အခုမြန်မာပြည်မိုးတွင်းဝင်လာပြီး
ခရီးသွားရာသီအခေါ် low season အတွက် Jet Star Asia ကနေ ချလိုက်တော့ ဈေးကိုတော့ ပြိုင်ဖက်လေကြောင်း
လိုင်းတွေဖြစ်တဲ့ MAI နဲ့ Silkair တို့ ဘယ်လိုမှလိုက်မချနိုင်လောက်တော့ဖူးလို့ ထင်တာပါပဲ။
JetStar က လွန်ခဲ့တဲ့ ၂ ရက်မှာ Take a Friend FREE promotion နဲ့ ဈေးချတဲ့အခါ ရန်ကုန်ကပဲ
စင်္ကာပူလာလာ၊ စင်္ကာပူကနေ ရန်ကုန်ပဲသွားသွား၊ အနိုမ့်ဆုံးဈေး (၂)ယောက်ကို S$344 နဲ့ဝယ်လို့ရပါတယ်။
တစ်ယောက်ကို အသွားအပြန် အပြီးအစီး ကီလို ၂၀၊ လက်ဆွဲ ၁၀ သယ်ခွင့်အပါ S$172 ပဲကျတော့တဲ့အတွက်
အလွန်သက်သာတယ်လို့ ပြောရမှာပါပဲ။ (၂) ယောက်အတွက် S$344 လျော့လှပြီအောက်မေ့လို့ ဝယ်လိုက်ကြပြီးတဲ့
အခါမှာတော့ JetStar က
Travel Asia Sales Promotion ကို Launch လုပ်လိုက်တဲ့အခါ ခရီးသည် ဘယ်နှစ်ဦးပဲသွားသွား
ရန်ကုန် - စင်္ကာပူ၊ စင်္ကာပူ - ရန်ကုန်လက်မှတ်ကို အနိုမ့်ဆုံးဈေး တစ်ယောက်ကို S$158 နဲ့
ထပ်ပြီးဈေးချလိုက်ပါတယ်။ အခုမြန်မာငွေပေါက်ဈေးနဲ့ဆို ၁ သိန်းစွန်းစွန်းလေးပဲ ကျလို့
ရန်ကုန် - မန္တလေးလေပျံလက်မှတ်တွေ၊ ရန်ကုန် - ဘန်ကောက်လေပျံလက်မှတ်တွေထက်တောင် သက်သာသွားပါတယ်။
သို့သော် promotion လက်မှတ်ဖြစ်သည်နှင့်အမျှ weekend တွေမပါပဲ weekday တွေထဲမှာပဲ ရမှာပါ။
သူငယ်ချင်း ညီအကို၊ မောင်နှမများ ရန်ကုန်ကို သက်သက်သာသာလေးနဲ့ ပြန်ချင်တယ်ဆိုရင် သိရအောင်
မျှဝေပေးလိုက်ပါတယ်။
ခရီးသွားရမယ့် ရက်ကတော့ သြဂုတ်လ (၈) ရက်နေ့နဲ့ နိုဝင်ဘာလ (၇) ရက်ကြားဖြစ်ရမှာဖြစ်ပြီး Promotion ပြီးတဲ့ရက်ကတော့ မေလ ၁၄ ရက်နေ မနက် ၁၀ နာရီပါတဲ့။ တစ်ခုလေး သတိထားရမှာက Online ပေါ်မှာ ထိုင်ခုံရွေးမလား မေးရင် မရွေးပို့နဲ့၊ တကယ်လို့များ credit/debit (Master/Visa/Diners) ကဒ်များနဲ့ပေးမယ်ဆိုရင် ခရီးသည်တစ်ဦးကို S$18 ထပ်ပေးရမှာပါ။ မပေးချင်ဘူးဆိုရင်တော့ Singpost ကပေးနိုင်မယ့် Function ကိုရွေးပြီး SAM Machine ကနေသွားပေးရင် ဝန်ဆောင်ခ ထပ်ပေးစရာမလိုပါဘူး။

Source : Myanmar in Singapore
Posted by အိမ်လွမ်းသူ
1 comment:
အိမ်ပြန်ချင်စိတ်တောင် ပေါက်လာတယ်။
Post a Comment