Friday, May 27, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၃)

Unreal Past
Condition ရဲ့ သဘောကို နားလည်ရင် အခုသဒ္ဒါရဲ့ သဘောကို နားလည်ပါလိမ့်မယ်။ Condition- 2 နှင့် 3 ဟာ မဖြစ်နိုင်တာကို တင်စားပြောတာဖြစ်သလို အခု Unreal Past ကလည်း မဖြစ်နိုင်တာကို ဖော်ပြနေပါပဲ။ ဒါကြောင့်လည်း Unreal Past ( တကယ်မဟုတ်တဲ့ အတိတ် ) လို့ အမည်ရတာပေါ့။ ဆန္ဒပြုတယ်၊ တောင့်တတယ် ဆိုတာကလည်း တကယ်မဖြစ်သေးပါဘူး။ ဒီတော့ ဒီ Unreal Past ထဲမှာ ပါဝင်တယ်။ သုံးလေ့ရှိတဲ့ ပုဒ်စုလေးတွေကတော့ …
I wish ……………………...... ဆန္ဒရှိ၊ တောင့်တ
I’d rather ……………………. ကောင်းမယ်ထင်တယ်
Suppose …………………….. ဆိုပါစို့
If only ……………………....... သာဆိုရင်
It’s time …………………….... အချိန်ကျပြီ၊ တန်ပြီ။
It’s about time …………….............။
It’s high time ………………........... ။
Would to God ………………. ဆုတောင်းမိပါရဲ့
………. as if ………………….. သကဲ့သို့၊ သလို
တင်စားတာ ၊ ဆန္ဒပြုတာက အခုဆိုရင် Past tense ကို သုံးပါ။ တင်းစားတာ၊ ဆန္ဒပြုတာက အရင်အတိတ်ကဆိုရင် Past Perfect ကိုသုံးပါ ။ ဥပမာ …
I wish I had a car. ကားရှိချင်တယ်။ ( အခု ကားမရှိ။ အခုလိုချင်တာ။ )
I wish I had not come. ( ငါမလာဘဲ နေခဲ့ရကောင်းမှာ။ )
( အရင်က မလာဘဲ နေခဲ့ဖို့ကို အခုဆန္ဒရှိတာ။ ဒါကြောင့် Past Perfect သုံးတယ်။ ဘာသာပြန်ရမှာ ပုံသေကားချပ်မဟုတ်ဘဲ သင့်သလို ပြန်ရပုံကို မှတ်ပါ။ )
I’d rather you went first.
မင်း ပထမသွားရင် ကောင်းမယ်ထင်တယ်။
I’d rather I had married the old girl and not the younger.
ငါ အငယ်မကို မယူပဲ အကြီးမကို ယူခဲ့မိရင် ကောင်းမှာ။
Suppose she were your sister!
သူမဟာ မင်းနှမဆိုပါတော့.................
If only she didn’t talk so much!
သူမသာ ဒီလောက် စကားမများဘူးဆိုရင် ..( ကောင်းလေစွ ) ။
If only I had married her!
ငါများ သူမကို ယူခဲ့မိရင် .. ( ဒုက္ခပါပဲ )။
It is time I went home.
ငါအိမ်ပြန်ဖို့ သင့်ပြီ.။ ( အချိန်ရောက်ပြီ )။
It is high time you studied hard.
မင်းစာကြိုးစာဖို့ အချိန်သိပ်ကျနေပြီ။
Would to God my friend understood!
ငါ့သူငယ်ချင်း နားလည်တတ်ပါစေလို့ ဆုတောင်းမိပါရဲ့။
She talks as if she knew everything.
သူမ အကုန်နားလည်သလို စကားပြောတာ။
He came in looking as if he had seen a ghost.
တစ္ဆေသရဲမြင်ခဲ့ရတဲ့ပုံမျိုးနဲ့ ၀င်လာတယ်။
မှတ်ချက်။ ................ ။ Condition တုန်းက သဒ္ဒါစည်းကမ်းများကိုပြန်လည်သတိရပါစေ။ Singular များနဲ့ were သုံးရတယ်။ ( was မဟုတ်ပါ ) ။
သတိ။....... ။ အခုတင်ပြခဲ့တဲ့ စကားလုံးတွေတင်မက အခြားစကားလုံးပုံစံများနှင့် တွေ့ခဲ့လျှင်လည်း Verb ကို အခုပြခဲ့တဲ့အတိုင်း Past (or) Past Perfect နဲ့သုံးရမယ်လို့ မှတ်ပါ။ Condition သဘောသက်ဝင်တိုင်း ဒီသဘောသုံးရတယ်ပေါ့။ ဥပမာ……….
A person who (refuse) to eat (be) dead in a month.
အစာမစားဘဲနေတဲ့လူဟာ တစ်လအတွင်း သေလိမ့်မယ်။
ပေးနေကျ Condition ပုံစံနဲ့တော့  မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူ အစာမစားဘဲ နေမလည်း၊ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒါဟာ Condition-2 အမျိုးအစား သက်ဝင်တယ်လို့ နားလည်ရမယ်။
ဒီတော့ အဖြေက refused နဲ့ would be ဖြစ်တယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment