Friday, May 27, 2011

မြန်မာတွေစင်ကာပူကိုလာသင့်သေးသလား?

(ဝန်ခံချက်။       ။ဒီ Post ရေးသားခြင်းသည် စင်ကာပူကို အကြောင်းအမျိုးမျိုးနဲ့ လာချင်နေသောသူငယ်ချင်တွေကို စိတ်ပျက်အောင် ရေးသားခြင်းမျိုး မဟုတ်ပါ။ စင်ကာပူသို့ သူငယ်ချင်းတို့မလာဖြစ်ခင်မှာ သိသင့်သောအကြောင်းအရာများအဖြစ် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။)
စင်ကာပူဟာ 2008 စီးပွားပျက်ကပ်မှာ အလုပ်အကိုင် အပြိုင်အဆိုင်ဆုံးရှုံးကြအပြီး နိုင်ငံခြားသား ကော်လာဖြု ကော်လာပြာ အလုပ်သမားတွေအပေါ် အမြင်စစောင်းလာကြတာဟာဖြင့် မေ(၇) ရွေးကောက်ပွဲမှာတော့ နှစ်ပေါင်းများစွာ အာဏာကိုလက်ထဲမြဲမြဲကိုင်ထားခဲ့တဲ့ PAP ပါတီဟာ မကြုံစဖူး အတိုက်ခံတွေလက်ထဲကို လွှတ်တော်နေရာ (၆) နေရာပေးလိုက်ရတဲ့ အနေအထားကို ရောက်သွားခဲ့ရတယ်။ ဘာကြောင့်ဒီလို အတိုက်အခံပါတီတွေဖက်က နေရာရလာသလဲဆိုတော့ သူတို့ဟာ စင်ကာပူနိုင်ငံသားတွေရဲ့ ကျယ်လောင်လာတဲ့ နိုင်ငံခြားသားတွေကြောင့် သူတို့အလုပ်အကိုင်တွေ ဆုံးရှုံးကြရတယ်။
သယ်ယူပို့ဆောင်ရေးစံနစ်တွေမှာ လူတွေကျပ်ပိတ်သိပ်နေတယ်။ အိမ်ဈေးတွေတက်ကုန်တယ် စသဖြင့် သူတို့နိုင်ငံသားတွေ အကျွမ်းကျင်ဆုံးနဲ့ အမျိုးသားအမှတ်အသားဖြစ်တဲ့ ကွန်ပလိန်းတက်ချင်းနဲ့ မိမိရဲ့အပြစ်ကိုဖုံးကွယ်ပြီး သူတစ်ပါးကို လက်ညှိုးထိုးလွှဲချမှုကို အခွင့်ကောင်းယူ မဲဆွယ်ခဲ့လို့ပါပဲ။
လက်ရှိအာဏာရ PAP ဟာ ရွေးကောက်ပွဲမတိုင်မှီ ကတည်းက ဒီလိုအရေးတွေကို ကြိတင်မြင်တဲ့အတွက် Skill Pass (S Pass), Employment Pass (EP) သက်တမ်းမတိုးပေးတာ အသစ်လျှောက်တာတွေကို Rejected လုပ်ပြီး တစ်ရစ်ချင်း တင်းကျပ်လာခဲ့သလို EP, SPass တွေကိုခန့်ထားတဲ့ Company တွေအ ပေါ် အခွန်စည်းကျပ်မှုကိုပါ အဆအတော်များများ မြှင့်လိုက်ပြန်ပါတယ်။ အဲဒီတော့ စီးပွားရေးက နာလံထကာစ Company တွေအနေနဲ့ နိုင်ငံခြားသား ၀န်ထမ်းခန့်ဖို့ကို တော်တော်စဉ်စား လာကြတယ်။ အဲဒီလို နိုင်ငံခြားသားအလုပ်သမားတွေကို တင်းကျပ်မှုတွေဟာ ရွေးကောက်ပွဲအပြီး နိုင်ငံခြားသားမုန်းတီး ရေးကို ရှေ့တန်းတင်ခဲ့တဲ့ အတိုက်အခံတွေ လွှတ်တော်မှာနေရာရလာခဲ့တဲ့အချိန်နဲ့အတူ နိုင်ငံခြားသား အလုပ်သမားတွေကို တိုင်းပြည်လိုအပ်ချက်အရလို့ လက်ခံပြီး အားပေးခဲ့တဲ့ စင်ကာပူဆိုတာကို စပြီးဖြစ် လာအောင် တည်ထောင်ပေးခဲ့တဲ့ လီကွမ်ယူ နဲ့ ၀ါရင့် ၀န်ကြီးချုပ်ဟောင်း ဂိုချောက်တောင် တို့နှစ်ယောက်ဟာ လွှတ်တော်နဲ့ နိုင်ငံရေးလောကကို ကျောခိုင်းတော့မယ်ဆိုတဲ့ ကြေငြာချက် ထွက်လာ တဲ့အခါမှာတော့ လက်ရှိ နိုင်ငံခြားသား ၀န်ထမ်းတွေ နိုင်ငံတကာ MNC တွေအပေါမှာ အများကြီးရိုက် ခတ်လာပါတယ်။
Posted by အိမ်လွမ်းသူ

1 comment:

Anonymous said...

စင်္ကာပူမှာ မလုပ်ရလဲ ကိုယ့်နိုင်ငံကို ပြန်တာပေါ့ဗျာ။ မြန်မာပြည်မှာ လူဦးရေ သန်း ၆၀ လောက် နေကြတာပဲ။

Post a Comment