Thursday, May 26, 2011

စင်ကာပူကို ပညာတော်သင်မသွားခင် သိစေချင်ပါသည်

စင်ကာပူသို့  ပညာတော်သင်လာကြမယ့် ကိုကို မမ များအတွက်ပါ။
စင်ကာပူကို ပညာသင်လာမယ်ဆိုရင် များသောအားဖြင့် အေးဂျင့်တွေကနေ လာကြရတာများတာပါ။
အဲဒီအခ်ျိန်မှာအေးဂျင့်တွေကို မျက်စိမှိတ်ယုံလို့ မရနိုင်ပါဘူး။ အဖြစ်ကလေးတစ်ခုပြောပြပါ့မယ်။
ကျောင်းကိုပညာသင်လာခါနီး ကျောင်းလျှောက်လွှာထဲမှာပါတဲ့ အချက်အလက်တွေကို သေချာဖတ်ရန်လိုပါတယ်။ ဘာလို့လဲဆိုတော့ သမီးကျောင်းကိုလာခါနီး မဖတ်မိဘဲလက်မှတ်ထိုးလိုက်လို့ အခက်အခဲ ဖြစ်နေပါတယ်။ ကျောင်းလျောက်လွှာကို အေးဂျင့်က လည်း ကိုယ်တိုင်မဖတ်ခိုင်းပါဘူး။ သူကိုယ်တိုင်က တစ်ရွက်ချင်းလှန်ပြီး မိဘတွေရှေ့မှာ အပီအပြင်ကို ဖတ်ပြနေပါတယ်။ သမီးတို့က စပွန်ဆာကျောင်းသူတွေပါ။ အေးဂျင့်အရင်ကပြောတာက ကျောင်းပြီးရင် အလုပ်ရမယ်။ ထောက်ပံ့ကြေးကိုတစ်လ တစ်ခါပေးသွားမယ်လို့ ပြောထားတာပါ။ ပြီးတော့ ဗဟုသုတနည်းတဲ့ အတွေ့အကြုံ မရှိသေးတဲ့ မိဘတွေကို လက်မှတ်ထိုးခိုင်းပါတယ်။ နောက်စင်ကာပူရောက်မှ ရန်ကုန်အေးဂျင့်က ကျောင်းသားတွေကို ပြောတာက   ကျောင်းလျှောက်လွှာ ပါမှသာ ကျောင်းတတ်ပြီးတစ်နှစ်ပြည့်မှ ထောက်ပံ့ကြေးပေးမယ်လို့ရေးထားပါတယ်တဲ့။ နင်တို့မန်းလေးအေးဂျင့်က ဘာမှမပြောဘူးလားတဲ့။ ဟုတ်ပါတယ်။ မပြောခဲ့ပါဘူး။ တစ်နှစ်တောင် ကိုယ့်စားရိတ်ကိုယ်စားဆိုတာ တော်တော်မလွယ်တာပါ။ တစ်လကိုအနည်းဆုံး မြန်မာငွေ(၆)သိန်း ကုန်ပါတယ်။ နောက်ပြီး မန်းလေးမှာ အေးဂျင့်ခ ကို 9.5 ပေးရပါတယ်။ စင်ကာပူအရောက် ၀န်ဆောင်မှုလို့ပြောပါတယ်။ သွားခါနီးမှ သူ့နွေရာသီသင်တန်းကျောင်းတွေမဖျက်နိုင်ဘူးဆိုပြီး တစ်ခါမှမရောက်ဖူးတဲ့နိုင်ငံကို ကျောင်းသူနှစ်ယောက်သွားရပါတယ်။ ဟိုရောက်တော့ လေဆိပ်မှာ အေးဂျင့်အိမ်ကလူလာကြိုပြီး ရော့...ဒါနင်တို့နေရမယ့် အိမ်လိပ်စာလို့ပြောပြီးသွားလိုက်ပါတယ်။ အူအအနဲ့ Taxi သမားကို ပြောပြီးလာခဲ့ရပါတယ်။ သွားရေးလာရေးဘာမှမသိဘဲ ကျောင်းသူနှစ်ယောက်ကို အေးဂျင့်အိမ်ကလူက immigration သွားရန် စာရွက်စာတမ်း စစ်ပေးမယ်လို့ပြောပြီး သူ့နေရာ ကိုခေါ်ပါတယ်။ တော်တော်ကိုဝေးပါတယ်။ အေးဂျင့်ခ အပြည့်အ၀ယူပြီး သူလိုက်လုပ်ပေးရမှာကျတော့ ကျောင်းသူတွေကို ခိုင်းစားပါတယ်။ နောက် ကျောင်းမှလိုအပ်သော POSB ဘဏ် အကောင့်ကိုလည်း ကျောင်းသူတွေဘာသာဖွင့်ရပါတယ်။ ဘာမှလိုက်မလုပ်ပေးပါဘူး။ ချိန်းထားတဲ့နေရာကို နောက်ကျပြီးရောက်မိရင် ဆူပူတာခံရပါသေးတယ်။ ဒါပေမယ့် သူငယ်ချင်းအချင်းချင်း ကောင်းတိုင်ပင် ဆိုးတိုင်ပင်နဲ့ ခုတော့နေသားကျနေပါပြီ။ အဲ့ဒါကြောင့် ကျောင်းတတ်မယ်လို့ ဆုံးဖြတ်ရင် အေးဂျင့်ကိုသေချာ...သေချာ... သေချာ မေးမြန်းပြီးမှ လျှောက်ကြပါလို့။ ဘာလို့လဲဆိုတော့ ကျောင်းတတ်နေရင်း မတတ်နိုင်တော့လို့ဘဲဖြစ်ဖြစ်၊ ကျောင်းပြောင်းမယ်ဖြစ်ဖြစ် ကျောင်းကိုလျှော်ကြေးငွေ ပြန်ပေးရလို့ ဘဲဖြစ်ပါတယ်။
(အသိသူငယ်ချင်းဆီမှ ကူးယူဖော်ပြပါသည်။)
 Posted by အိမ်လွမ်းသူ

No comments:

Post a Comment