Monday, November 14, 2011

You're Hired - အပိုင်း (၃)

Episode (3)


Marcia calls two of the candidates giving them details of the interview process.
(မာစီယာသည် အလုပ်လျှောက်သူ နှစ်ယောက်ကို ဖုန်းဆက်၍ လူတွေ့မေးမည့်အစီအစဉ်အသေးစိတ်ကို ပြောကြားသည်။)

MB : Hi, I’m Marcia Boardman. I’m calling from WebWare.
ဟိုင်း ကျွန်မက မာစီယာ ဘော့(ဒ)မင်ပါ။ ၀က်(ဘ)၀ဲ ကုမ္ပဏီကနေ ပြောနေတာပါ။
DW : Oh hi, Marcia, Great to hear from you.
အော် ဟိုင်း မာစီယာ။ ကြားရတာ ၀မ်းသာပါတယ်။
MB : You’ll already have been told you’ve been shortlisted for interview…
လူတွေ့ စစ်ဆေးခံရဖို့  ပဏာမ ဆန်ခါတင် ရွေးချယ်ခံရတဲ့ အထဲမှာ ရှင်ပါတဲ့ အကြောင်းကို အကြောင်းကြား ထားပြီး ဖြစ်မှာပါနော်………
ST : Oh…yes…great…hello? Can you hear me?
အော်…… ဟုတ်ကဲ့……ကောင်းပါတယ်……ဟယ်လို? ကြားပါသလား?
MB : Yes… Is it OK if I call you now? Would you like me to call you back later?
ဟုတ်ကဲ့၊ ကြားရပါတယ်……..အခုစကားပြောရတာ အဆင်ပြေပါရဲ့လား? နောက်မှပြန်ဆက်လိုက်ရ ပါမလား?
ST : Erm,no, no, no, that’s OK.
အယ်၊ ဟင့်အင်း၊ ဟင့်အင်း  ရပါတယ်။
MB : Good - well we’re very excited about meeting you. OK, I just want to talk you through    the procedure for the day. Someone will meet you when you arrive, reimburse you for any travel expenses you may have, and then bring you up to meet myself and Philip Hart, the CEO.
ကောင်းပါပြီ - ကဲ ကျွန်မတို့ကတော့ ရှင်နဲ့တွေ့ဖို့အရေးကို စိတ်အားထက်သန် နေကြပါတယ်။ ဟုတ်ပါပြီ။ ကျွန်မ အနေနဲ့ အဲဒီနေ့အတွက် လုပ်ထုံးလုပ်နည်း တွေကိုရှင်းပြချင်လို့ပါ။ ရှင်ရောက်လာတဲ့အခါ တစ်ယောက်ယောက်က လာကြိုပါလိမ့်မယ်။ ကုန်ကျခဲ့တဲ့ ခရီးစရိတ်ကိုလည်းပြန်ပေးပါလိမ့်မယ်။ ပြီးတော့မှ ကျွန်မ  နဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဖိလစ်ဟတ်တို့ကိုတွေ့ဆုံဖို့ခေါ်လာပါလိမ့်မယ်။
DW : OK, sounds good. So will you be the only members of the interview panel there then?
ဟုတ်ကဲ့၊ ကြားရတာအဆင်ပြေပါတယ်။ ဒီလိုဆိုရင် အဲဒီမှာရှိတဲ့ လူတွေ့စစ်ဆေးရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ ခင်ဗျားတို့ နှစ်ယောက် တည်းပေါ့နော်?
MB : Yes, it’ll be just me and Philip who will talk to you. The interview will be in three parts – first of all we’ll ask you some general questions about yourself and your educational and professional background, then we’ll move on to specifics.
ဟုတ်ပါတယ်။ ကျွန်မနဲ့ ဖိလစ်ကပဲ ရှင်တို့နဲ့မေးမြန်းပြောဆိုမှာပါ။ လူတွေ့စစ်ဆေးခြင်းကိုတော့ (၃)ပိုင်းခွဲထားပါတယ်။ ပထမဦးဆုံး ရှင့်အကြောင်း၊ ရှင်တို့ရဲ့ ပညာရေးနဲ့ အတတ်ပညာကျွမ်းကျင်မှု ဆိုင်ရာ နောက်ခံသမိုင်းနဲ့ပတ်သက်လို့ အထွေထွေမေးခွန်းလေးတွေမေးမယ် ပြီးမှ အသေးစိတ် ဆက်သွားမယ်။
ST : Oh, er, specifics? Well er, what kind of questions will you be asking?
သြော်… အသေးစိတ်? ဒါဖြင့်ရင် ဘယ်လိုမေးခွန်းမျိုးတွေမေးမှာပါလဲ?
MB : Well, it’ll be very similar to the personal statement you submitted with your CV – we’ll be expecting you to to give actual examples of problems you’ve faced and solved, and of what you feel are the major successes in your career so far.
အဲဒါကတော့ CV ပေါ်မှာ ရှင်ကိုယ်တိုင် ရေးထားခဲ့တဲ့ အချက်အလက်တွေနဲ့ ခပ်ဆင်ဆင်ဖြစ်မှာပါ။ ရှင်အမှန်တကယ် ရင်ဆိုင်ခဲ့ရတဲ့ပြဿနာတွေနဲ့ လက်တွေ့ဖြေရှင်း ခဲ့ပုံတွေကို ဥပမာအနေနဲ့ပေးရမယ်။ ဒီနေ့အထိ ရှင့်ရဲ့အလုပ်အကိုင်နဲ့ ပတ်သက်လို့ အဓိကအောင်မြင်မှုတွေက ဘာတွေလဲဆိုတာကိုလဲ ပြောရမယ်။
DW : OK, well yeah, that sounds great – can’t wait!
ကောင်းပါပြီ။ ကြားရတာ အားရလိုက်တာ။ ဖြေချင်လှပြီ၊ မစောင့်နိုင်တော့ဘူး။
MB : Then there’ll be a chance for you to ask us any questions – about the job itself, or WebWare in general …
နောက်ပြီးတော့ အလုပ်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် WebWare နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကျွန်မတို့ကို ရှင်တို့မေးချင်တာရှိရင်မေးလို့ရအောင် အခွင့်အရေးပေးမှာပါ။
ST : Oh, erm, OK … I’ll think of something!
အင်း…ကောင်းပါပြီ တစ်ခုခုတော့ စဉ်းစားလို့ ရနိုင်မှာပါ။
MB : After that, we’d like you to give a short presentation on how you see WebWare as a company progressing, and how you see yourself taking us there.
ပြီးရင်တော့ WebWare ကို တိုးတက်နေတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ဘယ်လို မြင်သလဲဆိုတာနဲ့ အဲဒီပန်းတိုင်ရောက်အောင် ရှင့်အနေနဲ့ ကျွန်မတို့ကို ဘယ်လို ပို့ဆောင်ပေးနိုင်မယ်ဆိုတာတွေနဲ့ ပတ်သက်တဲ့ တင်ဆက်မှုအတိုလေးတစ်ခုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
DW : OK so will I be expected to give like a formal style presentation?
ကောင်းပါပြီ။ ဒါဆိုရင် ကျွန်တော့အနေနဲ့ သတ်မှတ်ထားတဲ့ တင်ဆက်မှုပုံစံနဲ့ တင်ဆက်ရမှာလား?
MB : It can be as formal or informal as you like. There’ll be a flipchart and a data projector there available. If you need anything else, just let us know.
အလုပ်သဘောဆန်ဆန် တင်ဆက်မှုလုပ်မလား၊ ပေါ့ပေါ့ပါးပါးပဲလုပ်မလား ဆိုတာကတော့ ရှင့်သဘောပါ။ Flipchart တစ်ခုနဲ့ Data Projector တစ်ခုတို့ကို အသုံးပြုနိုင်အောင် အဆင်သင့် ထားပေးထားပါမယ်။ တစ်ခြားလိုတာရှိရင်လဲ ကျွန်မတို့ကို ပြောပါ။
ST : Oh, erm OK, a presentation! I’ll think of something. I haven’t done one of those in a while…
အော်…အင်း…ဟုတ်ကဲ့။ တင်ဆက်မှု!  တစ်ခုခုတော့ စဉ်းစားလို့ရမှာပါ။  အဲဒါမျိုးမလုပ်တာ တော်တော်တောင်ကြာသွားခဲ့ပြီ။
MB : Is that all clear? Great, so, Daniel. I’ll you at 11am, a week tomorrow.
အားလုံးရှင်းပါရဲ့လား? ကောင်းပါပြီ။ ဒါဆိုရင် ဒန်နီယယ်(လ) မနက်ဖြန်ကာကစလို့ တစ်ပတ်ပြည့်တဲ့နေ့ မနက်-၁၁:၀၀-နာရီမှာတွေ့ကြမယ်နော်။
DW : OK, great, I look forward to meeting you! Thanks, bye.
ဟုတ်ကဲ့၊ ကောင်းပါပြီ၊။ ခင်ဗျားနဲ့တွေ့ဖို့ကိုမျှော်လင့်နေမှာပါ။ ကျေးဇူးတင်ပါတယ်။ ဘိုင့်ဘိုင်။
MB : OK, so, Sarah, we’ll be seeing you at 1pm, a week tomorrow. Best of luck!
ကောင်းပါပြီ။ ကဲ ဒါဆိုရင် ဆယ်ရာ ရှင့်ကိုတော့ မနက်ဖြန်ကာကစလို့ နောက်တစ်ပတ်ပြည့်တဲ့နေ့ နေ့လည် ၁:၀၀ နာရီမှာတွေ့ကြတာပေါ့။ ကံကောင်းပါစေ။
ST : Oh, thanks…I’ll need it…
ကျေးဇူးပါပဲရှင်။ ကျွန်မ အဲဒါကိုလိုအပ်မှာပါ…….
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment