ပြည်တွင်းပုဂ္ဂလိက
ကုမ္ပဏီအချို့မှ ၎င်းတို့၏ ဝန်ထမ်းများ လစာပေးခြင်းကို ATM ကတ်ဖြင့်
ပြုလုပ်လာကြောင်း လက်ရှိ အဆိုပါ စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသော CB ဘဏ်မှ
မန်နေဂျာဒေါ်စန္ဒာထွန်းက ပြောကြားသည်။ ‘အခုလက်ရှိက ပြည်တွင်းကုမ္ပဏီ ကိုးခုနဲ့
CB ဘဏ်နဲ့ချိတ်ပြီး သူတို့ရဲ့ ဝန်ထမ်းတွေကို ATM ကတ်နဲ့ လစာပေးတာ
လုပ်နေပါတယ်။ လကုန်ရင် ကုမ္ပဏီဘက်က ဝန်ထမ်းအမည်၊ ကုတ်နံပါတ်၊ ရရှိလစာ
စတာတွေကို အွန်လိုင်းကနေ ပို့ပေးရတယ်။ ပြီးမှ ဘဏ်ဘက်ကနေ ATM ကတ်ထဲကို
ဝန်ထမ်းရဲ့ Data တွေ ထည့်ပေးရပါတယ်။ ဝန်ထမ်းတွေကတော့ သူတို့နီးစပ်ရာ ATM
စက်တွေထဲကနေ ထုတ်ယူကြပါတယ်’ ဟု ဒေါ်စန္ဒာထွန်းက ဆိုသည်။ လက်ရှိ CB ဘဏ်ဖြင့်
ချိတ်ဆက်၍ ATM ကတ်ဖြင့် ဝန်ထမ်းလစာပေးခြင်းကို ဆောင်ရွက်နေသော
ပြည်တွင်းကုမ္ပဏီများမှာ MIT Co.Ltd, Right Lab ဓာတ်ခွဲခန်းနှင့် Computer
ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီအချို့မှ ဆောင်ရွက်လျက်ရှိကြောင်း
ထပ်မံသိရှိရသည်။ ‘အခုပြည်တွင်းမှာ ATM ကတ် အသုံးတွင်ကျယ်ဖို့
လိုအပ်လာပါပြီ။ နောက်ပိုင်း MPO, Debit card, Credit card စတာတွေကို
တဖြည်းဖြည်း အကောင်အထည် ဖော်သွားရမှာပေါ့။ ငွေစက္ကူ အထပ်လိုက်ကိုင်ပြီး
အသုံးပြုတာထက် နိုင်ငံတကာလို ကတ်စနစ် အသုံးပြုနိုင်တာ ပိုကောင်းပါတယ်’ ဟု
ပြည်တွင်း သဘောင်္သား ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်း ပုဂ္ဂလိက ဘဏ်များတွင် ATM ကတ်စနစ် အသုံးပြုနိုင်ရန် ၂၀၁၁
ခုနှစ်အတွင်းမှ ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်တွင်ပို၍
အသုံးတွင်ကျယ်လာကြောင်း၊ CB ဘဏ်မှ အဆိုပါ ကတ်စနစ်ကို ၂၀၁၁ ခုနှစ်
အောက်တိုဘာလအတွင်းမှ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ အဆိုပါကတ်
အသုံးပြုသူဦးရေ ခုနစ်ထောင်ကျော်လာပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆
ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Posted by ဂျစ်တီး
Source: ခေတ်လူငယ်
Friday, June 22, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၂)
၅၆။ အသံထွက်ကို ကွန်ပျူတာနဲ့
စစ်ပါ။ အသံထွက် မှန်မမှန် ပြပေးနိုင်တယ်ဆိုတဲ့ ကွန်ပျူတာပရိုဂရမ် အများစုက တကယ်တမ်းတော့
အတိအကျ မှန်အောင် မပြနိုင်ပါဘူး။ ဒါပေမယ့် အကြိမ်ကြိမ်နားထောင်ပြီး စီဒီမှာပါတဲ့ အသံထွက်တွေအတိုင်း
