Wednesday, May 04, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၆)

Present Perfect Tense
Has ....................
have .................. + participle
ဒီကြိယာပုံစံမှာလည်း နှစ်ပိုင်းပါတယ်။ ရှေ့ က has ဒါမှမဟုတ် have နောက်က participle လို့ခေါ်တဲ့ အပိုင်း။ he, she, it, the boy စတဲ့  Singular noun တွေနဲ့  has ၊ I , We ,They The boys စတဲ့  Plural noun တွေနဲ့  have.
The boy has written.
The boys have written.
I have written.
(တစ်ယောက်တည်း Singular ကို has ဆိုပြီး ပုံသေမှတ်လို့ မရပါ။ I ကို have သုံးတာမှတ်ပါလေ။ I has လို့ မှားတတ်တာ မကြာမကြာ ကြုံရတယ်။ မမှားပါစေနဲ့။့)
မေးခွန်းလုပ်ရင် has / have ကို ကတ္တားနဲ့  ရှေ့ နောက် နေရာပြောင်း ၊ မဟုတ်ဝါကျလုပ်ရင် not ကလေးထည့်။
Has the teacher come yet?
ဆရာလာပြီလား။
What have you done?
မင်းဘာလုပ်ထားတာလည်း။
We have not eaten anything.
ကျနော်တို့  ဘာမှမစားရသေးဘူး။
Maung Pu has not done his homework.
မောင်ပု အိမ်စာမလုပ်ရသေးဘူး။
ဒီကြိယာရုပ်ကို သုံးတဲ့ နေရာများကတော့ ---


(၁) အခုလောလောလတ်လတ် လုပ်ကိုင်ပြီးတာကို ပြောတဲ့ အခါ သုံးတယ်။ already, just, now စတဲ့ စကားလုံးတွေ ပါတတ်တယ်။ မပြီးသေးရင် not နဲ့ yet ကို သုံးတယ်။ မေးခွန်းမှာတော့  not မပါပဲ yet ချည်းသုံးနိုင်ပါတယ်။
I have already had lunch.
ကျနော် နေ့ လည်စာ စားပြီးပါပြီ။
He has just gone out.
သူ အခုပဲ အပြင်သွားတယ်။
He has not come back yet.
သူ ပြန်မလာသေးဘူး။
ဒါမှမဟုတ် ………..
He has not yet come back.
Have you done your homework yet?
မင်း အိမ်စာ လုပ်မပြီးသေးဘူးလား။

(၂) ဘယ်အချိန်ရယ်လို့  ထောက်ပြမထားပဲ အတိတ်တစ်ချိန်က လုပ်ဖူးကိုင်ဖူးတာကို ပြရင် သုံးတယ်။ ဥပမာ …
I have been to Bagan.
ငါ ပုဂံ ရောက်ဖူးတယ်။
I have seen this film.
ငါ ဒီရုပ်ရှင် ကြည့်ဖူးတယ်။ ( ကြည့်ပြီးပြီ )
ဒီသဘောမျိုး မေးရင် ever ထည့်သုံးရပြီး မဟုတ်ဝါကျမှာ never ထည့်သုံးရတယ်။
Have you ever been to Bagan?
မင်း ပုဂံ ရောက်ဖူးလား။
I have never been to Bagan.
ငါ တစ်ခါမှ ပုဂံ မရောက်ဖူးပါ။

(၃) အတိတ်တချိန်ကနေ လောလောဆယ်ထိ လုပ်တာ ဖြစ်တာကို ပြောချင်ရင် သုံးတယ်။
We have lived here since 1981.
ငါတို့  ဒီမှာ ၁၉၈၁ ကတည်းက နေခဲ့ တာ။
We have lived here for twenty eight years.
ငါတို့  ဒီမှာနေလာတာ ၂၈ နှစ်ရှိပြီ။
I have not seen him since that day.
ငါ အဲ့ ဒီနေ့ ကစပြီး သူ့ ကို မတွေ့ ရတော့ ဘူး။
Chit Chit has been in Mandalay for ten days.
ချစ်ချုစ် မန္တလေး ရောက်နေတာ ဆယ်ရက်ရှိပြီ။

(၄) အတိတ်တချိန်က လုပ်ကိုင်တာဖြစ်ပြီး အခုအချိန်မှာ လာအကျိုးသက်ရောက်တာကို ပြချင်ရင် သုံးတယ်။
I have seen this film. I don’t like it.
ငါ ဒီရုပ်ရှင် ကြည့်ပြီးပါပြီ။ မကြိုက်ဘူး။
( ဒီလိုပြောရာမှာ ရုပ်ရှင်ကို မနေ့ က တစ်နေ့ က ကြည့်တာဖြစ်မယ်။ အတိတ် တစ်ချိန်ချိန်က ကြည့်တာပဲ။အဲလို ကြည့်ဘူးလို့  မကြိုက်ဘူးလို့ ပြောနိုင်တာ။ အကျိုးသက်ရောက်တာ ဖြစ်တယ်။)
The teacher has come. Quiet.
ဆရာလာပြီ။ ငြိမ်ကြ။
When you have read the passage, answer the questions below.
စာပိုဒ်ကို ဖတ်ပြီးရင် အောက်ကမေးခွန်းများကို ဖြေပါ။
အထူးသတိပြုစေချင်တာကတော့ ဒီ Tense ဟာ Present ဖြစ်တယ်ဆိုတာပဲ ။ Present Tense ဖြစ်တဲ့ အတွက် Past ကိုပြတဲ့  Yesterday, last week စတဲ့  စကားလုံးတွေနဲ့  တွဲမသုံးမိပါစေနဲ့။ မြန်မာလို ဘာသာပြန်တာကို ကြည့်ပြီး အဲလို အမှားမျိုး ကျူးလွန်တတ်တယ်။
ဥပမာ . .. .
ကျနော် မနေ့ က ဒီရုပ်ရှင်ကို ကြည့်ပြီးပြီ။
I have seen this film yesterday. အဲလို ဖြစ်သွားတယ်။ ဖြစ်ရမှာက-
I saw this film yesterday.
Passive Voice လုပ်ရင်တော့ has / have နောက်က been ထည့်ပေးရတယ်။
My work has been done.
ငါ့ အလုပ် လုပ်ပြီးပြီ။
Five units have been studied so far.
ခုထိ ယူနစ်ငါးခု လေ့လာပြီးပြီ။
Has the road been repaired?
လမ်းပြင်ပြီးပြီလား။
Have her parents been told?
သူ့ မိဘတွေကို ပြောထားပြီးပြီလား။
Your letter has not been typed yet.
မင်းရဲ့  စာကို လက်နှိပ်စက် မရိုက်ရသေးဘူး။
ဒီလို Passive မှာ သုံးတဲ့  been နဲ့  Active မှာသုံးတဲ့  been တို့ ရောထွေး မသွားပါစေနဲ့။တစ်ခုနဲ့ တစ်ခု ဘါမှမဆိုင်ဘူး။ ရေရေရာရာ ကွဲ ပြား အောင် မှတ်ပါ။
He has been in Yangon five days.
သူ ရန်ကုန်ရောက်နေတာ ငါးရက် ရှိပြီ။
He has been given a car.
သူ့ ကို ကားပေးထားတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment