- Details
- Category: စာဖတ်ခန်း
- Published on Monday, 13 February 2012 06:18
- Written by တင်ညွန့်
- Hits: 1825
ဘာသာစကားလေ့လာရာမှာ ရှေးကတော့ ဆရာ၊ ဖတ်စာအုပ်၊ ကျောက်သင်ပုန်း သုံးမျိုး ဆက်သွယ်မှုနဲ့ လေ့လာခဲ့ကြတယ်။ ဒါကိုတော့ one way လို့ခေါ်ပါတယ်။ ဆရာ နဲ့ ကျောင်းသားဆက်သွယ်မှုမှာ စာအုပ်နဲ့ ကျောက်သင်ပုန်းဆိုတာ medium အဖြစ် အသုံးချရတဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။
၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်အတွင်းမှာ audio နဲ့ video တွေအသုံးပြုပြီး လေ့လာသင် ယူမှုတွေ ခေတ်စားလာတယ်။ အဲဒီခေတ် မတိုင်မီကတော့ ကက်ဆက်ဆိုတာကို သုံးလိုက်ကြသေးတယ်။ Audio နဲ့ video သင်ကြားနည်းဟာ သင်ယူသူကို ပိုပြီး စိတ်ပါဝင်စားစေသလို၊ တတ်မြောက်မှု လည်းမြန်၊ ထိရောက်မှု လည်းရှိတာကြောင့် အကြိုက်များလာတယ်။
ဒါပေမယ့် နည်းပညာပေါင်းစပ်ပါဝင်လာတာကြောင့် လူတိုင်းဝယ်နိုင် သုံးနိုင်တဲ့ အဆင့်မဖြစ်နိုင် သေးဘူး။ နောက်ပိုင်း MP3 လိုစက်လေးတွေ၊ ရေဒီယိုတွေပေါပေါများများ သုံးလာနိုင်မှ ပိုပြီး ထိရောက်လာတယ်လို့ဆိုရမယ်။