(ဝန်ခံချက်။ ။ဒီ Post ရေးသားခြင်းသည် စင်ကာပူကို အကြောင်းအမျိုးမျိုးနဲ့ လာချင်နေသောသူငယ်ချင်တွေကို စိတ်ပျက်အောင် ရေးသားခြင်းမျိုး မဟုတ်ပါ။ စင်ကာပူသို့ သူငယ်ချင်းတို့မလာဖြစ်ခင်မှာ သိသင့်သောအကြောင်းအရာများအဖြစ် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။)
စင်ကာပူဟာ 2008 စီးပွားပျက်ကပ်မှာ အလုပ်အကိုင် အပြိုင်အဆိုင်ဆုံးရှုံးကြအပြီး နိုင်ငံခြားသား ကော်လာဖြု ကော်လာပြာ အလုပ်သမားတွေအပေါ် အမြင်စစောင်းလာကြတာဟာဖြင့် မေ(၇) ရွေးကောက်ပွဲမှာတော့ နှစ်ပေါင်းများစွာ အာဏာကိုလက်ထဲမြဲမြဲကိုင်ထားခဲ့တဲ့ PAP ပါတီဟာ မကြုံစဖူး အတိုက်ခံတွေလက်ထဲကို လွှတ်တော်နေရာ (၆) နေရာပေးလိုက်ရတဲ့ အနေအထားကို ရောက်သွားခဲ့ရတယ်။ ဘာကြောင့်ဒီလို အတိုက်အခံပါတီတွေဖက်က နေရာရလာသလဲဆိုတော့ သူတို့ဟာ စင်ကာပူနိုင်ငံသားတွေရဲ့ ကျယ်လောင်လာတဲ့ နိုင်ငံခြားသားတွေကြောင့် သူတို့အလုပ်အကိုင်တွေ ဆုံးရှုံးကြရတယ်။