Friday, October 21, 2011

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၂)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ အလုံးလိုက်အရင်းလိုက် စီးဝင်လာနေမှုကို ကန့်သတ်ရန် ပထမဦးဆုံး စင်ကာပူအစိုးရ၏ ကြိုးစားအားထုတ်မှုမှာ Levy များအား တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။
Levy များတိုးမြှင့်ကာ အလုပ်ခန့်ထားမှုများကို ကြပ်လိုက်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့ကျသွားခဲ့ရာ ယခုအခါ မြန်မာအများစုမှာ စင်ကာပူသို့ Visit Visa ဖြင့်လာရောက်အလုပ်ရှာရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရလျှက် ရှိပါသည်။ အလုပ်မရသူများ၊ အလုပ်ရသည့်တိုင် တင်လိုက်သည့် Work Pass ကျမလာမှု စသည် တို့ကြောင့် ပြန်လည်ဆုတ်ခွာသွားရသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။
စင်ကာပူအစိုးရမှ Foreign Worker Levy များကို အဆင့်ဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခု သတ်မှတ်ထားသော Levy များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Ref: http://www.mom.gov.sg/foreign-manpower/foreign-worker-levies/Pages/levies-quotas-for-hiring-foreign-workers.aspx
အောက်ဖော်ပြပါဇယားမှ Skilled ဟူသည်မှာ Low Levy စာမေးပွဲ အောင်ထားသူကို ခေါ်ပြီး Unskilled ဟူသည် High Levy တစ်နည်းအားဖြင့် Low Levy စာမေးပွဲ မအောင်ထားသူများကို ခေါ်ပါသည်။ Levy များအကြောင်း အသေးစိတ်သိလိုလျှင် ကျွန်တော်ရေးသော “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀% မှ ၅၀% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၅၀ % မှ ၆၅% ထိရှိခြင်း
Higher Skill : BCA မှ ထုတ်ပေးသော Trade Certificate ရှိပြီး စင်ကာပူတွင် ထိုအလုပ်နှင့် လုပ်သက် အနည်းဆုံး ၄ နှစ်ရှိသူ။ BCA မှ ထုတ်ပေးသော Trade Certificate အသေးစိတ်ကို http://www.bcaa.edu.sg/ListCPCF.aspx တွင်ကြည့်ပါ။
Basic Skill : BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်ရှိသူ။
BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်အကြောင်း အသေးစိတ်ကို အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း
https://www.bca.gov.sg/academy/cop_Testcenters.aspx တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
MYE : Man Year Entitlement, Construction sector အတွက် MYE ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ၁၀% ထိ လျှော့ချလိုက်ပါသည်။ MYE အကြောင်းအသေးစိတ်သိလိုသူများ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
excempted from MYE : Construction တွင် အနည်းဆုံးလုပ်သက် ၂ နှစ်ရှိသူများမှ လျှောက်နိုင်ပါသည်။

 
Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀% မှ ၃၅% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၅ % မှ ၅၀% ထိရှိခြင်း
S Pass များအတွက် Levy မှာ ယခင်က တစ်လလျှင် ၅၀ ဖြစ်သော်လည်း ယခုအခါ အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။
 
ယခု စင်ကာပူနိုင်ငံ၌ နိုင်ငံသားနှင့် နိုင်ငံခြားသားများအား အလုပ်အကိုင် ခန့်ထားမှု အချိုးအစားကို လေ့လာကြည့် ပါမည်။
နိုင်ငံသားများနှင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှု အခြေအနေ (2010 Labor Force Survey Findings)
(Ref:
http://www.mom.gov.sg/statistics-publications/national-labour-market-information/publications/Pages/report-labour-force-sg.aspx)
ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှုကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။
 
ဤဇယားကိုကြည့်လျှင် စင်ကာပူနိုင်ငံသားများ အဘယ်ကြောင့် အလုပ်အကိုင်ခန့်ထားမှုအပေါ် ဒေါသထွက်နေ ရသနည်း ဆိုသည်ကို ထင်ရှားစွာ မြင်နိုင်ပါသည်။ အလုပ်အကိုင်အားလုံး၏ ၃၅ ရာခိုင်နှုံး (သုံးပုံတစ်ပုံ) ကို နိုင်ငံခြားသား များက နေရာယူထားသောကြောင့် ဖြစ်ပါသည်။ (နိုင်ငံခြားသားဟု ဆိုရာတွင်ပင် စင်ကာပူပီအာများ မပါသေး ဆိုသည်ကို သတိပြုရန် လိုပါသည်။)စင်ကာပူမှ အလုပ်လက်မဲ့နှုံး မှာ ဇွန်လ၊ ၂၀၁၁ စာရင်းများအရ အောက်ပါအတိုင်း ဖြစ်ပါသည်။
သို့ဆိုလျှင် စင်ကာပူနိုင်ငံသားများ အမှန်တကယ် အလုပ်မရကြတော့ပြီလော ဆိုသည်ကို ဆန်းစစ်ရန် စင်ကာပူမှ အလုပ်လက်မဲ့အခြေအနေကို လေ့လာရန် လိုပါသည်။
(Ref:
http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=373)
ဇွန်လ၊ ၂၀၀၉ - ၄.၅ % (ဦးရေအားဖြင့် - ၉၀၃၀၀)
ဇွန်လ၊ ၂၀၁၀ - ၃.၂ % (ဦးရေအားဖြင့် - ၆၅၅၀၀)
ဇွန်လ၊ ၂၀၁၁ - ၃.၀ % (ဦးရေအားဖြင့် - ၆၂၇၀၀)
ယခု ၂၀၁၁ ခုနှစ်တွင် ဇူလိုင်လ၌ မတ်လကထက်စာလျှင် အလုပ်လက်မဲ့နှုံး အနည်းငယ် မြင့်တက်လာ သည်။ အကြောင်းမှာ တက္ကသိုလ်ပညာပြီးဆုံးသူများ အလုပ်ရှာမှု ပိုမိုများပြားလာသည့်အတွက် ဟု ဖော်ပြထားပါသည်။ ထိုစာရင်းအရ စင်ကာပူတွင် အလုပ်လုပ်နေသူဦးရေ စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် ဒုတိယလေးလပတ်၌ ၃၁၅၆၉၀၀ (၃ သန်း ၁ သိန်းကျော်) ဖြစ်ကြောင်း သိရပါသည်။
ဤသည်ကို ကြည့်လျှင် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ အတွင်း အလုပ်လက်မဲ့နှုံးမှာ လျော့ကျသွားသည်ကို တွေ့နိုင်ပါသည်။ သို့ဆိုလျှင် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာမှုကြောင့် အလုပ်လက်မဲ့ဦးရေ တိုးလာမလာ လေ့လာကြည့်ပါမည်။
အထက်ပါဇယားအရ အလုပ်လက်မဲ့ဦးရေမှာ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ တွင်သာ အနည်းငယ် တိုးမြင့်လာပြီး နောက်ပိုင်းနှစ်များ၌ ပြန်လည်လျော့ကျသွားသည်ကို တွေ့မြင်နိုင်ပါသည်။ အဓိပ္ပါယ်မှာ နိုင်ငံခြားသားများ တိုးတက်ဝင်ရောက် လာသလောက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာခဲ့သည်။ သို့အတွက် ဌာနေ စင်ကာပူနိုင်ငံသားများ၏ အလုပ်အကိုင်ရရှိမှုအပေါ် ထိခိုက်မှုမရှိပါဟု သုံးသပ်နိုင်ပါသည်။
Posted by အိမ်လွမ်းသူ 

No comments:

Post a Comment