၂၀၀၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့။
နံနက်(၈)နာရီလောက်မှာ အိပ်ယာကနိုးလာခဲ့ပါတယ်။ လေယာဉ်ကို ခရီးဝေး စီးခဲ့ရတဲ့ အတွက်ရော၊ မနေ့က အပြင်မှာ ကိုစိုင်းတို့ကို စောင့်နေတုန်း အအေးနည်းနည်း မိသွားတာကြောင့်ပါ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး မလှုပ်ချင်ဖြစ်နေမိပါတယ်။ အိပ်ယာကထပြီး ပစ္စည်းတွေနေရာချဖို့လုပ်နေတုန်း ပြင်ဆင်နေဆဲ အပြင်က တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်တော့ Foreign Registration (နိုင်ငံခြားသားမှတ်ပုံတင်ခြင်း)၊ Bank Account ဖွင့်ဖို့ နဲ့ ကျန်းမာရေးအာမခံ (Health Insurance) လုပ်ဖို့ လာခေါ်တာဖြစ်ကြောင်း အဆောင်အောက်ထပ်ကို ချက်ခြင်း ဆင်းခဲ့ဖို့ပြောပါတယ်။ ဂျပန်မှာ ဘယ်လိုနိုင်ငံခြားသားမဆို ရောက်ရှိပြီး သီတင်းပါတ် ၂-ပါတ် အတွင်း သက်ဆိုင်ရာ ရပ်ကွက်ရုံး (ဒါမှမဟုတ်- မြို့နယ်ရုံး) တွေမှာ မဖြစ်မနေ မှတ်ပုံတင်ကြရပါတယ်။ ဒီနေရာမှာ ကျန်းမာရေး အာမခံနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြချင်ပါတယ်။