Friday, December 09, 2011

You're Hired - အပိုင်း (၆)

Episode (6)
Watch Daniel and Sarah make their presentations to see who can impress Philip and Marcia the most.
(ဒန်နီရယ်နှင့် ဆာရာတို့၏ တင်ဆက်မှုကိုပြုလုပ်ပြီးနောက် မည်သူက ဖိလစ်နှင့် မာစီယာကို အထင်ကြီးစေမလဲဆိုသည်ကို ကြည့်ရှုပါ။)

Daniel : When I was asked to do a presentation on “Where WebWare is going, and what I can do to help it get there,” my first thought was simple: me!
“WebWare ရဲ့တိုးတက်မှုနှင့် ထိုရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင်ကျွန်ုပ် ဘယ်လို ကူညီနိုင်မလဲ” ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့ကို တင်ဆက်မှုလုပ်ခိုင်းတုန်းက ကျွန်တော့်ရဲ့ ပထမဦးဆုံး အတွေးကတော့ ရိုးရှင်းပါတယ်။ ကျွန်တော်ပါပဲ!
As you’ve already seen, I’ve got a lot of skills, and the right kind of personality needed to do a job like this … Here’s a slide I made! You see that – that’s my sales team – they love me!
တွေ့မြင်ခဲ့ရတဲ့အတိုင်းပါပဲ၊ ကျွန်တော့်မှာ အရည်အချင်းအများကြီးရှိပါတယ်၊ ပြီးတော့ ဒီလိုရာထူးမျိုးအတွက် သင့်လျော်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ ဒါကတော့ ကျွန်တော်လုပ်ထားတဲ့ ကားချပ်ပါ။ ဒါကတော့ ကျွန်တော့်ရဲ့ အရောင်းအဖွဲ့ပါ။ သူတို့က ကျွန်တော့်ကို ချစ်ကြပါတယ်!
Certainly going to be sad to see me leave…
ကျွန်တော်သူတို့ဆီကထွက်လာမှာကို သိကြရင် ၀မ်းနည်းနေကြမှာ အမှန်ပါပဲ…
Outside the box thinking – that’s what I’ve got…!
သမရိုးကျပုံစံကနေ ခွဲထွက်ပြီးတွေးခြင်းဆိုရင်တော့ - အဲဒါကျွန်တော်မှာရှိတာလေ…!
Sarah : OK. To start with, I did a careful SWOT analysis using the data I had available, which is obviously only partial. I looked at aspects such as competitors, online visibility, changing technologies and R&D… On the basis of this, I believe WebWare should carry out some careful market research, strengthen its brand awareness in secondary markets, and improve the flexibility of its offer. It this produces positive results, I think it should be possible to maintain the premium pricing policy…
(အိုကေ. အရင်ဦးဆုံးကျွန်မမှာရှိတဲ့အချက်အလက်တွေနဲ့ SWOT(S=strength - အားသာချက်။ W=weakness - အားနည်းချက်။ O=opportunities - အခွင့်အလမ်းများ။ T=threats - ခြိမ်းခြောက်မှုများ။) ဆန်းစစ်မှုကိုပြုလုပ်ခဲ့ပါတယ်။မပြည့်စုံဘူးဆိုတာကတော့ ထင်ရှားပါတယ်။ ပြိုင်ဘက်များ၊ online ပေါ်မှာလူသိများမှု၊ပြောင်းလဲနေတဲ့နည်းပညာများနှင့် R&D (သုတေသန နဲ့ ဖွံ့ဖြိုးရေး) အစရှိတဲ့ရှုထောင့်တွေကိုကြည့်ပါတယ်။ ဒါတွေကိုအခြေခံပြီး Webware အနေနဲ့သေချာတဲ့ဈေးကွက်သုတေသနများ၊ ဒုတိယတန်းစားဈေးကွက် တွေမှာ သူတို့ရဲ့အမှတ်တံဆိပ်ကို ပိုသိမြင်လာအောင် ပြုလုပ်ခြင်း၊ သူတို့ကမ်းလှမ်းချက်ရဲ့ ပြင်လွယ်ပြောင်းလွယ်နိုင်မှုကို ပိုမိုကောင်းမွန်အောင်ပြုပြင်ခြင်းတို့ကို ပြုလုပ်သင့်တယ်လို့ထင်ပါတယ်။ ကောင်းတဲ့ အကျိုးပေးရလဒ်တွေ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ အကောင်းဆုံးဈေးသတ်မှတ်တဲ့မူဝါဒကို ထိမ်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်)
Daniel : Here’s the sales figures for the last job I did – all down to me! Blue sky thinking! Finally, to finish my presentation, I’d like to play you a song I wrote…
(ဒါကတော့ နောက်ဆုံးအလုပ်အတွက် အရောင်းစာရင်းပါ။ အကုန်ကျွန်တော်လုပ်တာပါပဲ။ ဆန်းသစ်တဲ့ အတွေးအခေါ်တွေပါပဲ! နောက်ဆုံးအနေနဲ့ ကျွန်တော့်ရဲ့ တင်ဆက်မှုကို အဆုံးသတ်ရန်အတွက်၊ ကျွန်တော်ရေးထားတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ပြချင်ပါတယ်…)
Philip Hart : Ok, Ok… that’s enough. Thanks Daniel…
(အိုကေ၊ အိုကေ…ရပါပြီ။ ကျေးဇူးတင်ပါတယ် ဒန်နီရယ်…)
Daniel : Great! So does that mean I’ve got the job?
(ကောင်းပါပြီ! ဒါကကျွန်တော်အလုပ်ရပြီဆိုတဲ့အဓိပ္ပါယ်လား၊?)
Marcia Boardman : Erm, we’ll be in touch over the next five days to let you know…
(အင်း…နောက်ငါးရက်အတွင်းမှာ အကြောင်းပြန်ပါ့မယ်…)
Daniel : OK great, thank you.
(ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။)
Sarah : This is how I’d predict a sales pattern would go. I have to emphasise these are only speculative results at the moment.
(ဒါကတော့ အရောင်းပုံစံဘယ်လိုရှိသင့်တယ်ဆိုကို ကျွန်မမှန်းဆလိုက်တာပါ။ အလေးထားပြောချင်တာကတော့ ဒါတွေက လက်ရှိမှာ ထင်မြင်ချက်ပေးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။)
The key words are: caution, adaptability, and consolidation of main product lines – WebWare’s “cash cows,” if you like. It’s important to be flexible, yet reliable. Oh, and another thing is you need to improve the delivery times on your online orders! I hope all that’s clear. Do you have any questions?
(အဓိကထားရမယ့် စကားလုံးတွေကတော့ - သတိထားခြင်း၊ အခြေအနေအလိုက် လိုက်လျောညီထွေပြောင်းလဲနိုင်ခြင်း နှင့် ကုန်ထုတ်လုပ်မှုအတွက်အဓိကကျတဲ့ လူအင်အား၊စက်ပစ္စည်းအစရှိတာတွေကို ပေါင်းစည်းနိုင်ခြင်းပါပဲ။ Webwareရဲ့ အမြတ်ငွေရှာဖွေပေးတဲ့ဌာနတွေလို့လည်း ဆိုချင်ဆိုနိုင်ပါတယ်။ ပြောင်းလွယ်ပြင်လွယ်တာဟာ အရေးကြီးသလို ယုံကြည်စိတ်ချနိုင်မှု ကလည်း အရေးကြီးပါတယ်။ သြော်၊ ပြီးတော့နောက်ထပ် တိုးတက်အောင်လုပ်ရမှာကတော့ ရှင်တို့ရဲ့ အွန်လိုင်းကအမှာစာတွေကို ပို့ဆောင်ပေးတဲ့အချိန်ကာလပါပဲ။ အားလုံးရှင်းကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မေးခွန်းများမေးရန်ရှိပါသေးလား?)
Philip Hart :  No, thank you Sarah – that’s all very clear – you’ve given us quite a lot to think about there!
(ဟင့်အင်း၊ ကျေးဇူးတင်ပါတယ် ဆာရာ - အားလုံးရှင်းပါတယ်။ ကျွန်တော်တို့ကို တွေးတောစရာတွေ အများကြီးပေးလိုက်တာပဲ!)
Marcia Boardman : Yes, thanks a lot Sarah. We’ll be in touch over the next few days to let you know about the appointment.
(ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဆာရာ။ နောက်ရက်အနည်းငယ်အတွင်းမှာ အလုပ်နဲ့ပတ်သက်လို့ ရှင့်ကို ဆက်သွယ်လိုက်ပါ့မယ်။)
Sarah : Thank you both for your time. It’s been a pleasure meeting both of you.
(နှစ်ယောက်လုံးကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နှစ်ယောက်လုံးကို တွေ့ရတာလဲ ၀မ်းသာပါတယ်။)
Philip Hart/ Marcia Boardman : Bye! (တာ့တာ!)
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment