"တကယ့်အောင်မြင်သူတွေဟာ အလုပ်မဖြစ်တဲ့အတွေးတွေနဲ့ အချိန်မဖြုန်းဘူး။ခက်ခက်ခဲခဲ မဖြစ်နိုင်တာ တွေလည်းမတွေးဘူး။အန္တ္တရာယ်ဖြစ်လောက်အောင်လဲ မစွန့်စားဘူး။သူတို့ဟာအပြုသဘောဆောင်တာမျိုးတွေကိုပဲတွေးတယ်။သူတို့အတွေးအခေါ်တွေဟာ အောင်မြင်ဖို့အတွေးတွေပဲ ဖြစ်နေတတ်တာများတယ်။"
အထက်ကစကားစုကို ပြောသွားသူကတော့ ဒေါက်တာ Seymour Epstein ဖြစ်ပါတယ်။
ကိုယ်ဘာလိုချင်သလဲ။ ကိုယ်ဘာလုပ်ချင်တာလဲ။ ကိုယ်ဘာဖြစ်ချင်တာလဲ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲတွေးရမယ်။ အကျိုးမရှိတာတွေကို မတွေး၊ မလုပ်ဘူးပေါ့။ "အောင်မြင်ခြင်း" ဆိုတာ မတော်တဆရောက်လာတာ မဟုတ်ဘူး။ ကိုယ့်စိတ်ကူးကို အကောင်အထည်ဖော်ခြင်းကနေ ရလာတဲ့ရလဒ်၊ ကိုယ့်ရွေးချယ်မှုကနေ ဖြစ်လာတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ ပြောရရင် အောင်မြင်မှုဆိုတာ ရွေးချယ်မှုမှန်ကန်လို့ဖြစ်လာတာ၊ ကံကောင်းလို့ဖြစ်လာတာ မဟုတ်ပါဘူး။