Sunday, December 18, 2011

၀၉-၈၀ နှင့်စသော WCDMA ဖုန်းလိုင်းများကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပိတ်သိမ်း

ဝ၉-၈ဝ နှင့်စသော WCDMA  ဖုန်းလိုင်းများကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း ရွှေဂုံတိုင်ရှိ မြန်မာ ဆက်သွယ်ရေးရုံးမှ ရုံးဝန်ထမ်းတစ်ဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။



ရွှေဂုံတိုင် မိုဘိုင်း အိတ်ချိန်ရုံး၏ ဆိုင်းဘုတ်

ဒီဇင်ဘာ ၁၃ ရက်နေ့ ကစပြီး ဝ၉-၈ဝ WCDMA  ဖုန်းလိုင်းတွေကို ပိတ်သိမ်းပြီး ဂျီအက်အမ် ငါးသိန်းဖုန်းတွေနှင့် ပြန်လဲပေးမှာဖြစ်ပါတယ်။ မည်သည့် အတွက်ကြောင့် အဆိုပါဖုန်းများကို ပိတ်သိမ်းရသည်ကို သေချာ မသိရသော်လည်း

ဖုန်းကိုင်ဆောင် အသုံးပြုနေသူများအား နေရာဒေသအလိုက် ငါးသိန်းတန် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများဖြင့် လဲလှယ်ပေးသွားမည် ။ ဖြစ်ကြောင်း  ၊ CDMA 800 MHZ လိုင်း ရှိနေရင် 800 နဲ့ လဲပေးမယ် ၊ GSM ဖုန်းလိုင်းများကို GSM

နဲ့ လဲပေးမှာဖြစ်ပြီး  ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာမြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် လာရောက် လဲလှယ်နိုင်ကြောင်း ယင်းဝန်ထမ်းက ပြောပါတယ်။ ထိုသို့ လဲလှယ်ပေး ရာတွင် လဲလှယ်သည့် ဖုန်းမှာ မြန်မာ့ ဆက်သွယ်

ရေးလုပ်ငန်းမှ ထုတ်ပေးထားသည့် စာရွက်စာတမ်း အပြည့်အစုံ နှင့် အမည်ပေါက်ဖြစ်ရမည် ဖြစ်ကြောင်း သိရပါတယ်။  ငှားရမ်းထားတယ် ဆိုရင်လဲ နာမည်ပေါက်ဖြင့် ပြန်လျှောက်ရမှာဖြစ်တယ်။ ငွေထပ်မံ အလိုက်ပေး၍ လဲလှယ်စရာ

မလိုပါဘူး ဟု သိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေး ရုံးများမှာ ပန်းဆိုးတန်း မြန်မာ့ ဆက်သွယ်ရေးရုံး ၊ အလုံဆက်သွယ်ရေးရုံး ၊   ရွှေဂုံတိုင် မိုဘိုင်း အိတ်ချိန်းရုံး နှင့် ရန်ကုန်စာတိုက်ကြီး စုစုပေါင်း ဆက်သွယ်ရေး ရုံး ၄ ရုံးမှာ ပြန်လည်၍

လဲလှယ် ပေးသွားမှာ ဖြစ်ပါသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတွင် ဝ၉-၈ဝ ဖုန်းများသာမက ဝ၉-၉၉ ဖြင့် စသော ဆယ်လူလာဖုန်း ၊ ခြင်းဖုန်းများကိုပါ ငါးသိန်းတန် မိုဘိုင်းဖုန်းများဖြင့် လဲလှယ်ပေးနေသလို မကြာမီ လပိုင်း

အတွင်း ကျပ်နှစ်သိန်းခွဲတန် ဂျီအက်စ်အမ် ဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးရုံးမှ သိရတယ်။

WCDMA ဆင်းကဒ်



@burmavjmedia

Posted by ဂျစ်တီး

No comments:

Post a Comment