Wednesday, May 25, 2011

စင်္ကာပူတွင် ကျောင်းလျှောက်ထား/အလုပ်လျှောက်ထားရာတွင် သတိပြုစရာအချက်များ

စင်္ကာပူတွင်လက်ရှိတက်ရောက်နေသော မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ တွေ့ ကြုံနေရ သည့်/ နိုင်သည့် အခက်အခဲများ သတိပြုသိရှိနိုင်ရန်......

(၁)စင်္ကာပူတွင်StudentPassဖြင့် ကျောင်းတက်ရောက်လျှက်ရှိသောကျောင်းသားကျောင်းသူများ၊  မြန်မာနိုင်ငံသို့ ပြန်လာမည်ဆိုပါက သို့ မဟုတ် မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ရည်ရွယ်ပါက၊ စင်္ကာပူရှိ မြန်မာနိုင်ငံသံရုံးမှ၊ အလုပ်မလုပ်ကြောင်းထောက်ခံစာ ယူဆောင်လာ ကြပါရန်တိုက်တွန်းနိုးဆော် အပ်ပါသည်၊၊ သိုမှသာ မိမိတို့ ၏နိုင်ငံကူးလက်မှတ်ကို မြန်မာပြည်တွင် သက်တမ်း တိုးမည်ဆိုပါက၊ အခွန်ငွေပေးဆောင်ခြင်းမှ လွတ်ကင်းနိုင်မည်ဖြစ်ပါသည်၊၊ သို့ မဟုတ် ပါက၊ မည့်သည့် အကြောင်း အကြောင့်မဆို အခွန်ငွေပေးဆောင်ရန် တာဝန်ရှိပါသည်၊၊
(၂) ဆယ်တန်းအောင်လက်မှတ် သို့ မဟုတ် GCE’O’ Level ဖြင့်သာ စင်္ကာပူတွင် Diploma, Advance Diploma တက်ရောက် နေ သော ကျောင်းသားကျောင်းသူများအနေဖြင့်၊ စင်္ကာပူနိုင်ငံတွင် အလုပ်လျှောက်ထားမည်ဆိုပါက၊ (ပိုလီတက်ကနစ် သို့ မဟုတ် သုံးနှစ်အချိန်ပြည့်တက်ရသော ဒီပလိုမာတစ်ချို့ မှလွဲ၍) အလုပ်ရှင်မှအလုပ်ခန့် အပ်သည့်တိုင်၊ Minister of Manpower (MOM) မှ အလုပ်အတွေ့ အကြုံမရှိ( သို့ မဟုတ်) ဒီဂရီတစ်ခုမရရှိထားဟူသော အကြောင်းပြချက်ဖြင့်၊ Spass လျှောက်ထားခြင်းအား ပယ်ချနိုင်ပါသည်၊၊ (ယခုလက်ရှိလည်းအများအပြား ပယ်ချခံနေရပါသည်၊၊)
သို့ ဖြစ်ပါ၍ မြန်မာနိုင်ငံ သို့ မဟုတ် မည်သည့်နိုင်ငံမှမဆို ဒီဂရီတစ်ခုခုရရှိပြီး၊ စင်္ကာပူတွင် ဒီပလိုမာ၊ သို့မဟုတ် Advance ဒီပလိုမာတက်ရောက်ပြီး အလုပ်လျှောက်ထားပါက၊ ပိုအခွင့်အရေး ရှိနိုင်သော်လည်း၊ လောလောဆယ်အခြေအနေတွင် ဆယ်တန်းအောင်မြင်ပြီးစ ကျောင်းသား ကျောင်းသူ များအနေဖြင့်၊ ဒီဂရီတစ်ခုခုရရှိရန်အထိ စဉ်းစားထားရန်လိုအပ်ကြောင်း၊ အကြံပြု အပ်ပါသည်၊၊

(၃) အထူးသတိထားရန်အချက်မှာ အကယ်၍ S pass လျှောက်ထားပြီး Reject ထိသွားပါက၊ Student Pass ပြန်လည် လျှောက်ထားရာတွင် ၉၈% Reject ဖြစ်နိုင်ပါသည်၊၊
သို့ ဖြစ်ပါ၍ မိမိတို့ ၏ ပညာရေးအထောက်အထားများသည် S pass ရရန် မခိုင်လုံပါက၊ အလုပ်ရ၍ အလုပ်ရှင်ကခန့်  ထားသည့်တိုင် MOM မှ Reject လုပ်နိုင်ပါသဖြင့် ကျွမ်းကျင်သူများ နှင့် အကြံဥာဏ်ရယူပြီးမှ လျှောက်ထားကြပါရန် အကြံပြုအပ်ပါသည်၊၊

(၄) စင်္ကာပူတွင်ကျောင်းတက်စဉ်ကာလအတွင်း ကျောင်းခေါ်ချိန် (၉၀%) ပြည့်ရရှိရန် သတိထားသင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်၊၊ ကျောင်းပြောင်းရွှေ့လျှောက်ထားခြင်းများပြု လုပ်ရာတွင်၊ ယခင်ကျောင်းဟောင်း ၏ ကျောင်းခေါ်ချိန်ကို အသစ်လျှောက်ထားသည့်ကျောင်းမှ ICA (ImmigrationCheckpointsAuthority)သိုတင်ပြရန်လိုအပ်သဖြင့်၊ ကျောင်းခေါ်ချိန်မပြည့်သော ကျောင်းသားကျောင်းသူများ အခက်အခဲရှိစေနိုင်ပါသဖြင့်၊ ကျောင်းခေါ်ချိန်ပြည့် ကြိုးစားတက်ကြပါရန်၊ အကြုံပြုတိုက်တွန်းအပ်ပါသည်၊၊
 Posted by အိမ်လွမ်းသူ

2 comments:

ထွန်းမြင့်ဌေး said...

ကျေးဇူးအများကြီးတင်ပါတယ်။ တနင်္ဂနွေနေ့မှပဲ ပြီးအောင် ဆက်ဖတ်တော့မယ်။..............အိမ်လွမ်းရင် အိမ်ပြန်ပေါ့...........

မောင်စေတနာ said...

အခုလို အသိပေး မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ပြန်လည်မျှဝေ ဖို့အတွက် ကူုးသွားခွင့်ပြုပါ။
ကျေးဇုးတင်ပါတယ် ခင်ဗျား...

Post a Comment