Friday, May 27, 2011

နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဂုဏပူဇာမင်္ဂလာအခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူခံနှိုးဆော်လွှာ







နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နဝမမြောက်ဗန်းမော်ဆရာတော် “ဒေါက်တာအရှင်ကုမာရာဘိဝံသ” သည် ၂၀၁၁ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်ဖြစ်သော “အဘိဓဇ မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ကို လက်ခံချီးမြှောက် တော်မူခဲ့ပါသည်။ ၎င်းဘွဲ့တော်ကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရပြီးသူ၊ အကြားအမြင်ဗဟုသုတများသူ၊ အနည်းဆုံးသိက္ခာဝါ(၄၀)ရရှိပြီးသူ၊ ရဟန်းရှင်လူတို့အတွက် အကျိုးများသော ကျမ်းစာရေးသားပြီးသူနှင့် တစ်နိုင်ငံလုံးက အလေးအမြတ်ပြုအပ်သော ဆရာတော်ကြီး များကိုသာ အပ်နှင်းသည့် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်ပါသည်။



ထေရ၀ါဗုဒ္ဓသာသနာတော်တွင် ကျေးဇူးတော်ရှင် ဗာန်းမော် ဆရာတော်ကြီး ကို ရရှိလိုက်ခြင်းသည် အလွန်ကျေးဇူးများလှပါပေသည်။ ကြုံတောင့် ကြုံဆဲ ဆဌသင်္ဂါယနာ တင်စင်ဆရာတော်ဘုရားကြီး၏ ကြိုးပမ်း ဆောင်ရွက်ချက်များသည်လည်းကောင်း၊ သာသနာတော် ဆိုင်ရာကျမ်းစာ များပြုစုခဲ့ခြင်းသည် လည်းကောင်း၊ ဘ၀တသက်တာ ဗုဒ္ဓစာပေများ ပို့ ချခဲ့ခြင်းသည် လည်းကောင်း၊ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့  အစည်းကြီး စတင်ဖွဲ့ စည်းစဉ်ကပင် သာသနာတော်အကျိုးအတွက် ပါဝင် ဆောင်ရွက်ခဲ့ ခြင်းများ သည်လည်းကောင်း၊ သာသနာတော်တွင် အလွန်တရာ ခက်ခဲလှစွာသော စာမေးပွဲကြီးများကို ကိုယ်တိုင်စံပြ ထူးချွန်စွာ အောင်မြင်ခဲ့ရုံမျှမက ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋ္ဋက ဆရာတော်ကြီး၏ ဆန္ဒတော်အရ ကမ္ဘာသာသနာအတွက် တိပိဋက အလောင်းအလျာများ မွေးထုတ်ပေးခဲ့ခြင်းသည် လည်းကောင်း၊ ယနေ့  ထက်တိုင် ဂန္ထဓူရ၊ ၀ိပဿနာဓူရ နှစ်ဖြာကို အပတ်တကုတ် ကြိုးစားအားထုတ်တော် မူနေခြင်းသည်လည်းကောင်း၊ သာသနာတော်အတွက် စံပြုစရာ ဂန္တ၀င်တင်ကျန်ရစ်မည့် မထေရ်မြတ်ကြီး သာဖြစ်ပါသည်။

ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောကအသင်းကြီး (Lotus Foundation) အသင်းကြီး၏ သြဝါဒစရိယ ဆရာတော်ကြီးတစ်ပါးဖြစ်တော်မူသော ကျေးဇူးတော်ရှင် နဝမမြောက် ဗန်းမော်ဆရာတော်ကြီးအား ဆရာတော်ကြီး၏ တပည့် ဒါယိကာ၊ ဒါယိကာမများနှင့် သဒ္ဓါကြည်လင် စေတနာရှင်၊ ကုသိုလ်ရှင်အပေါင်းတို့မှ ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား ချီးကျူးကော်ရော် ပူဇော် ဂုဏ်ပြုသောအားဖြင့် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော် အတွက် “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးကို (၁၈-၀၆-၂၀၁၁) ရက်နေ့နှင့် (၁၉-၀၆-၂၀၁၁) ရက်နေ့များတွင် မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ ဆင်ယင်ကျင်းပသွားမည်ဖြစ်ပါသည်။


ဤကဲသို့ထူးကဲမွန်မြတ်လှသော “ဂုဏပူဇာ” မင်္ဂလာအခမ်းအနား ကြီး၌ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောကအသင်းကြီး (Lotus Foundation) မှလည်း


အောက်ဖေါ်ပြပါအတိုင်း ဂုဏ်ပြုအလှူတော် အစီအစဉ်များဖြင့် လှူဒါန်းပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


၁။ ဗန်းမော်ဆရာတော်ဘုရားကြီး (၂၁-၀၃-၂၀၁၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံ Informatics Centre ၌ ဟောကြားချီးမြှင့်တော်မူခဲ့သော “အပါယ်တံခါးပိတ်တရားတော်”နှင့် “နိဗ္ဗာန်တံခါးဖွင့်တရားတော်” တရားတော်နှစ်ပုဒ်အား စာအုပ်ရိုက်နှိပ်၍ ဓမ္မပူဇာအဖြစ် လှူဒါန်းပူဇော်ခြင်း။ သမ္ဗုဒ္ဓေဂါထာတော် တရားတော် အားထမ်မံပုံနှိပ် လှူဒါန်းပူဇော်ခြင်း။

“အပါယ်တံခါးပိတ်တရားတော်”နှင့်“နိဗ္ဗာန်တံခါးဖွင့်တရားတော်” တရားစာ တအုပ်လျှင် စင်ကာပူဒေါ်လာ ၁ဒေါ်လာဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။


၂။ ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော တရားတော်များကို စုစည်း၍ DVD တရားခွေများအဖြစ် ဓမ္မဒါနပြုထည့်ဝင် လှူဒါန်းနိုင်ပါသည်။


၃။ “ဂုဏပူဇာ”မင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြ မည့် ပင့်သံဃာတော် (၁၀၁)ပါး တို့းအား အလှူဝတ္ထုငွေ ခြောက်သောင်းကျပ် (၆၀၀၀၀ ကျပ်)နှင့်ညီမျှသော လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းတို့ ကိုလည်း ထည့် ၀င်လှူဒါန်းနိုင်ပါသည်။

- သင်္ကန်း တစ်စုံလျှင် - ၂သောင်းနှုန်း

- အတတ်ချီကေ့ သေတ္တာတခုလျှင် - ၂သောင်းကျပ်

- ၀တ္ထုအလှူငွေ - ၂သောင်းကျပ် စုစုပေါင်း ၆ သောင်းကျပ်နှင့် ညီမျှသော လှူဒါန်းပူဇော်မှာဖြစ်ပါသည်။


၎။ ဗန်းမော်ဆရာတော်ဘုရားကြီးအား “ဂုဏပူဇာ” အဖြစ် မင်္ဂလာဂုဏ်ပြု အထိမ်းအမှတ် လှူဖွယ်ဝတ္တုအစုစု တို့ကို ဂုဏ်ပြုဆက်ကပ်လှူဒါန်းခြင်းတို့ ကိုလည်းထည့်ဝင်လှူဒါန်းနိုင်ပါသည်။


၅။ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနား ဖြစ်မြောက်ရေး အထွေထွေ ကုန်ကျစရိတ်များအတွက် ပါဝင် လှူဒါန်းခြင်းတို့ ကိုလည်းထည့်ဝင်လှူဒါန်းနိုင်ပါသည်။


သို့ပါ၍ နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးတွင် တရားချစ်ခင် သဒ္ဓါကြည်လင် စေတနာရှင်၊ ကုသိုလ်ရှင်များအနေဖြင့် မိမိတို့ သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းခြင်းဖြင့် ကုသိုလ်တော် ပါဝင်နိုင်ကြပါကြောင်း ရိုသေလေးစားစွာဖြင့် အဘိဓမ္မာ အသင်တော်ကြီးသို့ နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော် လိုက်ရပါသည်။

“ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးနှင့် ပတ်သက်၍ Lotus Foundation မှစီစဉ်ဆောင်ရွက်ထားမှု အစီအစဉ်အသေးစိတ်နှင့် လှူဒါန်းမှုအစုစုတို့ အတွက် အောက်ဖေါ်ပြပါအသင်းဝင် ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါကြောင်း ထပ်လောင်း၍ အသိပေးလိုက်ရပါသည်။


အောက်ဖော်ပြပါ လူပုဂ္ဂိုလ်များနှင့် ဘဏ်အကောင့် သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနိဗ္ဗာန်အကျိုးမျော်နိုးဆောင်အပ်ပါသည်။

POSB Savings A/C No.: 175-43771-1

POSB Saving A/C No : 245-93111-5


၁။ ကိုကျော်လွင် (65-97365034)

၂။ ကိုကျော်ဝဏ္ဏ (65-82369159)

၃။ ကိုထင်ကျော် (65-94242961)

၎။ ကိုဇော်ဇော်ထွဋ် (65-91822963)

၅။ ကိုအောင်ပြည့်စုံအေး (65-91197361)

၆။ ကိုဝင်းထွန်းဆင့် (65-91715156)

၇။ မအေးဇာလီ (65-93854422)

၈။ မကြည်ပြာဝင်း (65-94894622)

Posted  by ထွန်းမြင့်ဌေး

No comments:

Post a Comment