Sunday, December 18, 2011

လူသားတို့နေထိုင်ရန် သင့်တော်မည့် ဂြိုဟ်သစ်တစ်ခု ရှာဖွေတွေ့ရှိ

ဒီဇင်ဘာလထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အေးမြမှုနဲ့အတူ အမေရိကန် အမျိုးသား အာကာသ လေ့လာရေး အေဂျင်စီ (NASA) က လူသားတွေ နေထိုင်ရန် သင့်တော်တဲ့ ကမ္ဘာမြေသစ် (သို့)  ဂြိုဟ်သားကမ္ဘာ (Alien world) တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဒီသတင်းကောင်းကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

NASA ရဲ့ သိပ္ပံပညာရှင်တွေက ယခုသတင်းအား လာမည့်နှစ်လောက်မှ ထုတ်ပြန်ရန် အဆိုပြုထားသော်လည်း NASA တာဝန်ရှိသူတွေက ယခုကဲ့သို့ အလျင်အမြန် ထုတ်ပြန်ခဲ့တာပါ။ ယခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဂြိုဟ်ကို Kepler-22b လို့ အမည်ပေးထားပြီး သူ့ရဲ့ အလင်းနှစ်က သန်း ၆၀၀ ရှိပြီး ကမ္ဘာနဲ့ 5.9 ထရီလီယံမိုင် ကွာဝေးပါတယ်။ Kepler-22b ရဲ့ အချင်းဟာ ကမ္ဘာမြေထက် 2.4 q လောက်သာကြီးပြီး သူ၏ ပျမ်းမျှ အပူချိန်ဟာ 72° F (22° C) သာ ရှိပါတယ်။

ဒီမတိုင်မီ ၂၀၀၉ ခုနှစ်မှစ၍ နာဆာသည် ၎င်းတို့၏ Kepler telescope များဖြင့် ဂြိုဟ်ပေါင်း ၁၂၃၅ ဂြိုဟ်ကို ရွေးချယ်ခဲ့ပြီး ၎င်းတို့ထဲမှ နေထိုင်ရန် သင့်လျော်သောဂြိုဟ် ၅၄ ဂြိုဟ်၊ ကမ္ဘာမြေနှင့် အရွယ်အစား တူသော်လည်း မြေမျက်နှာသွင်ပြင် ကျောက်တောင်များဖြင့် ထူထပ်နေသော ဂြိုဟ် ၆၈ ဂြိုဟ်တို့မှ ယခု Kelper-22b ဂြိုဟ်ကို NASA ရဲ့ ဂြိုဟ်လိုက်မုဆိုး (Alienhunters) တို့က ရှာဖွေ ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဝါရှင်တန် ဒီစီအခြေစိုက် နာဆာဂြိုဟ်တု လေ့လာရေး သိပ္ပံပညာရှင် ဒေါက်တာ ကလပ်ဟတ်ဂင်ကမူ “အခုအချိန် ကျွန်တော်တို့ တွေးနေတာကတော့ ကျွန်တော်တို့ ကမ္ဘာမြေရဲ့ အမြွှာညီလေး အကြောင်းကိုပါ။ ဒီသတင်းကို ခရစ်စမတ် လက်ဆောင်အဖြစ် ယူပေးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်” ဟု ဆိုသွားခဲ့သည်။

၎င်း၏ အဖွဲ့ဝင်များဟာ အခုဆိုရင် Kepler-22b ဂြိုဟ်အား အာရုံစိုက် လေ့လာလျက် ရှိနေကြပြီး ၂၀၁၂ နိုဝင်ဘာမှာတော့ နောက်ထပ် အတည်ပြုမှု ပြုလုပ်ဦးမှာပါ။ ကမ္ဘာမြေနှင့် သဏ္ဌာန်တူဖို့ ဆိုရာတွင် ယေဘုယျအားဖြင့် နေအဖွဲ့အစည်း ပတ်လည် ၃ လမ်း အပူချိန်၊ ရေ၊ မြေ၊ လေနှင့် နေအလင်းရောင်တို့က အဓိကကျကြောင်း သိရသည်။ ဟတ်ကင်တို့ရဲ့ NASA အဆိုသာ မှန်ကန်ခဲ့မည်ဆိုလျှင် ကျွန်တော်တို့ လူသားသမိုင်း၏ အကြီးမြတ်ဆုံးသော ရှာဖွေဖန်တီးမှုကို NASA က ကမ္ဘာသူ ကမ္ဘာသားတို့ အတွက် ယူဆောင်ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Source: www.mmcybermedia.com

Posted by ဂျစ်တီး

No comments:

Post a Comment