Wednesday, July 18, 2012

အခြေခံ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းများ အပိုင်း (၁)

အခြေခံ အကျဆုံးနဲ့ အရေးကြီးဆုံး အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေကတော့ ၀ါကျဖွဲ့စည်းပုံနဲ့ တိုက်ရိုက် ပတ်သက်တဲ့ စည်းမျဉ်းများဘဲ ဖြစ်တယ်။ အောက်ပါစည်းမျဉ်းမျိုးဖြစ်တယ်။
  • ကတ္တား Subject က အနည်းကိန်း Singular ဆိုရင် ၀ါကျရဲ့အဆိုပိုင်း Predicate ကလည်း အနည်းကိန်း Singular ဘဲဖြစ်ရမယ်။
  • ၀ါကျ Sentence တစ်ကြောင်းမှာ ပြည့်စုံတဲ့ အတွေးကို ဖော်ပြရမယ်။
ဝါကျ Sentence ကို နောက်တစ်မျိုးခေါ်တာက သီးခြားလွတ်လပ်တဲ့ ၀ါကျကဏ္ဍ independent clause ဖြစ်တယ်။
  • ၀ါကျကဏ္ဍ Cause တွေက ၀ါကျ Sentence တွေလိုဘဲ ကတ္တား Subject နဲ့ အဆိုပိုင်း Predicate ပါဝင်တယ်။ စကားစုတစ်ခုမှာ ကတ္တား Subject နဲ့ အဆိုပိုင်း predicate မပါဘူးဆိုရင် စကားစု Phrase လို့ဘဲ ခေါ်တယ်။
  • သီးခြားရပ်တည်နိုင်ပြီး ပြည့်စုံတဲ့ အတွေးတစ်ခုကို ဖော်ပြရင် ၀ါကျ Sentence ဖြစ်တယ်။
  • ပြည့်စုံတဲ့ အတွေးတစ်ခုကို မဖော်ပြရင် မှီခိုဝါကျကဏ္ဍ dependent clause လို့ ခေါ်တယ်။ ဥပမာ “when I finish my work” (အလုပ်ပြီးသောအခါ) ဆိုတာဟာ မှီခိုဝါကျကဏ္ဍ dependent clause ဖြစ်တယ်။
ဒါဆိုရင် အခြေခံ ၀ါကျ ဖွဲ့စည်းပုံ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေက ဘာကို ဆိုလိုပါသလဲ
ကတ္တား Subject နှင့် အဆိုပိုင်း Predicate
ဘယ်ဘာသာမှာမဆို ၀ါကျ sentence က အခြေခံဖြစ်တယ်။ ကတ္တား  Subject နဲ့ အဆိုပိုင်း Predicate ပါဝင်ပြီး ပြည့်စုံတဲ့ အတွေးကို ဖော်ပြတယ်။ ကတ္တား  Subject နဲ့ အဆိုပိုင်း Predicate ဆိုတာ ဘာလဲလို့ မေးရင်
  • ကတ္တား subject ကတော့ ၀ါကျ sentence မှာ အခရာဘဲ။ ၀ါကျရဲ့ အဓိက အာရုံစူးစိုက်တဲ့ လူ၊ တိရစ္ဆာန်၊ အရာဝတ္ထု ဖြစ်တယ်။
  • အဆိုပိုင်း predicate ကတော့ ကတ္တား subject က လုပ်တဲ့အလုပ်ကို ဖော်ပြတယ်။ ဒါမှမဟုတ် ကတ္တား subject အကြောင်းကို ဖော်ပြတယ်။
အခြေခံ ၀ါစင်္ဂ part of speech များ
ဝါကျဖွဲ့စည်းပုံဆိုင်ရာ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေကို အကြမ်းအားဖြင့် သိပြီဆိုရင် အခြေခံ ၀ါစင်္ဂ part of speech တွေကို လေ့လာသင်ယူထားရမယ်။
