက်ချေ။သို့ရာတွင်သမီးနှစ်သက်သူဖြစ်သဖြင့်လက်ထပ်ခွင့်ပြုသည်။လယ်နှင့်နွားတရှဉ်းပေး ၍လွတ်ရာတွင်နေစေသည်။
ဇနီးမောင်နှံနှစ်ဦးသည်လယ်ယာလုပ်ကိုင်၍အသက်မွေးဝမ်းကျောင်းပြုသည်။ဘိုးရာဇာလောင်းသည်တဖက်ကလယ်ယာကိုကြိုးပမ်းလုပ်ကိုင်ရင်းတဖက်ကပညာဗဟုသုတကိုကြိုးပမ်းရှာမှီးသည်။မြန်မာသက္ကရာဇ် ၇၃၀ပြည့်နှစ်တွင်မိတ္ထီလာကန်ကျိုးပေါက်သဖြင့်အင်းဝဘုရင်မင်းကြီးစွာစော်ကဲသည်မှူး မတ်ဗိုလ်ပါတို့ကို ဦးဆောင်၍ကိုယ်တိုင်လာရောက်ဆည်ဖို့ပြုပြင်သည်။ဤတွင်ကန်ပေါင်ရိုးပေါ်၌မိန်းမရုပ်နှင့်နတ်ကွန်းတခုကိုတွေ့ရှိ၍အကျိုးအကြောင်းကိုမေးမြန်းသည်။မည်သူတဦးတယောက်မျှတိကျ မှန်ကန်စွာမလျှောက်တင်နိုင်ပေ။ ထိုတင်လျှောက်ချက်အရကန်ပေါင်ရိုးကိုဖျက်၍တူးဖော်ကြည့်ရာ လျှောက်ထားသည့်အတိုင်းရွှေရုပ်ကိုတွေ့ရှိရသည်။မင်းကြီးစွာစော်ကဲသည်ဘိုးရာဇာလောင်းသူကြီးသမက်၏ပညာဗဟုသုတကို၎င်း၊အပြော၏အဆိုအမူအရာရုပ်ရည်ကို၎င်း၊နှစ်သက်သဖြင့်အင်းဝသို့ခေါ်၍အပါးတော်၌ အမြဲ ခစား စေသည်။
ဘိုးရာဇာလောင်းလည်းဇနီးသည်ကိုလက်ဆွဲခေါ်ကာဘုရင့်နောက်သို့လိုက်ပါခစားသည်။သို့ဖြင့်ဘုရင့်အတိုင်ပင်ခံအမတ်ပညာရှိကြီးဖြစ်လာသည်။တိုင်းရေးပြည်ရေးကိစ္စမှအစဘုရင့်ဆွေတော်မျိုးတော်များကိစ္စအထိဘုရင်တိုင်ပင်သောကိစ္စအ၀၀ကိုဘိုးရာဇာသည်ပြေလည်အောင်အကြံဉာဏ်ပေးခဲ့သည်။လမ်းညွှန်မှုပြုခဲ့ သည်။ ဖြေရှင်းပေးခဲ့သည်။
ဘုရင်ကနှစ်သက်သဖြင့်မင်းရာဇာ၊စည်းတပြစ်ဟူသောဘွဲ့အမည်များပေးခဲ့သည်။ အသက် အ ရွယ်ကြီးလာသောအခါဘုရင်နှင့်မှူးမတ်ပြည်သူတို့ကမင်းရာဇာမှအဘိုးရာဇာ၊ဘိုးရာဇာစသည်ဖြင့်လေးစားရိုသေစွာ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ဘိုးရာဇာသည်မင်းကြီးစွာစော်ကဲလက်ထက်တွင်သာမကသားတော်များဖြစ်သောဆင်ဖြူရှင်တရဖျားနှင့်မင်းခေါင်တို့လက်ထက်အထိမင်းသုံးဆက်တိုင်နှစ်ပေါင်း၅၃-နှစ်မျှကြာအောင်အမတ်ပညာရှိအဖြစ်ထမ်းရွက်ကာတိုင်းကျိုးပြည်ကျိုး ဆောင်ခဲ့သည်။ ထို့နောက် ဘုရင်မင်းခေါင် လွန်သည့် မြန်မာသက္ကရာဇ် ၇၈၃-ခုနှစ်တွင်ပင် ကွယ်လွန်ခဲ့သည်။ (ဘိုရာဇာ၏ ဖွားသက္ကရာဇ်ကိုမူ အတိအကျ မသိရပေ)။
ဘိုးရာဇာသည်ဉာဏ်ပညာအမြော်အမြင်ကြီးမားသည်သာမကကြံ့ခိုင်သောစိတ်ဓာတ်၊တည်ကြည် သောသမာဓိနှင့်လည်း ပြည့်စုံသည်။ ဘိုးရာဇာက နှလုံးလှနှင့် လက်ရုံးလှတွင် နှလုံးလှကိုကြိုက်၏၊ အကြင်သူသည် မတော်မမှန် အကျင့်မကောင်းဘဲ အသက်အရာအထောင်နေရ သော်လည်းတော်မှန် သော အကျင့်ကောင်းနှင့် ပြည့်စုံသူအဖြစ်တနေ့မျှ နေရခြင်းကို မမှီဟူ၍ ဘုရားရှင်ဟောတော်မူသည်။ သတ္တ၀ါတို့၏ကိုယ်ခန္ဓာမှီ၍ဖြစ်သော၏ကျေးဇူးစကားကောင်းတို့သည်ကားသားတော်အစဉ်၊မြေးတော်အဆက်၊ မြစ်တော် အညွန့်တိုင်အောင် ပြောပရာဖြစ်သည်။ ကမ္ဘာကြေသော်လည်းဥဒါန်း မော်ကွန်း စ ကား မကြေရာဟူ၍ နှလုံးထားသင့်သည် အစရှိသဖြင့် ဆုံးမတတ်ပေသည်။
Posted By မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး
Posted By မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး
No comments:
Post a Comment