Wednesday, May 25, 2011

ဂျမေကာ ခရီးစဉ်

အခုတင်ထားတဲ့ စာအုပ်လေးကတော့ ဂျမေကာ ခရီးစဉ် ဆိုတဲ့ စာအုပ်လေးပါ။ ထုံးစံအတိုင်း မြန်မာ ကျူးပစ် ဖိုရန် ကပဲ မ လာခဲ့တာပါ။ရေးသူကတော့ Mood လို့ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ပါ။ ခုလို ခရီးသွား အတွေ့ အကြုံလေးတွေ ပြန်လည် ဝေမျှ ပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ် ဆိုတဲ့ အကြောင်း ဒီနေရာ က နေပြောပါရစေ။ ကျွန်တော့် အနေနဲ့ ခရီးသွား ရတဲ့ အရသာ ကို ကြိုက်နှစ်သက်တဲ့ အတွက် ခုလို ကိုယ် မရောက်ဖူးတဲ့ နေရာလေးတွေ ကို ရေးထားတာ လေးတွေ ရှိရင် လိုက်ဖတ်ပြီး သဘောကျ တာလေးတွေ ရှိလို့ ပြန်တင် ပေးခြင်းဖြစ်ပါတယ်။ ဒီဂျမေကာ ကမ်းခြေကိုလည်း သီချင်းတွေ မှာ နောက်ခံ အဖြစ် တွေ့ဖူး ကတည်းက အတော် သာယာတဲ့ နေရာလေး ဆိုတာ သတိထားမိ နေတာပါ။ ဖတ်ကြည့် လိုက်မယ် လေဆိုရင်တော့ ဒီမှာ down လိုက်ပါ။


 Credit to Mood
Myanmar Cupid Forum
Posted by ငခဲ

1 comment:

TSH said...

ငခဲကတော့ အခုတလော ခရီးတွေချည်း သွားနေတယ်ခင်ဗျာ့။ ဘယ်ရောက်အောင် သွားမလဲတော့ မသိဘူး။ ငခဲရေ... ခရီးသွားရင် ရေဗူးလေးတော့ ဆောင်ထားကွ။

Post a Comment