Monday, May 28, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၈)

Just a minute (ခဏလေးစောင့်ပါ)
You say just a minute when you want someone to wait for a very short time:
ခဏလေးစောင့်ပါ  just a minute ကို တစ်စုံတစ်ယောက်အား အချိန်အနည်းငယ် စောင့်စေလိုသောအခါ အသုံးပြုပါသည်။
  1. 'Can you give me Pat's phone number?'
      Pat ရဲ့ ဖုန်းနံပါတ်ပေးနိုင်မလား။
      'Just a minute and I'll look it up in my address book.'
      ခဏလေးစောင့်ပါ။ လိပ်စာစာအုပ်ထဲမှာ ရှာပေးမယ်။
  2. 'Do you know where Ken's new house is?' 'Just a minute and ask my son. He's a friend of Ken's daughter.'
      Ken ရဲ့အိမ်က ဘယ်နားမှာလဲဆိုတာ သိလား? ခဏလေးစောင့်ပါ ငါ့သားကိုမေးလိုက်ဦးမယ်။ သူက Ken သမီးရဲ့ သူငယ်ချင်းလေ။
Suit yourself! (မင်းကြိုက်သလိုသာလုပ်)
You say suit yourself! in an angry way to tell someone that they can do what they want even though that is not what you want:
မင်းကြိုက်သလိုသာလုပ် suit yourself ကို သင်က မလုပ်စေချင်သော်လည်း ထိုအကြောင်းကိစ္စနှင့်ပတ်သက် ၍ တစ်စုံတစ်ဦးအား ၄င်းကြိုက်သလို လုပ်နိုင်ကြောင်းကို စိတ်ဆိုးသောအားဖြင့် ပြောရာတွင် အသုံးပြုသည်။
  1. Suit yourself! You can stay longer at the party if you like, but I'm going home now!
      မင်းကြိုက်သလိုသာလုပ်။ ပါတီမှာ မင်းအချိန်ကြာကြာ ဆက်နေချင်ရင်နေ။ ငါကတော့ အခုပဲ အိမ်ပြန်တော့မယ်။
  2. I don't really want to go to the cinema this evening.'
      တကယ်တော့ ဒီညနေ ရုပ်ရှင်ရုံကို မသွားချင်ဘူး။
      'Suit yourself'!I’ll go by myself then!'
      မင်းကြိုက်သလိုသာလုပ်။ ဒါဖြင့်ရင် ငါ့ဘာသာငါပဲ သွားတော့မယ်။
Sure! (ရတာပေါ့ )
You say sure! to someone as an informal way of saying 'yes' or 'certainly':
ရတာပေါ့ sure ကို ဟုတ်ကဲ့လို့ အဓိပ္ပါယ်ရတဲ့ yes သို့ certainly အစား အသုံးပြုနိုင်ပါသည်။ ပို၍ အရပ်ဆန်သော ရင်းနှီးသည့်သဘောကို ဆောင်သည်။
  1. 'Can I borrow your magazine?
      ခင်ဗျား မဂ္ဂဇင်း ခဏလောက်ငှားလို့ရမလား။
      'Sure!'
      ရတာပေါ့။
  2. 'Would you pass me an apple, please?'
      ကျေးဇူးပြု၍ ငါ့ကို ပန်းသီးလေးတစ်လုံးလောက် ကမ်းပေးနိုင်မလား။
      'Sure! Here's one.'
      ရတာပေါ့။ ရော့ဒီမှာ တစ်လုံး။
Thanks a lot (အရမ်းကျေးဇူးတင်ပါတယ်။)
You say thanks a lot to someone to show that you are very grateful to them:
အရမ်းကျေးဇူးတင်ပါတယ် thanks a lot ကို တစ်စုံတစ်ဦးအား ကျေးဇူးတင်ကြောင်းဖော်ပြလိုသောအခါ ပြောပါသည်။
  1. Thanks a lot for lending me your bike.
      မင်းစက်ဘီးကို ငှားတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။
   2. 'You can have some of these sandwiches, if you like.'
      မင်းကြိုက်တတ်ရင် ဒီအသားညှပ်ပေါင်မုန့်အချို့ကို ယူနိုင်တယ်လေ။
      Thanks a lot.'
      အရမ်းကျေးဇူးတင်တာပဲ။
Just in case (ခဲ့သည်ရှိသော်)
You say just in case when you refer to something that might happen which you want to be prepared for:
ခဲ့သည်ရှိသော် just in case ကို နောင်တွင် ဖြစ်လာနိုင်ခြေရှိသော ကိစ္စတစ်ခုခုအတွက် ကြိုတင်ပြင်ဆင်မှုလုပ်လိုသောအခါတွင် အသုံးပြုသည်။
  1. I think you should ring the doorbell again, just in case Meg didn't hear you the first time.
      မင်း ခေါင်းလောင်းကို ဒုတိယအကြိမ်ထပ်နှိပ်သင့်တယ်လို့ ထင်တယ်။ ပထမအကြိမ်ကို Meg မကြားခဲ့သည်ရှိသော်ပေါ့
  2. I'm going to take an umbrella, just in case it rains.
      ငါထီးယူသွားမယ်၊ မိုးရွာခဲ့သည်ရှိသော်ပေါ့။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment