Wednesday, April 25, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၅)

Can you? (မင်း…နိုင်မလား)
You use can you? when you want to ask someone to do something:
မင်း…..နိုင်မလား can you? ကို တစ်စုံတစ်ဥိးအား ကိစ္စတစ်စုံတစ်ခုဆောင်ရွက်ပေးရန် တောင်းဆိုရာတွင် အသုံးပြုပါသည်။
  1. Can you lend me a pen?
      ငါ့ကို မင်းရဲ့ ဖောင်တိန် ငှားနိုင်မလား
  2. Can you tell me where the station is?
      ငါ့ကို ဘူတာရုံဘယ်နားမှာရှိတယ်ဆိုတာ မင်းပြောပြနိုင်မလား
Help! (ကယ်ကြပါဗျို့)
An exclamation which you use when you are in danger or in need of assistance:
ကယ်ကြပါဗျို့ Help! သည်အန္တရာယ်ကျရောက်နေသောအခါ (သို့) အကူအညီလိုအပ်သောအခါတွင် အသုံးပြုသော အာမေဋိတ် စကားဖြစ်ပါသည်။
  1. 'Help!' called the boy as the boat began to sink.
      ကောင်လေးသည် လှေစတင်နစ်မြုပ်သည့်အခါတွင် ကယ်ကြပါ ဟု အော်လိုက်သည်။
  2. Help! The door is stuck and I can't get out.
      ကယ်ကြပါဗျို့။ တံခါးက ညပ်နေလို့ ကျနော်အပြင်ထွက်လို့မရဘူး

At least (အနည်းဆုံးတော့)
You use at least when you wish to suggest that a situation is not as bad as it might have been or to say something positive about a bad or negative situation:
အနည်းဆုံးတော့ at least ကို အခြေအနေတစ်ရပ်ရပ်သည် ဆိုးရွားသင့်သလောက် မဆိုးရွားကြောင်းကို အကြံပြုလိုသောအခါ (သို့) ဆိုးရွားသော (သို့) မျှော်လင့်ချက်မရှိသော အခြေအနေတစ်ရပ်ရပ်ကို အကောင်းပြောလိုသောအခါတွင် အသုံးပြုပါသည်။
  1. It rained on the day of the wedding, but at least it was dry when the photographs were being taken.
      မင်္ဂလာဆောင်နေ့က မိုးရွားတယ်။ ဒါပေမယ့်အနည်းဆုံးတော့ ဓါတ်ပုံတွေရိုက်တုန်းကတော့ ခြောက်သွေ့နေတယ်လေ
  2. It's not a very nice flat, but at least it's warm.
      တိုက်ခန်းက သိပ်တော့ မကောင်းလှဘူး။ ဒါပေမယ့် အနည်းဆုံးတော့ နွေးတော့နွေးတာပဲ။
Let me (ငါ...ပါရစေ)
You say let me do something when you are offering to help somebody:
ငါ...ပါရစေ let me ကို တစ်ဦးတစ်ယောက်ကို အကူအညီ ပေးလိုသောအခါတွင် အသုံးပြုပါသည်။
  1. Let me carry those books for you.
      မင်းအတွက် အဲဒီစာအုပ်တွေ ငါသယ်ပေးပါရစေ။
   2. Let me call a taxi for you.
      မင်းအတွက် အငှားကား ခေါ်ပေးပါရစေ
Would you like ...? (...ပါမလား)
You say would you like (something)? when you offer it to somebody:
...ပါမလား (would you like...?)ကို တစ်စုံတစ်ဦးအား တစ်စုံတစ်ခုကို ပေးလိုသည့်အခါတွင် သုံးသည့် ယဉ်ကျေးသော အသုံအနှုန်းပင်ဖြစ်သည်။)
  1. Would you like some tea?
      လက်ဖက်ရည် သုံးဆောင်ပါမလား
  2. Would you like a biscuit?
      ဘီစကစ် တစ်ချပ်လောက် စားပါမလား
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment