လိုပါသည်။
ဘာကြောင့်လဲ။
သဒ္ဒါသိမှသာ မှန်မှန်ကန်ကန်ပြန်သုံးတတ်မှာပါ။
ပြန်သုံးဖို့ မရည်ရွယ်ရင်ရော။
မရည်ရွယ်ရင်လည်း
သဒ္ဒါကိုလေ့လာသင့်ပါသည်။ ပြန်သုံးသည်ဆိုရာမှာ အပြောနှင့် အရေးကိုဆိုလိုပါသည်။ ပြန်သုံးဖို
့မရည်ရွယ်လျှင်လည်း အဖတ်နှင့်အကြားအတွက် လိုပါသည်။ စွမ်းရည်လေးမျိုးစလုံးအတွက် လိုသည်ဟု
ဆိုရပါမည်။ သို့သော် အဖတ်အတွက်မူ အခြေခံဝါကျပုံစံများကို သိထားရုံမျှဖြင့် စာအုပ်အလွယ်ဖတ်အတော်များများကို
ဖတ်နိုင်ပါလိမ့်မည်။ အကြားအတွက်မူ အခြေခံအသံထွက်ပိုင်းကိုပါ လေ့လာရပါမည်။ ဝေါဟာရကြွယ်ဖို့ရန်လည်း
အာရုံစိုက်ရပါမည်။ ဝေါဟာရများများရဖို့သည် သဒ္ဒါထက်ပင် ပိုအရေးကြီသည်ဟုဆိုနိုင်ပါမည်။
သဒ္ဒါရရုံဖြင့်
အဖတ် အကြား အရေး အပြော လေးမျိုးစလုံးပိုင်နိုင်ပါသလား။
မပိုင်နိုင်ပါ။
သဒ္ဒါရရုံဆိုသည်မှာ များသောအားဖြင့် ဘာသာစကားဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်းများကို
သိသည့်အဆင့်သာရှိတတ်ပါသည်။ ဥပမာ ကတ္တားဆိုသည်မှာ ဘာ.... ကြိယာဆိုသည်မှာဘာ... သိသည့်သဘောကို
ဆိုလိုပါသည်။ ရေကူးတတ်ဖို့ ရေထဲမဆင်းကြည့်ဘဲ ကုန်းပေါ်တွင် လက်လှုပ်ခြေလှုပ်နေသည်နှင့်
တူပါသည်။
ဘာကို စလေ့လာရမလဲ။
သဒ္ဒါကလား အဖတ်ကလား။
ဘာကစ စ ရပါသည်။
အရေးကြီးသည်မှာ တစ်ခုတည်းကို အာရုံမစိုက်မိဖို့ ဖြစ်သည်။ ဝေါဟာရ၊ အသံထွက်တို့ကိုလည်း
လေ့လာဖို့ ရန်မမေ့သင့်ပါ။ တခုချင်းစီသပ်သပ်လေ့လာသလို ရောပေါင်းပြီလည်း လေ့လာလို့ရပါသည်။
ဥပမာ ဖတ်မိသည့် စာအုပ်တွင်ပါသည့် ကိုယ်လေ့လာချင်သည့် စာကြောင်းပုံသဏ္ဌာန်ကို လိုက်ရှာကြည့်တာမျိုးပါ။
ပေးရမည့်အချိန်အားဖြင့်ဆိုလျှင် တစ်နာရီတွင် သဒ္ဒါအတွက် ဆယ်မိနစ်စာလောက်ပေးပြီး ကျန်သော
ဝေါဟာရ၊ အဖတ် နှင့် အပြောအတွက် ကို ပိုအချိန်ပေးသင့်ပါသည်။