Thursday, June 28, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၉)

I mean (ငါပြောချင်တာက)
You use I mean when you wish to explain what you have just said:
ငါပြောချင်တာက I mean ကို မကြာမီက မိမိပြောလိုက်သော အကြောင်းအရာကို ရှင်းပြလိုသောအခါတွင် အသုံးပြုသည်။
  1. I'm surprised that Jane and Mike have bought a flat together. l mean they've only known each other a few weeks.
      Jane နဲ့ Mike နှစ်ယောက်ပေါင်းပြီး တိုက်ခန်းတစ်ခန်းဝယ်လိုက်တာကို ငါ အံ့သြတယ်။ ငါပြောချင်တာက သူတို့နှစ်ယောက် အချင်းချင်းသိကြတာ ရက်သတ္တပတ်အနည်းငယ်ပဲရှိသေးတယ်။
  2. I can’t understand why Mum and Dad want to go there again on holiday. I mean it always rains and there's nothing for us to do.
      အမေနဲ့အဖေဟာ ဘာ့ကြောင့် အဲဒီနေရာကို အပန်းဖြေဖို့ ထပ်သွားချင်တာလည်းဆိုတာကို ငါ နားမလည်နိုင်ဘူး။ ငါပြောချင်တာက အဲဒီမှာ မိုးအမြဲရွာပြီး ငါတို့ လုပ်စရာ ဘာမျှလည်း မရှိဘူး။
What's more (ဒါ့အပြင်)
You use what's more when you wish to add something to what you have just said, often something which is more important, more interesting or surprising:
ဒါ့အပြင် what’s more ကို အများအားဖြင့် အခုလေးတင် သင်ပြောလိုက်သော အကြောင်းအရာ တစ်ခုခုပေါ်တွင် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသော (သို့) ပို၍ အံ့သြဖွယ်ကောင်းတဲ့ အချက်အလက်တစ်ခုကို ထပ်လောင်းဖြည့်စွက်လိုသောအခါ အသုံးပြုသည်။
  1. Jim's new girlfriend is very pretty and, what's more, she seems to be very much in love with him.
      Jim ရဲ့ရည်းစားအသစ်က အရမ်းချောတာပဲ။ ဒါ့အပြင် သူ့ကိုလည်း အရမ်းချစ်ပုံရတယ်။
  2. Ken is leaving to work for another firm and, what's more, his two assistants are going with him.
      Ken က အခြားစီးပွားရေးလုပ်ငန်းတစ်ခုမှာ အလုပ်သွားလုပ်ဖို့ ထွက်တော့မှာ။ ဒါ့အပြင် သူ့ရဲ့ လက်ထောက်နှစ်ယောက်က သူနဲ့လိုက်သွားမှာ။
At any rate (ဘယ်လိုပဲဖြစ်ဖြစ်)
You use at any rate when you are going to say something that is more exact or more accurate than what you have just said:
ဘယ်လိုပဲဖြစ်ဖြစ် at any rate ကို သင် ယခုပင် ပြောလိုက်သောအကြောင်းအရာထက်ပို၍ တိကျသော (သို့) ပို၍ အသေးစိတ်ကျသော အကြောင်းကို ပြောလိုသောအခါ အသုံးပြုသည်။
  1. The house repairs will take three months. At any rate, that's what the builder told us.
      အိမ်ပြင်ဆင်မှုပြုလုပ်တာ သုံးလကြာမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါ ငါတို့ကို ကန်ထရိုက်က ပြောခဲ့တာလေ။
   2. Jill is going to repay the money. At any rate, she promised me that she would.
      Jill က ငွေကို ပြန်ဆပ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ ဆပ်ပါ့မယ်လို့ ငါ့ကို ကတိပေးသွားခဲ့တယ်
Really? ( တကယ်)
You say really? when you have just heard something that surprises you or interests you very much:
တကယ် really ကို သင့်အား အံ့အားသင့်စေသော (သို့) စိတ်ဝင်စားစေသော အကြောင်းအရာ တစ်ခုခုကို ကြားလိုက်ပါက ပြောနိုင်ပါသည်။
  1. 'Fred's given up football.'
      Fred က ဘောလုံးကို စွန့်လွှတ်လိုက်ပြီ
      'Really? He told me that he was going to play for another two seasons.'
      တကယ်။ ငါ့ကိုတော့သူက နောက်ထပ်၂ ရာသီ ထပ်ကစားဦးမယ်ပြောတယ်
  2. 'Jane's had a baby.'
      Jane က ကလေးမွေးပြီ
      'Really? I didn't know she was pregnant.'
      တကယ် သူမကိုယ်ဝန်ရှိတာ ငါမသိလိုက်ဘူး
There you are (ရော့ဒီမှာ)
You say there you are when you give or pass something to somebody:
ရော့ဒီမှာ။ there you are ကို တစ်စုံတစ်ယောက်အား သင့်အနေဖြစ် အရာတစ်ခုခုကို ပေးသောအခါ (သို့) လက်ဆင့်ကမ်းပေးသောအခါ ပြောပါသည်။
  1. There you are. That's $5 change.
      ရော့ဒီမှာပါ။ အဲဒါ ပြန်အမ်းငွေ 5 ဒေါ်လာပါ။)
  2. There you are. That's the key to the front door:
      ရော့ဒီမှာပါ။ အဲဒါ အိမ်ရှေ့တံခါးရဲ့ သော့ပါ။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment