ရွှေပြည်ကြီးရဲ့ အခြေအနေတွေက အရင်ထက်စာရင် ကောင်းသထက် ကောင်းလာပြီ ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ရှေ့ဆက်ပြီးတော့လည်း ကောင်းလာနိုင်စရာတွေ အများကြီး ရှိတယ်ဆိုတာ မျှော်လင့်လို့ရတဲ့ အခြေအနေပါ။ နိုင်ငံရဲ့ အခြေအနေက တိုးတက်သင့်သလောက် တိုးတက်မှုမရှိဘူး ဆိုတာကတော့ အဓိက အကြောင်းအရင်းက နိုင်ငံရေး ပေါ်လစီ တွေကြောင့် ဖြစ်တယ် ဆိုတာလည်း အားလုံးအသိပါ။ အခုတော့ ဒီပေါ်လစီ တွေလည်း တဖြည်းဖြည်း နဲ့ ပြောင်းလာနေပါပြီ။ အပ်ချလောင်းဆိုပြီး အရာရာ ကို ချက် ချင်း ကြီး ပြောင်းလဲဖို့တော့ မလွယ်ပါ။ ဆိုတော့ စိတ်ရှည်ရပါမယ်။ အဓိက ပြောချင်တာက နိုင်ငံရေး အကြောင်းမဟုတ်ပါ။ စီးပွားရေး နဲ့ အလုပ်အကိုင် အခွင့် အလမ်းများ အကြောင်းကို ဆွေးနွေးတင်ပြ လိုခြင်းပါ။
Mobile Labor Market ရဲ့ သဘောသဘာဝ အရ အလုပ်အကိုင် အခွင့် အလမ်းများပေါ များ တဲ့ နေ ရာဒေသ ဆီသို့ ရွေှ့ပြောင်းရတဲ့ သဘာဝအတိုင်း ကျွန်တော်တို့ ရွှေမြန်မာ တွေလည်း များသော အားဖြင့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ စသဖြင့် ပြောင်းရွေှ့လုပ်ကိုင် ကြရပါတယ်။ ကိုယ့်တိုင်းပြည် က အ လုပ်ကောင်း ကောင်း မပေးနိုင်လို့သာ ပြောင်းရွေှ့လုပ်ကိုင် ကြရပေမယ့် ဘယ်သူမှ သူများနိုင်ငံ မှာ မလုပ်ချင်ကြပါဘူး။ အခက်အခဲ မျိုးစုံ တွေ့ကြပါလိမ့်မယ်။ ဒီလိုတွေ့ ကြတာလည်း အဆန်းတော့ မဟုတ်ပါ။ ဘယ်သွားသွား ဒါမျိုးတွေ ကတော့ ကြုံရလိမ့် မည်ဟုထင်ပါသည်။ နည်းနည်းဆိုးတာ နဲ့ များများဆိုးတာ သာ ကွာခြားပါလိမ့်မည်။ အခွင့် အရေးမတူတာ သွားပြောလို့ မရပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးချင်း တူတာ တောင် အခွင့်အရေးရတာချင်း တူရဲ့လား စဉ်းစားကြည့်ပါ။
အချိန်တန်ရင် အိမ်ပြန်ကြရမဲ့ သူတွေဆိုတော့ သိပ်မကြာခင်မှာ အချိန်တန်တော့ မယ်ထင်ပါတယ်။ ရတာချင်း သိပ်မကွာရင်တော့ ပြန်ချင်ကြတဲ့ သူတွေချည်းပါပဲ။ သူများနိုင်ငံမှာ အခြေကျနေတဲ့ စီးပွားရေး သမားတွေ ကအစ အလုပ်သမားအဆုံး ပြန်မယ် ဆိုတာချည်းပါပဲ ကျွန်တော်တွေ့ သမျှတော့။ ပြည်ပက ရင်းနှီး မြှုပ်နှံမဲ့ သူတွေလည်း အခြေအနေပေးတာနဲ့ တပြိုင်နက် ၀င်လာဖို့ ပြင်နေကြတာတွေ့မှာပါ။ ဒါတွေက လည်းတကယ်ကောင်းတာတွေပါ။ ကိုယ့်တိုင်းပြည်သာ တကယ်ဖွံ့ဖြိုးလာရင် ထိုင်းတို့၊ မလေးတို့ ၊ စင်္ကာပူတို့ ကို ဘာမှ သွားပြီး အောက်ကျခံနေစရာ မလိုတော့ပါဘူး။ တခု သတိထားရမှာ ကတော့ ဒီနိုင်ငံတွေက ဥရောပ တိုင်းပြည်တွေနဲ့ ဆက်ဆံလုပ်ကိုင်လာတာ ကြာပြီဖြစ်တဲ့ အတွက် အတွေ့အကြုံ အတော်ရှိနေပြီ ဖြစ်ပါတယ်။ ချက်ချင်းကြီး ပခုံးချင်း ယှဉ်နိုင်ဖို့ တော့ မလွယ်လှပါဘူး။ ဒီတော့ ကောင်းတာတွေ လေ့လာ သင်ယူပြီး ကိုယ့်နိုင်ငံ မှာ အသုံးချဖို့ပါပဲ။
ချက်ချုင်းကြီင်္း ဇွတ်ပြန်ဖို့ ဆိုတာ လည်း မလွယ်သေးပါဘူး။ ကိုယ့် အခြေအနေက ဒီအချိန်ပြန်ဖို့ သင့်ပြီ ဆိုတဲ့ သူတွေကတော့ တမျိုးပေါ့လေ။ ကိုယ့်ကိုကိုယ် သေချာမေးရမှာ ကတော့ ငါတကယ်ကို အဆင်သင့် ဖြစ်ပြီလားဆိုတာပါပဲ။ ကိုယ်ဘာလုပ်ချင်တာလဲ ပြန်ပြီးတော့၊ ကျွမ်းကျင် အလုပ်သမားလား၊ အင်ဂျင်နီယာ လား၊ မန်နေဂျာလား၊ ဒါရိုက်တာလား စသဖြင့်ပေါ့လေ။ ဘာပဲပြောပြော ကိုယ့်အတွက် တခုခုတော့ ပါအောင် ယူသွားစေချင်ပါတယ်။ ကိုယ့်ဆီမှာ အလုပ်လုပ်ရတာ ချောင်တယ် ဆိုတဲ့ အသိနဲ့ ပြန်တာထက် ဟိုရောက် ရင် စနစ်တကျ နဲ့ ဘယ်လို လုပ်လိုက်မယ် ဆိုတဲ့ စိတ်ကူး နဲ့ ပြန်မယ် ဆိုရင် အကောင်းဆုံးပါ။ တချို့ က နိုင်ငံခြားရောက်တာနဲ့ မြန်မာပြည် ကလူတွေ ကို အထင်သေးချင်ကြတယ်။ တကယ်တမ်းက အဲဒီလူတွေ တော်တာတွေ အများကြီးပဲ။ အခက်အခဲတွေ ကြားက ဖြစ်အောင် လုပ်သွားနိုင်တဲ့ သူတွေ အများကြီး ပဲ။ ကိုယ်ဆိုရင်ကော ဒီလို လုပ်နိုင် မလားဆိုတာ ကိုယ့်ကိုကိုယ် မေးကြည့်စေချင်တယ်။ ဒီမှာ အဆူအငေါက် ခံပြီး လုပ်နေရတဲ့ ကိုယ့်အခြေအနေကိုလဲ မမေ့သင့်ဘူး။ ပြောချင်တာက ကိုယ့်ကို ကိုယ် အထင်မကြီး ဖို့ နဲ့ ဟုတ်လှပြီ မမှတ်ဖို့ပါ။
သိပ်မဝေးတော့တဲ့ အချိန်မှာ ကျွန်တော်တို့တွေ ကိုယ့်နိုင်ငံမှာ ကိုယ့်စိတ်ကူး လေးတွေ အကောင်အထည် ဖော်ရင်း နိုင်ငံ ထူထောင်ရေး အတွက် ကိုယ်တတ်နိုင် တဲ့ ဖက်ကနေ တတ်နိုင်သလောက် ၀ိုင်းဝန်း လုပ်ကိုင်ရင်း ပျော်ရွှင်စွာ ပြန်လည် ဆုံတွေ့ကြဖို့ ဆုတောင်းလိုက်ပါတယ်။
Posted by ဂျစ်တီး