  • နာမ် noun ဆိုတာ လူ၊ တိရစ္ဆာန်၊ နေရာ၊ အရာဝတ္ထု၊ အရည်အသွေး၊ စိတ်ကူးစိတ်သန်း၊ လုပ်ဆောင်ချက် သို့မဟုတ် စိတ်ခံစားမှု စသည်ဖြင့် တစ်ခုခုကို အမည်တပ်ပေးတယ်။ အနည်းကိန်း singular အများကိန်း singular သို့မဟုတ် ပိုင်ဆိုင်မှုပြ ဖြစ်နိုင်တယ်။
  • နာမ်စား pronoun ဆိုတာ နာမ်နေရာမှာ အစားထိုးအသုံးပြုတဲ့ စကားလုံးဖြစ်တယ်။ ဥပမာ ကျွန်တော် ငါ “I”၊ သင်/မင်း “You”၊ သူတို့ “They” လိုမျိုး ဖြစ်တယ်။
  • ကြိယာ verb ကတော့ လုပ်ဆောင်ချက်ကို ပြတယ်။ ပင်မကြိယာ main verb ဖြစ်နိုင်သလို “were” တို့ “has”  တို့လို အကူကြိယာ helping verb လည်း ဖြစ်နိုင်တယ်။ ကြိယာ verb တွေက အချိန်ကာလ ကိုလည်း tense ပြတယ်။ အတိတ်ကာလ past tense ပစ္စုပ္ပန်ကာလ present tense အနာဂတ်ကာလ future tense ကို ပြဖို့ ကြိယာပုံစံ verb form လည်း ပြောင်းတတ်တယ်။ ချိတ်ဆက်ကြိယာ linking verb တွေလို့ခေါ်တဲ့ ကတ္တား subject နဲ့ ၀ါကျရဲ့ ကျန်တဲ့အပိုင်းကို ဆက်ပေးတဲ့ ကြိယာ verb တွေလည်း ရှိတယ်။ ဥပမာ “seem” ထင်ရသည်၊ “appear” ပုံပေါ်သည် ဆိုတာမျိုးဖြစ်တယ်။
  • နာမ၀ိသေသန adjective က noun နာမ် ဒါမှမဟုတ် pronoun နာမ်စား ကို အထူးပြုတယ်။ အထူးပြုတယ်ဆိုတာ ဘယ်လောက်၊ ဘယ်ဟာ၊ ဘာအမျိုးအစား ဆိုပြီး ဖော်ပြပေးတာ ဒါမှမဟုတ် အခြား ဖော်ပြချက် တစ်မျိုးမျိုး ဖြည့်စွက်ပေးတာကို ဆိုလိုတယ်။
  • ကြိယာဝိသေသန adverb က ကြိယာ verb ကို အထူးပြုပြီး ဘယ်လောက်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာကြောင့်၊ ဘယ်လို စသည်ဖြင့် ဖြည့်စွက် ဖော်ပြပေးပါတယ်။
  • ရှေ့ဝိဘတ် preposition ကတော့ နာမ် noun ဒါမှမဟုတ် နာမ်စား pronoun တွေ တစ်ခုနဲ့တစ်ခုအကြား ဆက်စပ်မှုကို ဖော်ပြတယ်။ “beside” ဘေးမှာ၊ “in” အထဲမှာ၊ “on” အပေါ်မှာ စသည်ဖြင့် နာမ် Noun ရှေ့ကနေပြီး နေရာကို ဖော်ပြပေးတာ ရှိပါတယ်။ အချိန်၊ ဦးတည်ရာဘက်၊ လှုပ်ရှားမှု၊ အမူအရာ/ည်းလမ်း၊ အကြောင်းရင်း၊ ပိုင်ဆိုင်မှုတွေကို ပြတဲ့ preposition တွေလည်း ရှိတယ်။
  • သမ္ဗန္ဓ conjunction တွေကတော့ စကားလုံးတွေ၊ စကားစုတွေ၊ ၀ါကျ ကဏ္ဍလို့ခေါ်တဲ့ clause တွေ ကို ဆက်ပေးတယ်။ အသုံးများတဲ့ တွေကတော့ “and” နှင့်၊ “but” သို့သော် နဲ့ “or” သို့မဟုတ် တို့ ဖြစ်တယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment