Sunday, July 22, 2012

Mt.Fuji hiking plan

နာဂိုယာမှ မြန်မာ အသိမိတ်ဆွေသူငယ်ချင်းများ ခင်ဗျား-

အားလုံးပဲ Theory works တွေ၊Lectures တွေ၊ Reports တွေ Experiments တွေနဲ့ရှုပ်နေမြုပ်နေ

ကြပြီလား။ နွေရာသီလဲ စလာနေပါပြီ။ တော်တော်လဲပူလာနေပါပြီ။နွေရာသီ ကျောင်းပိတ်ရက်လေးတွေလဲ
ရှေ့လ ၈-လပိုင်းဆို စပိတ်ပါပြီဗျား။ ကျောင်းပိတ်ရက်လေးအတွင်းမှာ ခရီးသွားဖို့ ပြင်ဆင်နေကြပြီလား။ ကျွန်တော်ကတော့ ဖူဂျီတောင်တက်ဖို့ ပြင်ဆင်နေခဲ့တာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ၃-နှစ်လောက်
ကတည်းက လိုအပ်မယ့်အချက်အလက်လေးတွေလဲ စုလာခဲ့တာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ ပူးပေါင်းပြီး တပျော်တပါးကြီး တက်ကြတာပေါ့ဗျာ။  တခြားခရီးစီစဉ်ပြီးသားရှိရင်တော့လဲ မတတ်နိုင်
တော့ဘူးပေါ့ဗျာ။ ကျွန်တော် နိုးဆော်တာ နဲနဲ နောက်ကျသွားပါတယ်။တောင်တက်ဖို့ အကြမ်းဖျဉ်းရေးဆွဲထားတဲ့ အစီအစဉ်လေးတွေ ရှင်းပြပါမယ်။ လောလောဆယ်ကျွန်တော်တို့
ဇနီးမောင်နှံ ၂-ယောက်နဲ့ အခြားမြို့မှ ကျွန်တော့်သူငယ်ချင်းရယ်ကတော့ တက်ဖြစ်မှာပါ။

ဖူဂျီတောင်တက်ဖို့ အကောင်းဆုံးအချိန်


အထက်မှာ ဖော်ပြထားတဲ့ ဂျပန် မိုးလေဝသ အေဂျင်စီရဲ့ ခန့်မှန်းချက်အရတော့ သြဂုတ်လပိုင်းက တောင်တက်လို့ အကောင်းဆုံးဖြစ်ပါတယ်။ တောင်ထိပ်မှာ အပူချိန်အမြင့်ဆုံး၊ လေတိုက်နှုန်းအနဲဆုံး၊ နှင်းလဲမကျဘူးလို့ပြောထားပါတယ်။  တခြားဖူဂျီတောင်တက်ဖူးသူတွေရဲ့ အကြံညဏ်တွေအရ ၈-လပိုင်း ၁၃-၁၇ ရက်တွေက အိုဘုန်းပိတ်ရက်တွေဖြစ်လို့ တောင်ပေါ်မှာ အရမ်းပိတ်ကြပ်နေမှာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် ရှောင်ကြဖို့ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ၁၇ (ဒါမှမဟုတ်)၁၈ ရက်နေ့တက်ဖို့ဖြစ်ပါတယ်။ 

ဘယ်လိုသွားကြမလဲ


 
ပုံကတော့ နဲနဲ မှိန်နေပါတယ်။ ဈေးအသက်သာဆုံး နဲ့ အဆင်ပြေဆုံးလမ်းကြောင်းကတော့

 
အထက်ပါလမ်းကြောင်း အတိုင်းရွေးချယ်ထားပါတယ်။ 

တောင်တက်ဖို့ အကြမ်းဖျဉ်း အစီအစဉ်

တောင်တက်ဖို့ က လမ်းကြောင်း ၄-ခုရှိပါတယ်။ အကျော်ကြားဆုံးနဲ့ အဆင်ပြေဆုံးကတော့ Kawaguchi ko guchi (Yoshida Trail) ကနေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နာဂိုယာကနေ Kawaguchi ko guchi 5th Station ထိကားနဲ့ တက်5th Station မှာနား ညပိုင်း ၉-နာရီ ဝန်းကျင်လောက် စတက် ဖို့ဖြစ်ပါတယ်။ (အခြားသူတွေကတော့ ည ၁၀-နာရီ တက်မနက်နေထွက်အမီ တောင်ထိပ်ရောက်၊ တောင်ထိပ်
လျှောက်ကြည့်၊ ပြန်ဆင်းလုပ်ကြပါတယ်) အချိန်ကတော့ နောက်မှ ပြန်ညှိလုပ်ကြလို့ရပါတယ်။ တောင်တက်ရင် လိုအပ်မယ့် ပစ္စည်းစာရင်းလဲ ရှိပါတယ်။ အသေးစိတ်ညှိကြတော့မှ ပြောဆိုတိုင်ပင်ရမှာဖြစ်ပါတယ်။ တက်ဖြစ်ကြမယ်ဆိုရင်တော့ မတက်ခင် သီတင်းပတ် ၂-ပတ်လောက်ကနေ လေ့ကျင့်ခန်းဆင်းကြရမှာဖြစ်ပါတယ်။ အကြမ်းဖျင်းအရတော့ Kawaguchi ko guchi 5th Station အထိ ၂၃၀၅ မီတာ (ပေ ၇၅၆၀ လောက်)  ကျန်တာက
 တောင်ထိပ်ထိ ၁၄၇၁ မီတာ (၄၈၂၆ ပေလောက်) ဖြစ်ပါတယ်။ ခြေကျင်ခရီးက ပေ ၅၀၀၀ နီးပါး ပုပ္ပါးတောင်မကြီးလောက်နီးနီး ဖြစ်ပါတယ်။ အဲဒီတော့ မတက်ကြခင် လေ့ကျင့်ခန်း မဖြစ်မနေ ယူကြရမှာ ဖြစ်ပါတယ်။
အချိန်ကလဲ သိပ်မရှိတော့ စာရရချင်း အကြောင်းပြန်ကြဖို့ဖြစ်ပါတယ်။ ကိုမျိုးကျော်အောင်၊ ကိုဝင်းအောင်တို့ခင်ဗျား လိုအပ်ရင် ခါတိုင်းလို မြန်မာများစုဝေးကြဖို့ ဖိတ်ခေါ်ပေးရန်ဖြစ်ပါတယ်။
ခင်မင်ရင်းနှီးစွာဖြင့်-
စိုးမင်းခိုင်
 (မှတ်ချက်။   ။ ဗဟုသုတ အနေနဲ့ ဖြန့်ဝေလိုက်ပါတယ်။)
Posted by စိုးမင်းခိုင်

No comments:

Post a Comment