နှစ် ၂၆၀၀ ပြည့်အထိမ်းမှတ်ပူဇော်ပွဲပုံတော်တွေကို ရန်ကုန်ကသူငယ်ချင်းအကူညီနဲ့ တင်ပေးလိုက်ပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ရက်နေ့က ရိုက်ခဲ့တဲ့ပုံပါ။ connection အခက်ခဲကြောင့် ၂ပုံပဲ ကျွန်တော် တင်ပြနိုင်ခဲ့ပါတယ်။
ဒီပုံကတော့ ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့်အတိမ်းမှတ် ပူဇော်ပွဲ ဆိုတာကို ဆိုင်းဘုတ်စာတန်းမှာ မြင်နိုင်ပါတယ်။
ဒီပုံကတော့တော်တော်ကိုထူးခြားပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ည ၈လောက်က ကောင်းကင်ပေါ်မှာ ရွှေတိဂုံ စေတီအရိပ် ထင်နေတုန်းရိုက်လို့ရခဲ့တာပါ။ အဲဒီချိန် ဘုရားပေါ်ရောက်နေတဲ့ သူတွေ အလုယက်ပူဇော်ကြ ဓာတ်ပုံရိုက်ကြနဲ့ ခဏပါပဲ ပြီးတော့မပေါ်တော့ပါဘူး။( အရင်ပုံမှန်ချိန်တွေ အဲလို ပေါ်မနေပါဘူးတဲ့ ) ကျွန်တော်ဖူးမြော်ရသလို ညီကိုမောင်နှမတွေ ဖူးမြော်ရအောင် တင်ပေးလိုက်ပါတယ်။..... ဘယ်လို ဖန်တီးမှု့မျိုးမှမပါပါဘူး။ အဲချိန်ဘုရားရင်ပြင်တော်ပေါ်ရှိနေတဲ့ သူတွေလဲ ဒီဖြစ်စဉ်ကို မြင်တွေ့ကြမှာပါ။
connection အခက်ခဲကြောင့် ညီကိုမောင်နှမတွေအတွက် ဒီပုံတော်တွေကိုပဲ ဦးဦးဖျားဖျား တင်ပေးလိုက်ပါတယ်။
ကျွန်တော့် သူငယ်ချင်းညီကိုမောင်နှမတွေအားလုံးနဲ့ လောကသက်ရှိအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ငြိမ်းအေးချမ်းသာရှိကြပါစေ။ မိသားစုတွေ မခွဲမခွာနဲ့ အပူပင်သောက ကင်းဝေးကြပါစေ...
(ကျွန်တော် Mail Box ထဲရောက်လာတဲ့ Forward Mail ကို သူငယ်ချင်းတို့အားလုံး ကြည်ညိုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။)
Posted by ဂျွန်
Posted by ဂျွန်