ကိုက်ညီအောင် အကြိမ်ကြိမ် ပြောရတဲ့အပြင် အသံလှိုင်းပုံစံတွေကို တွေ့မြင်နေရတဲ့အတွက်
လေ့ကျင့်လို့ကောင်းတယ်။ ကိုယ့်အသံကို အသံသွင်းတာထက်လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
၅၇။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့
စကားလုံးတွေကို တတ်နိုင်သလောက်များများ သင်ယူပါ။ ဥပမာ တိရစ္ဆာန်အမည်တွေ ဖြစ်ပါတယ်။ ဆင်တူစကားလုံးတွေကို
အတွဲလိုက် သင်ယူခြင်းအားဖြင့် အထွေထွေ ဝေါဟာရကြွယ်ဝလာပြီး ဦးနှောက်ထဲမှာလည်း စကားလုံး
တစ်လုံးနဲ့တစ်လုံးအကြား ချိတ်ဆက်မှတ်သား နိုင်တဲ့အတွက် သင်ရတာလွယ်နိုင်ပါတယ်။
၅၈။ ပြည်ပကို အားလပ်ရက် ခရီးထွက်ပါ။
ပြည်ပမှာ နေ့စဉ်နေထိုင်မှုအတွက် တခြားသူတွေ နားလည်အောင် အင်္ဂလိပ်လို တကယ်တမ်း ပြောရမယ့်
အခြေအနေတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပြင် ခရီးမထွက်ခင် ရက်သတ္တပတ်၊ လများ အတွင်းမှာ
အင်္ဂလိပ်စာကို အလေးအနက် လေ့လာဖို့လည်း စိတ်အားထက်သန်စေမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဘာသာစကားကို
အသုံးပြုနိုင်တဲ့ အချိန်မှာတောင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုဖို့ ကြိုးစားပါ။ ဥပမာ
ပြတိုက်မှာ လမ်းညွှန်နဲ့တကွ လျှောက်ကြည့်တာမျိုး၊ သမိုင်းဝင်နေရာမှာ လျှောက်ကြည့်တာမျိုး၊
အင်တာနက်ကနေ လေယာဉ်လက်မှတ် ကြိုတင်မှာထားတာမျိုး ဖြစ်ပါတယ်။ အုပ်စုလိုက် သွားမယ့်နေရာ
သတ်မှတ်ပြီး ခရီးစဉ် (package tour) တွေမှာတော့ အင်္ဂလိပ်စကားပြောရဖို့ အခွင့်အလမ်း နည်းတတ်ပါတယ်။
၅၉။ တတ်ချင်တဲ့စကားလုံးတွေကို
ရုပ်ပုံရေးဆွဲပါ။ အနုပညာဝါသနာပါသူဆိုရင် ဝေါဟာရတွေကို ရုပ်ပုံဆွဲပြီး မှတ်သားတာက ဘာသာပြန်တာ၊
ဥပမာ ၀ါကျတွေရေးတာထက် ပိုပြီးထိရောက်နိုင်ပါတယ်။
၆၀။ နိုင်ငံခြားသူ နိုင်ငံခြားသားကို
မိတ်ဆွေဖွဲ့ထားပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံတော့မပေးလိုပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စကားပြောလို့ရတဲ့သူနဲ့
အဲဒီလို မိတ်ဆွေဖွဲ့နိုင်ဖို့ ရှာဖွေတာနဲ့တင်
ဘာသာစကား ကျွမ်းကျင်မှု တိုးတက်ကောင်းမွန်လာဖို့ အများကြီးစေ့ဆော်မှုပေးနိုင်ပါတယ်။
ရေးသားသူ - Language
Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)
Posted by ကိုတူး(မိတ္ထီလာ GTI)
Subscribe to:
Posts (Atom)