Sunday, December 18, 2011

စားပွဲအဖြစ်သုံးနိုင်မည့် Samsung ၏ Tablet ကွန်ပျူတာ မိတ်ဆက်ပြသ




Samsungကုမ္ပဏီသည် စားပွဲအဖြစ် အသုံးပြုနိုင်မည့် လက်မ(၄၀) Tablet ကွန်ပျူတာ တစ်လုံးကို မိတ်ဆက် ပြသလိုက်ကြောင်း သိရသည်။ Multi-touch နည်းပညာအရ အဆိုပါ Tabletသည် မျက်နှာပြင်ပေါ် ထိတွေ့ခံစားမှု (၅၀)ကို တစ်ပြိုင်နက်တည်း အာရုံခံ သိရှိနိုင်ကြောင်း သိရှိရသည်။ Touchscreen နည်းပညာ၏ မျိုးဆက်သစ် ကွန်ပျူတာ တစ်ခုအဖြစ် ဖန်တီးထားသော အဆိုပါ ကွန်ပျူတာသည် ဘောပင်နှင့် ထောက်တံကဲ့သို့ ပစ္စည်းများ၏ အထိအတွေ့ကိုပါ ခံယူနားလည်နိုင်သည်။

ထို့အပြင် Screen ၏ ရုပ်ထွက်အားမှာ Full HD အဆင့်ဖြစ်ပြီး အတွင်းထဲတွင် Windowsစနစ်ကို အခြေခံထားသည့် စွမ်းအင်မြင့် System တစ်ခုကို ထည့်သွင်းထားသည်။ ကွန်ပျူတာ၏ အထူမှာ (၄)လက်မသာရှိသည်။ Touchscreen နည်းပညာတွင် Screen၏ ထိတွေ့မှုကို အာရုံခံရာ၌ အကန့်အသတ်ဖြင့်သာ လက်ခံနိုင်သော အားနည်းချက်ကို မိမိတို့ ကျော်လွှားနိုင်ခဲ့ကြောင်း Samsung က ကြေညာသည်။



အဆိုပါ Tabletသည် ကလေးငယ်များအတွက် အလွယ်တကူ ပုံဆွဲခြင်းမျိုး ပြုလုပ်နိုင်သလို Facebook တွင် ဓာတ်ပုံများတင်ခြင်း၊ YouTubeမှ ဗီဒီယိုများ ကြည့်ရှုခြင်းတို့ကို ကြည်လင်ပြတ်သားစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ Microsoft သည်လည်း အလားတူ နည်းပညာမျိုးကို CES 2011ပွဲတွင် ပြသခဲ့ဖူးသည်။ LCDအခြေပြု Touchscreen ကြီးများကို အသုံးပြုထားသည့် စားပွဲမျိုးကို Microsoftက ဖန်တီးမိတ်ဆက်ခဲ့သည်။ Samsungသည် ၎င်းတို့၏ စားပွဲTablet ကို SUR40 ဟု အမည်ပေးထားပြီး ပေါင်စတာလင် (၇,၅၀၀)ဖြင့် မှာယူနိုင်ကြောင်း သိရှိရသည်။

Source : www.planet.com.mm

Posted by ဂျစ်တီး

No comments:

Post a Comment