Tuesday, May 31, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၄)

V-ing
ခုထိတော့ လေ့လာခဲ့တဲ့ V တွေက Subject နဲ့တွဲပြီး ၀ါကျထဲမှာ သုံးနိုင်တဲ့ V တွေချည်းဖြစ်တယ်။ သူတို့ကို Finite verbs လို့ခ်ါတယ်။ ၀ါကျထဲမှာ Subject နဲ့တွဲပြီး မသုံးနိုင်တဲ့ အခြား V ပုံစံတွေရှိသေးတယ်။ Non-finite- verbs လို့ခေါ်တယ်။ ဒီအထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ V မှာ ing ထည့်ထားတဲ့ ပုံစံကို လေ့လာကြရအောင်။ ( တကယ်တော့  V ကို ing ထည့်တာကို N သဖွယ်သုံးရင် Gerund ခေါ်ပြီး၊ ကြိယာတစ်ပိုင်းဖြစ်နေတာကို Participle လို့ခေါ်ကြတယ်။ ဒီမှာတော့လွယ်အောင် V- ing လို့ခေါ်သွားမယ်။)

1. As NounV-ing ကို N လိုသုံးနိုင်ပါတယ်။ Nဆိုတာ Subject နေရာ၊ Object နေရာမှာရှိတဲ့ စကားလုံးကိုခေါ်တာပေါ့။ ဒီတော့ V-ing ကို Subject နေရာ၊ Object နေရာမှာ သုံးနိုင်တယ်လို့ပြောတာပါပဲ။ Object ဆိုရာမှာ V ရဲ့နောက်က လာတာရှိတယ်။ Preposition နောက်ကလာတာရှိတယ်။

Subject: နေရာ
Walking is exercise.
လမ်းလျှောက်ခြင်းဟာ လေ့ကျင့်ခန်း။
Reading is my hobby.
စာဖတ်တာဟာ ငါ့ရဲ့ဝါသနာ ။
အခုလို စကားလုံးတစ်လုံးထဲမဟုတ်ပဲ သူနောက်က ဆိုင်းရာစကားလုံးလေးတွေ တွဲပြီး သုံးနိုင်ပါတယ်။ ဥပမာ............
Walking two miles every morning is exercise.
နံနက်တိုင်း နှစ်မိုင်လမ်းလျှောက်တာဟာ လေ့ကျင့်ခန်း။
Reading good English books will improve your English.
အင်္ဂလိပ်စာအုပ်ကောင်းကောင်းတွေ ဖတ်တာ မင်းရဲ့ အင်္ဂလိပ်စာကို တိုးတက်စေလိမ့်မယ်။
Object: နေရာ
I hate walking.
ငါလမ်းလျှောက်ရတာကို မုန်းတယ်။
I enjoy reading.
ငါစာဖတ်ရတာကို နှစ်သက်တယ်။
ဒီမှာလည်း သူနောက်က ဆိုင်ရာစကားလုံးလေးတွေတွဲပြီး သုံးနိုင်ပါတယ်။
I hate walking two miles every morning to school.
မနက်တိုင်း ကျောင်းကို နှစ်မိုင်လမ်းလျှောက်ရတာ ငါမုန်းတယ်။
I enjoy reading a good book in the evening.
ညနေမှာ စာအုပ်ကောင်းကောင်းဖတ်ရတာကို ငါနှစ်သက်တယ်။
( ဖြစ်တယ် )လို့ အဓိပ္ပာယ်ထွက်တဲ့ am / is / are တို့ နောက်ကလာတဲ့ N ကို Complement လို့ ခေါ်ကြတယ်။ အနေအထားအရ Object နဲ့ အတူတူပါပဲ။ ထူးခြားမှတ်သားစရာမရှိပါဘူး။ ဒါကြောင့် တချို့သဒ္ဒါစာအုပ်များမှာ Object ကိုပါ Complement လို့ခေါ်ကြနေပြီ။ Complement နေရာမှာလည်း V-ing လာနိုင်ပါတယ်။
My hobby is reading.
ငါ့ရဲ့ဝါသနာက စာဖတ်တာလေ။
My job is dusting the tables, chairs and cupboards.
ငါ့ရဲ့ အလုပ်က စားပွဲ၊ ကုလားထိုင်နှင့် ဗီရိုတွေ ဖုန်သုတ်ရတာပါ။
Preposition နောက်က…………
I am tired of walking.
ငါလမ်းလျှောက်ရတာ ငြီးငွေ့လာပြီ။
We are used to standing on the bus.
ငါတို့ ဘတ်စ်ကားပေါ်မှာ မတ်တတ်ရပ်ရတာ ရိုးနေပြီ။
Are you interested in writing short stories?
မင်းဝတ္ထုတိုရေးတာ ၀ါသနာပါလား။
Be ရဲ့ V-ing ပုံစံက being ဆိုတာကို သတိရပါ။ ရိုးရိုး ( ဖြစ်တယ် ) အဓိပ္ပာယ်မှာလည်း being သုံးလိမ့်မယ်။ Passive Voice မှာလည်း အကြောင်းအားလျှော်စွာ being သုံးပေလိမ့်မယ်။
I don’t enjoy being a servant.
ငါ အစေခံလုပ်နေရတာ ( ဖြစ်နေရတာ ) မနှစ်ခြိုက်ဘူး။
She went out without being seen.
( သူများတွေက ) မမြင်လိုက်ကြဘဲ သူမ ထွက်သွားတယ်။
2. As Adjective
N ကိုအထူးပြုနေတာမို့ Modifier လို့လည်းခေါ်ကြသေးတယ်။ လွယ်အောင် Adjective လို့ပဲ ခေါ်လိုက်တယ်။ နှစ်နေရာထားရတယ်။ စကားတစ်လုံးတည်းဖြစ်လျှင် N ရှေ့က၊ အစုလိုက် ( တစ်လုံးထက်ပိုလျှင် ) N ရဲ့နောက်က။
Barking dogs seldom bite.
ဟောင်တဲ့ခွေး ကိုက်ခဲတယ်။ ( စကားပုံ )
My uncle owns a printing press.
ငါ့ဦးလေးက ပုံနှိပ်စက်ပိုင်တယ်။
People living in glass-houses should not throw stones.
မှန်အိမ်ထဲမှာနေသူများ ခဲမပေါက်သင့်။ ( စကားပုံ )
Do you know the girl talking to your aunt?
မင်းအဒေါ်ကို စကားပြောနေတဲ့ ကောင်မလေးကို မင်းသိလား။
3. As Adverb
V ကိုအထူးပြုနေလျှင် Adverb ပေါ့။ V-Modifier လို့လည်းခေါ်ကြတယ်။ Adv ဟာ ၀ါကျရဲ့ ရှေ့ဆုံးက၊ နောက်က၊ အလယ်က အလျဉ်းသင့်သလိုနေနိုင်ပါတယ်။ ရံဖန် အလယ်က တွေ့ရလိမ့်မယ်။ အဲဒီအခါမှာ Adj နဲ့ ရောတတ်တယ်။ အဓိပ္ပာယ်ကို ဆင်ခြင်ရမယ်။ (တကယ်က အခုလိုအသုံးကို Participle ခေါ်ကြတာ ဖြစ်တယ်။)
Putting his coat on, John went out.
ကုတ်အင်္ကျီကောက်ဝတ်ကာ ဂျွန်ထွက်သွားတယ်။
Talking, Daw Chit can forget her dinner.
စကားပြောနေရလျှင် ဒေါ်ချစ်က ထမင်းမေ့တယ်။
The children came running in.
ကလေးတွေ ပြေးဝင်လာကြတယ်။
She dropped the cup breaking it to pieces.
သူမ ပန်းကန်လွတ်ကျ ကွဲသွားတယ်။
The old man, feeling tired, lay down on the grass.
အဘိုးအိုမောလို့ မြက်ပေါ်လှဲအိပ်လိုက်တယ်။
အထက်ပါ နမူနာဝါကျတွေဟာ ၀ါကျတိုနှစ်ခုကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာလို့ ယူဆနိုင်ပါတယ်။ ဥပမာ….
John put his coat on. John went out. ၀ါကျနှစ်ခုကို ဆက်လိုက်တော့  ….
Putting his coat on, John went out. ဖြစ်သွားတာပေါ့။ ကျောင်းတွေမှာ သဒ္ဒါလေ့ကျင့်ခန်းမှာ ခိုင်းလေ့ရှိတဲ့ ပုံစံမျိုးပါပဲ။ ဒီလိုဝါကျနှစ်ခုကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာပုံကို သတိရလျှင် အကျိုးရှိတယ်။ အထက်ကနမူနာဝါကျများဟာ ကတ္တားတစ်ခုတည်းချည်းပဲ။ ing ထည့်ထားတဲ့ V ရဲ့ Subject နဲ့ ဒုတိယ V ရဲ့ Subject ဟာ တစ်ခုတည်းပါပဲ။ ဒါကြောင့် နောင် ကိုယ်တိုင် V-ing နဲ့ ၀ါကျစီမယ်ဆိုရင် ဒီအချက်ကို သတိရပါ။ အောက်ပါအမှားမျိုး မရေးမိစေပါနဲ့။
Raining very hard, I took shelter under a big tree.
( မိုးသဲသဲမဲမဲရွာချလာလို့ ငါ သစ်ပင်အောက် မိုးခိုလိုက်တယ်။ ) လို့ ရေးချင်တာပါပဲ။ မရေးတတ်တော့  မှားသွားတယ်။ မိုးစိုတာက ငါ၊ မိုးရွာတာက ငါမှ မဟုတ်ပဲ။
ဝါကျတိုနှစ်ခုမှာ Subject တစ်ခုစီ ဖြစ်နေလျှင် အောက်ပါပုံစံမျိုးရေးတယ်။
It rained very hard. I took shelter under a big tree.
It raining very hard, I took shelter under a big tree. ( It ဆိုတဲ့ Subject နဲ့ V-ing တွဲထားရပုံ မှတ်ပါ။)
I have to look after the smaller children. My father is going away on business.
I have to look after the smaller children, my father going away on business.
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment