Monday, October 24, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၇ )

SxVxO ပုံစံဟာ အင်္ဂလိပ်စကားမှာ အရိုးစွဲနေတဲ့အကြောင်း အရင်အခန်းများတုန်းက
( Passive voice အကြောင်း ဆွေးနွေးစဉ် ) တင်ပြခဲ့ဖူးပြီ။ ဒီတော့ ဒီပုံစံမှာ S နဲ့ V ရှေ့နောက် ပြောင်းတာမျိုး အတော်ကလေးနည်းတယ်။ အကြောင်းကတော့ နေရာပြောင်းလိုက်ရင် အဓိပ္ပါယ် ပြောင်းသွားတာကိုး။ ( Sentence Structure ( 9 ) - Word Order - 1 မှာ ဆွေးနွေးခဲ့ပြီးပြီ )။ ဥပမာ ...
The dog bit the man.
The man bit the dog.
.........S.....V..........O
ဒါပေမယ့် DO ကို မျက်တောင်ကော်မာလို့ မြန်မာတွေခေါ်ကြတဲ့ စကားပြော အမှတ်အသားလေးတွေ ထည့်သွင်းထားတယ်။ စကားပြောရာမှာလည်း အသံနေ အသံထားက ပြညွှန်မယ်ဆိုရင် ရှေ့နောက် ပြောင်းပြန်လုပ်လို့လည်းရ၊ လုပ်တာလည်း အတော်များတယ်။ ဥပမာ ...
She said, " NO ".
.S.......V......DO
" NO " said she.
..DO.....V.....S
အချိန်ပြတဲ့စကားလုံးနောက်မှာ S နဲ့ V ကို နေရာပြောင်းလဲတာ ခေတ်စားတယ်။ ဥပမာ ..
One seldom has such an opportunity.
..S.................V
Seldom has one such an opportunity.
...............V....S
ဒီလို အခါအခွင့်မျိုး ရခဲတယ်။
DO ကို ၀ါကျရှေ့ထားလိုက်တဲ့အခါ အာရုံက သူ့အပေါ် ရောက်သွားတယ်။ နှစ်ခုယှဉ်စရာရှိရင် ဒီနှစ်ခုအပေါ်မှာပဲ အာရုံရောက်သွားတာပါပဲ။ ဒီတော့ ဆန့်ကျင်ဘက်နှစ်ခုဟာ သိသိသာသာကြီး ထင်ရှားသွားရတော့တာပဲ။

Talent, Mr. Micawber has; capital, Mr. Micawber hasn't.
...DO................S..........V........DO.................S...........V
အရည်အချင်း မစ္စတာမိကောဘာမှာရှိရဲ့၊ အရင်းအနှီး မစ္စတာမိကောဘာမှာ မရှိဘူး။
အထက်ပါ ၀ါကျကို အောက်ပါ ၀ါကျနှင့် ယှဉ်ကြည့်ပါ။
Mr. Micawber has talent; Mr. Micawber hasn't capital.
.............S.........V.....DO................S...........V.........DO
Such people he hated.
.............DO...S......V
ဒီလိုလူမျိုးတွေကို သူမုန်းတယ်။
( He hated such people နဲ့ ယှဉ်ကြည့်ပါ။ )
...S......V...............DO
မေးခွန်းမှာ V တစ်လုံးကို S ရှေမှာ ထားပေးတာတို့၊ V ကို v နဲ့ ခွဲလိုက်ပြီး v ကို S ရှေ့က ထားလိုက်တာတို့ဟာ လုပ်ရိုးလုပ်စဉ်ပါပဲ။
Have we time?
...V....S.....DO
တို့မှာ အချိန်ရှိရဲ့လား။
Does she read novels?
...v.....S.....V........DO
သူ ၀တ္ထုဖတ်သလား။
မေးခွန်းမှာ DO ဟာ what, which, whom, whose စတဲ့ စကားလုံးတွေ သူတို့ချည်း ဖြစ်နေရင် ဒါမှမဟုတ် ဒီိစကားလုံးလေးတွေနဲ့ Noun တစ်ခု တွဲရက်ရှိနေခဲ့ရင် DO ကို ၀ါကျရှေ့ဆုံးမှာ ထားရတာဟာလည်း ပုံမှန်ပါပဲ။
What can she be reading?
.DO.....v.....S....v.......V
သူ ဘာကိုဖတ်နေတာများလဲ။
What books have you?
...........DO.......V.......S
ဘာစာအုပ်တွေ မင်းမှာရှိသလဲ။
Which books do you prefer?
..............DO...v....S......V
ဘယ်စာအုပ်တွေ မင်းပိုကြိုက်သလဲ။
Indirect Object ကိုလည်း အလေးပေးချင်ရင် ရှေ့ဆုံးနေရာမှာ ထားနိုင်တယ်။ သာမန် အနေအထားအရ
He gave Joan nothing, but he gave George a pound.
.S.....V......IO.......DO...........S.....V........IO...........DO
အထက်က ၀ါကျကို ခွဲခြားမှု ပေါ်လွင်အောင် အောက်ပါအတိုင်း ပြင်ရေးနိုင်တယ်။
Joan he gave nothing, but George he gave a pound.
..IO....S....V........DO.................IO....S.....V..........DO
ဂျုံးကို သူတစ်ပြားမှ မပေး၊ ဂျော့ကို တစ်ပေါင်ပေးတယ်။
IO+DO ဆိုတဲ့ အစီအစဉ်ဟာ Noun Object တွေနဲ့ စပ်လျဉ်းပြီး ပြောရတာပဲ ဖြစ်တယ်။ Pronoun Object တွေမှာတော့ အဲ့သလောက် သတ်သတ်မှတ်မှတ် မရှိလှဘူး။ နှစ်မျိုးစလုံး ( IO+DO, DO+IO ) တွေ့ရတာချည်းပဲ။
The manager gave him it.
............S.........V......IO..DO
The manager gave it him.
..............S........V...DO..IO
အရင်တုန်းကတော့ The manager gave it to him လို့ သုံးကြတယ်။ အခုခေတ်လည်း သုံးပါသေးရဲ့။ ဒါပေမယ့် to မပါဘဲ gave it him လို့ သုံးတာက ပိုမို ခေတ်စားလာတယ်။
မေးခွန်းမှာ DO ကို ဖြစ်ဖြစ်၊ IO ကို ဖြစ်ဖြစ် ရှေ့ဆုံးက ထားနိုင်တယ်။ Who, What တို့ချည်းဖြစ်ဖြစ်၊ Who, What တို့ကို Noun နဲ့ တွဲပြီးတော့ ဖြစ်ဖြစ် သုံးနိုင်တယ်။
Who(whom) does he teach French?
..IO................v......S.....V..........DO
ဘယ်သူ့ကို သူ ပြင်သင်စကား သင်ပေးတာလဲ။
What does he teach the boy?
..DO......v....S....V............IO
သူကောင်လေးကို ဘာသင်ပေးတာလဲ။
What language does he teach them?
...............DO........v....S.....V........IO
သူတို့ကို သူ ဘာစကားသင်ပေးသလဲ။
Which class does he teach French?
..............IO.....v....S.....V.........DO
ဘယ်အတန်းကို သူ ပြင်သစ်စကားသင်သလဲ။
အခြားအစိတ်အပိုင်းများနည်းတူပဲ Object Complement ကိုလည်း ၀ါကျရှေ့မှာ ထားလိုက်ရင် အလေးပေးလိုရာ ရောက်သွားတာပါပဲ။ ဥပမာ...
I never thought you dishonest.
S..............V.......DO.........OC
ဒါကို ပြောင်းလိုက်တော့
Dishonest i never thought you.
......OC.....S...............V.......DO
မင်းကို မရိုးသားဘူးလို့ ငါ မထင်ခဲ့မိဘူး။
OC ထက် DO ကို ဦးစားပေးချင်ရင်တော့ DO ရှေ့မှာ ထားလိုက်တာပါပဲ။
They called their first son Thura.
...S.......V....................DO.....OC
Their first son they called Thura.
................DO....S.......V........OC
ပထမဆုံးသား ( သားဦး ) ကို သူတို့က သူရလို့ မှည့်လိုက်တယ်။
မှတ်ချက်.။..........။ မြန်မာစကားမှာလဲ ၀ါကျရှေ့က ကတ္တားကို ထားတာချည်းမဟုတ်ဘဲ DO, IO, OC စတာတို့ကိုလဲ ရှေ့မှာထားကြတာဟာ အဲဒီစကားလုံးကို ဦးစားပေးလိုရင်းလို့ ယူဆနိုင်ပေလိမ့်မယ်။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment