Monday, May 02, 2011

စင်္ကာပူမှ သူငယ်ချင်းတဦးထံသို့ ပြန်စာ…

ကျွန်တော်တို့ရဲ့ ဒီ MTLA GTI GROUP blog ထဲမှာတင်ထားတဲ့ Singapore Job Interview in Myanmar Post နဲ့ပတ်သက်ပြီး စင်္ကာပူမှ သူငယ်ချင်းတဦး(မည်သူမှန်းမသိ) အမည်ဖြင့် C box မှာ အောက်ပါအတိုင်း ရေးထားတာတွေ့ရပါတယ်။ ဒီအတွက် သူငယ်ချင်းတွေအားလုံး သိအောင် ရှင်းပြခြင်းဖြစ်ပါတယ်။

စင်္ကာပူမှ သူငယ်ချင်းတဦး၏ C box မှတဆင့် ရေးသားသောစာ

Job Opportunity တင်ထားတာ တွေ့ရတော့ အလုပ်ရှာနေတဲ့ သူငယ်ချင်းတွေ့အတွက် ကောင်းပါတယ်။ MTLA GTI GROUP မှ mail ပို့တာကိုလဲ ရပါတယ်။ ဒါပေ့မယ့် မြန်မာပြည်က သူငယ်ချင်းတွေကို အဓိကထားပြီး ပို့သင့်တယ်လို ထင်ပါတယ်။ မြန်မာပြည်ကနေ blog တွေ ဖွင့်မရတော့ information အားလုံးကို မသိနိုင်ဘူးလေ။ဒီအတွက် ထည့်စဉ်းသင့်တယ်လို့ ထင်ပါတယ်။

စင်္ကာပူမှ သူငယ်ချင်းတဦးထံသို့ ပြန်စာ
မြန်မာပြည်က သူငယ်ချင်းတွေကိုလဲ ဒီ blog ထဲမှာတင်ထားတဲ့အတိုင်း မြန်မာ font နဲ့ mail ပို့ထားပါတယ်။ မြန်မာပြည်ကနေ blog တွေ ဖွင့်ရအောင၊် proxy ကျော်ပြီး ကြည့်လို့ရတဲ့ proxy software တွေပါ mail နဲ့တွဲ့ပြီး ပို့ပေးထားပါတယ်။တချို့သူငယ်ချင်းတွေ ကြည့်ရကြောင်းလဲ သိရပါတယ်။ စင်္ကာပူသာမက မြန်မာပြည်က သူငယ်ချင်းတွေအားလုံးကို နောက်ထပ် Job Opportunity သတင်းများရလျှင် ရသလို ဖော်ပြပေးသွားမည် ဖြစ်ပါတယ်။သူငယ်ချင်းတွေဆီမှလဲ Job Opportunity သတင်းများ ရှိလျှင် ပေးပို့စေလို့ပါတယ်။ကျွန်တော်တို့ blog မှတဆင့် ဖော်ပြပေးသွားပါမယ်။ ကျွန်တော်တို့မှာ သူငယ်ချင်းတွေအားလုံး၏ mail address မရှိလို့ အားလုံးသိအောင် mail ပို့ဖို့အခက်အခဲတွေ့ ရှိနေပါတယ်။ဒါကြောင့် သူငယ်ချင်းတွေ တဦးမှတဦးဆီသို့ forward လုပ်ပေးကြပါ။ ကျွန်တော်တို့ blog နဲ့လဲ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီ blog လေးစတင်ဖန်တီးခဲ့စဉ်ကတည်းက စင်္ကာပူသာမက မြန်မာပြည်က သူငယ်ချင်းတွေအားလုံး အဖွဲ့အစည်းလေးတစ်ခုအနေနဲ့ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် အများအကျိုး သယ်ပိုးဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။

(မည်သူမဆို ဝေဖန်အကြံပေးနိုင်ပါတယ်။ အလုပ်တဖက်နဲ့ မအားလပ်သည့်ကြားမှ Post များကို ကိုင်တိုင်ရေးသား၍သော်၎င်း၊ mail မှတဆင် ပေးပို့ပေးကြသော သူငယ်ချင်းများအား၎င်း ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် ကျွန်တော်တို့ရဲ့ မိတ္ထီလာGTI ကျောင်းတော်ကြီးမှာ ပညာနို့ရည်အတူတူ သောက်စို့ခဲ့ကြသော သူငယ်ချင်းရောင်းရင်းများအားလုံးကို ဒီ blog လေးထဲမှာ မိမိစိတ်ကူးရှိသလို Post များ ပါဝင်ရေးသားကြပါလို့ ဒီနေရာမှနေ၍ ဖိတ်ခေါ်အပ်ပါတယ်။)

အများအကျိုး သယ်ပိုးလျှက်
MTLA GTI GROUP
Posted by MTLA GTI GROUP

No comments:

Post a Comment