Wednesday, November 30, 2011

You're Hired - အပိုင်း (၅)

Episode (5)

Sarah goes for an interview with Marcia and Philip.
(မာစီယာနှင့် ဖိလစ်တို့၏ လူတွေ့အင်တာဗျူးသို့ ဆာရာသွားသည်။)
Marcia Boardman : Hi Sarah! I’m Marcia Boardman – we spoke on the phone….
(ဟိုင်းဆာရာ၊ကျွန်မကတော့ မာစီယာ ဘော့မန်းပါ - ကျွန်မတို့ ဖုန်းနဲ့ စကားပြောခဲ့တယ်လေ…)
Sarah : Oh yes, I remember – I was having a bad day!
(အော်၊ဟုတ်ကဲ့၊ ကျွန်မမှတ်မိပါတယ် - ကျွန်မစိတ်အခန့်မသင့်ဖြစ်နေတဲ့နေ့က စကားပြောဖြစ်ခဲ့တာနော်)
Marcia Boardman : … and this is Philip Hart, our CEO.
(… ဒါကတော့ ကျွန်မတို့ရဲ့ အမှုဆောင်အရာရှိချုပ် ဖိလစ်ဟတ်ပါ။)
Philip Hart : Hello! (ဟယ်လို!)
Sarah : Hello, it’s very nice to meet you both.
(ဟယ်လို၊ နှစ်ယောက်စလုံးကို တွေ့ရတာအလွန် ၀မ်းသာပါတယ်။)

Philip Hart : It says on your CV that you do voluntary work…
(ကိုယ်ရေးရာဇ၀င်ထဲမှာတော့ ခင်ဗျားက လုပ်အားပေးလုပ်ငန်းတွေကို လုပ်ရတာ ၀ါသနာပါတယ်လို့ ရေးထားတယ်။)
Sarah : Well, when I have time, yes! I do work at a centre for children with difficulties, yes..
(ဟုတ်ကဲ့၊ အချိန်ရှိရင်တော့ လုပ်ဖြစ်ပါတယ်။ ချို့ယွင်းချက်ရှိတဲ့ကလေးများအတွက် စင်တာတစ်ခုမှာ လုပ်ပါတယ်။ ဟုတ်ကဲ့…)
Philip Hart : That must be very interesting…
(အဲ့ဒီလုပ်ငန်းက အရမ်းစိတ်ဝင်စားဖို့ကောင်းမှာပဲ…)
Sarah : It’s rewarding and challenging.
(အဲဒီအလုပ်က ပင်ပန်းရကျိုးလည်းနပ်ပြီး စိန်ခေါ်မှုလည်း ရှိပါတယ်။)
Marcia Boardman : Sarah, can you tell us a little bit about your current position?
(ဆာရာ၊ ကျွန်မတို့ကို လက်ရှိရှင့်ရဲ့ ရာထူးအကြောင်း နည်းနည်းလောက် ပြောပြနိုင်မလား?)
Sarah : I’m assistant sales director for a chain of language schools.
(ကျွန်မက ဘာသာစကားကျောင်း တော်တော်များများရဲ့ လက်ထောက် အရောင်းညွှန်ကြားရေးမှုးပါ။)
Philip Hart : So this post would be quite a change then…
(ဒါဆို ဒီရာထူးက အတော်အတန်တော့ အပြောင်းအလဲရှိမှာပေါ့…)
Sarah : I don’t think so honestly because the skills are the same, despite the product.
(ရိုးရိုးသားသားပြောရရင် ကျွန်မကတော့ မထင်ပါဘူး၊ ရရှိလာမယ့်ထွက်ကုန်က ဘာပဲဖြစ်နေဖြစ်နေ အရည်အချင်းကတော့ အတူတူပါပဲ။)
Marcia Boardman : Why are you thinking of moving on?
(ဘာလို့အလုပ်ပြောင်းဖို့ စဉ်းစားတာလဲ?)
Sarah : Well I’ve come as far as I can in my current position, I feel and I’m 28 now and would love to take on more responsibility.
(အင်း၊ ကျွန်မရဲ့ လက်ရှိရာထူးမှာ ကျွန်မတတ်စွမ်းသရွေ့ တာဝန်ထမ်းဆောင်ပြီးပြီ၊ ကျွန်မအသက်က အခုဆိုရင် ၂၈ နှစ်ရှိပြီလေ။ ဒီတော့ ကျွန်မ တာဝန်တွေပိုမိုယူနိုင်ပြီလို့ ခံစားရပါတယ်။)
Marcia Boardman : Ok, let’s move on to managing people. Can you give us an example of when you had to deal with a particularly difficult managee?
(ကောင်းပါပြီ၊ လူတွေကို စီမံခန့်ခွဲမှုအကြောင်းသွားရအောင်။ ကျွန်မတို့ကို ရှင့်အနေနဲ့ ဒုက္ခပေးတဲ့ ၀န်ထမ်းတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ အဖြစ်မျိုးရှိခဲ့ရင် ဥပမာအဖြစ်ပြောပြပါလား?)
Sarah : Well, yes, I had two people working for me who didn’t get along at all – they had no shared values, different temperaments – and they used to argue a lot, it looked like it was impossible for them to work together. So, I sat down with them, and we talked about their differences and their problems and after that, things went much more smoothly!
(ဟုတ်ကဲ့၊ ရှိပါတယ်၊ ကျွန်မလက်အောက်မှာ အလုပ်လုပ်နေတဲ့ လူနှစ်ယောက်က အချင်းချင်းလည်း လုံးဝမတည့်ပါဘူး - မတူညီတဲ့စံတွေရှိကြတယ်၊ ကွဲပြားတဲ့ စရိုက်နဲ့ - ပြီးတော့ အချင်းချင်း ခဏခဏ ငြင်းခုံကြတယ်။ သူတို့နှစ်ယောက် အတူတူအလုပ်တွဲလုပ်ဖို့ဆိုတာ ကြည့်လိုက်ရင် မဖြစ်နိုင်သလိုပဲ။ အဲဒီတော့၊ ကျွန်မသူတို့နဲ့ အတူတူထိုင်လိုက်တယ်ပြီးတော့ သူတို့ရဲ့ ခြားနားချက်တွေ၊ ပြဿနာတွေကို ပြောကြတယ်၊ အဲဒီလိုလုပ်ပြီးတော့ အရာရာက ပိုမိုအဆင်ပြောလာတယ်လေ။)
Philip Hart : How would you deal with a rapidly changing and uncertain global market? (အချိန်တိုအတွင်းမှာ လျှင်မြန်စွာပြောင်းလဲနေတဲ့ ကမ္ဘာ့ဈေးကွက်တစ်ခုကို ခင်ဗျားဘယ်လို ကိုင်တွယ်မလဲ?)
Sarah : : Ok, that’s actually something I wanted to talk about in my presentation… but I’d say to stay flexible and to diversify markets and sales strategies.
(အင်း၊ အဲ့ဒါကတော့ ကျွန်မရဲ့ တင်ပြချက်ထဲမှာ ပြောပြချင်နေတဲ့ အချက်တစ်ချက်ပါပဲ…ဒါပေမယ့် ကျွန်မပြောချင်တာကတော့ ပြင်လွယ်ပြောင်းလွယ်ဖြစ်အောင်နေပြီး ဈေးကွက်နဲ့ အရောင်းဗျူဟာ အမျိုးမျိုးရှိသင့်ပါတယ်။)
Marcia Boardman : It says on your CV you speak French and Spanish.
(ရှင့်ရဲ့ ကိုယ်ရေးရာဇ၀င်မှာ ပြင်သစ်နဲ့ စပိန်စကားပြောတယ်လို့ရေးထားတယ်။)
Sarah : : Yes, I do. I lived in both France and Spain for a while.
(ဟုတ်ကဲ့။ ကျွန်မပြင်သစ်နဲ့ စပိန်နိုင်ငံမှာ နေခဲ့ဖူးပါတယ်။)
Philip Hart : Any plans to learn other languages?
(တစ်ခြားဘာသာစကားတွေကိုရော လေ့လာဖို့အစီအစဉ်ရှိလား?)
Sarah : I’d love to try!
(ကြိုးစားကြည့်ချင်ပါတယ်။!)
Marcia Boardman : Ok, can you tell us about a time you closed a particularly challenging deal? (ဟုတ်ပါပြီ။ စိန်ခေါ်မှုတွေပါတဲ့ သဘောတူစာချုပ်မျိုး ချုပ်ဆို တာမျိုးရှိခဲ့ဘူးလား? ရှိရင်ပြောပြပါလား)
Sarah : Well, the biggest contract I won – and the thing I’m most proud of professionally – was with a large university in India, to provide language training. The contract was full of technicalities and the client was very picky! – But I still pulled it off.
(အကြီးဆုံးသဘောတူစာချုပ်ကို ချုပ်နိုင်ခဲ့ပြီး အလုပ်ကိစ္စမှာ ကျွန်မဂုဏ်အယူဆုံးကတော့ အိန္ဒိယက တက္ကသိုလ်ကျောင်းကြီး တစ်ခုနဲ့ ဘာသာစကားလေ့ကျင့်မှုကို ထောက်ပံ့ဖို့လုပ်နိုင်ခဲ့တာပါပဲ။ အဲ့ဒီစာချုပ်မှာ လုပ်ငန်းရပ်ဆိုင်ရာ အသေးစိပ်ကိစ္စတွေပါပြီး အလုပ်အပ်သူကလည်း အရမ်းဇီဇာ ကြောင်တာပဲ။ဒါပေမဲ့ ကျွန်မလုပ်နိုင်ခဲ့ပါတယ်။)
Marcia Boardman : Ok – do you have any questions for us?
(အိုကေ - ကျွန်မတို့ကိုမေးချင်တာများရှိပါလား?)
Sarah : Yes – about your ethical policy and your carbon footprint…I was wondering whether you are planning to reduce your carbon footprint and whether all your products are ethically sourced?
(ဟုတ်ကဲ့။ရှင်တို့ရဲ့ကျင့်ဝတ်ဆိုင်ရာ မူဝါဒနဲ့ကာဘွန်ထုတ်လုပ်မှုပါပဲ ..... ကာဘွန်ထုတ်လုပ်မှုကိုလျော့ချဖို့ အစီအစဉ်ရှိပါသလား။ ထုတ်လုပ်မှုတွေကရောကျင့်ဝတ်နဲ့ကိုက်ညီပါရဲ့လား။)
Philip Hart : That’s a very good question…and that’s something we’re moving towards at the moment…
(အဲ့ဒါအရမ်းကောင်းတဲ့ မေးခွန်းပါပဲ.. ပြီးတော့အဲ့ဒါကို ယခုလက်ရှိအချိန်မှာကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။)
Marcia Boardman : Ok, well, let’s move on to the presentation…
(ဟုတ်ပြီ၊ တင်ဆက်မှုဆီကို ဆက်လက်သွားလိုက်ရအောင်…)
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment