လေးစားအပ်ပါသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ခင်ဗျာ...
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖြစ်ကြသော
အံသွားတော်
မျက်လုံးတော်
ဆံတော်များ
အသွေး၊အသား ဓာတ်တော်များနှင့်
ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို (၇) ရက်တိုင်တိုင် ပူဇော်ပွဲနှင့် မန္တလေးမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဌာနချုပ်မှ နာယကချုပ်ဆရာတော်ဖြစ်သော အရှင် ဣန္ဒက
(ဓမ္မကထိကဆရာတော်)မှ
မိုးကုတ်ဝိပဿနာ (၇)ရက် အထူးတရားစခန်းပွဲကို မေလ (၁)ရက်မှ (၇)ရက်နေ့
အထိကျင်းပသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်အသိပေး
နှိုးဆော်လိုက်ရပါသည်။
Monday, April 30, 2012
Sunday, April 29, 2012
ရိုဟင်ဂျာဆိုတာ ဘာလဲ..?
သမိုင်းတစ်ကွေ့ နိုင်ငံရေး အတွေ့အကြုံများ အကြောင်းရေးဖို့ အချက်အလက်တွေ\ပြန်ရှာနေ တုံး ရေဒီယိုမှာ၊ အင်တာနက်မှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုတာတွေကြားရသည်။ အစိုးရကို ဆန့်ကျင် နေ သူများကလည်း ဘာဖြစ်ဖြစ် အစိုးရကိုဆော်ဖို့အခွင့်အရေးရင် မနည်းဘူးဆိုပြီး ရိုဟင်ဂျာတွေကို ဂရုဏာသက်စရာအဖိနှိပ်ခံများအဖြစ် ဘေးတီးပေးကြသည်။ ထိုလုပ်ရပ်သည် မည်မျှ အန္တရာယ်ကြီး သည်ကို ထိုသူတွေသိပါရဲ့လား။ ကျွန်တော် ၀န်ထမ်းဘ၀ တစ်လျှောက်တွင်နှစ်အတော်များများ ရခိုင် ပြည်နယ်မှာ နေခဲ့သဖြင့် ဒီပြဿနာကိုထိတွေ့ခဲ့ရသဖြင့် သိသမျှကို ဝေမျှလိုက်ပါသည်။ ဘယ်သူမှန် ပြီးဘယ်သူမှားသည်ကိုတော့ စာဖတ်သူ လူငယ်များသာ စဉ်းစားကြပါ။
ပထမဆုံး ပြောလိုသည်က ရိုဟင်ဂျာဆိုသော စကားလုံးဖြစ်သည်။ ယနေ့ ရိုဟင်ဂျာကို မူဆလင်ဘာသာဝင် လူမျိုးတစ်မျိုးအဖြစ် ပြောနေသည်။ ကျွန်တော်စိန်ခေါ်လိုပါသည်။ မြန်မာဘုရင် လက်ထက် စစ်တမ်းတွေ၊ အင်္ဂလိပ်ဂေဇက်တီးယားတွေ၊ သမိုင်းတွေ၊ လွတ်လပ်ရေး ရပြီးခေတ် မှတ် တမ်းတွေမှာရိုဟင်ဂျာ လူမျိုးဆိုသည့် စကားလုံး ရှာကြည့်စမ်းပါ။ ဘယ်တော့မှတွေ့မည်မဟုတ်၊ အင်္ဂလိပ် လက်ထက်က ကောက်ခဲ့သော သန်းကောင်စာရင်းများ၊လွတ်လပ်ရေး ရပြီးနောက် ကောက်ယူခဲ့သည့် သန်းကောင်စာရင်းများတွင်ရိုဟင်ဂျာလူမျိုးဟု မရှိပါ။ ရိုဟင်ဂျာဆိုသော စကားလုံးမှာ စစ်တကောင်းကုလားများက ရခိုင်ပြည်သားများကို ခေါ်သည့် ရိုဟင်ရှာ ဆိုသည့် စကားကလာခြင်းဖြစ်သည်။ ဘင်္ဂလားကုလားများက သူတို့ကိုယ်သူတို့ ရခိုင်ပြည်သားနံမည်ခံလိုသဖြင့် ဒီစကားကို ၁၉၅၀ ပြည့်လွန်နှစ်များတွင်တီထွင်ခဲ့ခြင်းဖြစ်သည်။ ဒီ့အရင်က ဒီကုလားများအတွက် နံမည်ရှိပြီးသားဖြစ်သည်။ ဒါကတော့ ကုလားဆိုး သို့မဟုတ် မူဂျာဟစ်များ ဖြစ်သည်။ဒီကုလားဆိုးတွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်လာခဲ့သနည်း ။
ဘင်္ဂလားပြည်နယ်နှင့် နယ်ချင်းဆက်နေသည့် ရခိုင်ပြည်နယ်တွင် ယခင်ကမူစလင်ကုလားများ ရှိခဲ့သည်။ သို့သော် ဒီလူတွေက ဒေသခံများမဟုတ်။ရခိုင်ဘုရင်များ စစ်နိုင်သဖြင့် ဖမ်းလာခဲ့သူများ၊ ရခိုင်လယ်ယာမြေများတွင် အလုပ်ကြမ်းလာ လုပ်သူများဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်စစ်တမ်းတွင်ရခိုင်ပြည်နယ်၌ ဘင်္ဂလားကုလား သုံးသောင်းကျော် ရှိသည်ဟုဖော်ပြခဲ့ဖူးသည်။ အင်္ဂလိပ်လက် အောက်ရောက်သောအခါ မြန်မာနိုင်ငံသည်အန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အခါ ကုလားတွေ တံခါးမရှိ၊ဓားမရှိဝင်လာကြသည်။ ဆင်းရဲတဲ့ ကုလားတွေက လယ်ကူလီ လုပ်သည်။ ချမ်းသာတဲ့ကုလားက ငွေတိုးချေးစားသည်။ အင်္ဂလိပ်က စူးအက် တူးမြောင်းကြောင့်စပါးဈေးကောင်းတော့ လယ်သစ်တွေဖော်ဖို့ ကုလားတွေ ခေါ်လာသည်။ ထိုအချိန်ကတစ်နှစ်ကို နှစ်ကြိမ် ဘင်္ဂလားက ကုလားတွေကို သဘောင်္နဲ့ သွင်းကြောင်း။သဘောင်္ခကို အထူးနှုန်း သတ်မှတ်ပေးခဲ့ကြောင်း ရှေ့မီနောက်မှီရခိုင်လူကြီးများက ရှင်းပြဖူးသည်။ သေချာသည်ကတော့ အင်္ဂလိပ်လက်အောက်ရောက်စ ၁၈၃၂ ခုနှစ် စာရင်းအရ လူဦးရေ တစ်သိန်းခွဲရှိသည့် ရခိုင်ပြည်နယ်သည် ၁၉၃၂ ခုနှစ် သန်းကောင်စာရင်းအရ စစ်တွေခရိုင် တစ်ခုတည်း၌ပင် လူဦးရေခုနှစ်သိန်းခွဲ ရှိနေတာတွေ့ရ၏။ ထိုကဲ့သို့ ချက်ခြင်း တိုးလားသည့်လူများမှာ အင်္ဂလိပ်တို့ နေရာချပေးခဲ့သည့် ဘင်္ဂလား ကုလားများပင် ဖြစ်သည်။ထိုကဲ့သို့ တိုးလာသည့် ကုလားအများစုမှာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ချင်းဆက်နေသည့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် နေထိုင်ကြသည်။
Saturday, April 28, 2012
Cartoon of the week
အင်မတန်ကောင်းမွန်တဲ့ Idea လေးပါ။ အသိတစ်ယောက် ရဲ့ Face Book မှာတွေ့လို့ Share လုပ်ပါတယ်။ မူရင်းတင်တဲ့ သူတော့ မသိလို့ Credit မပေးနိုင်တော့ပါဘူး။
Posted by ဂျစ်တီး
Posted by ဂျစ်တီး
Friday, April 27, 2012
Wednesday, April 25, 2012
SkyNet TV Live
အမိမြေရဲ့ အဝေးမှာရောက်ရှိနေကြတဲ့
သူငယ်ချင်းတို့အတွက် မြန်မာပြည်မှ SkyNet TV Live ထုတ်လွှင့်ချက်ကို ကြည့်ရှုနိုင်ပြီဖြစ်သည်။ တချိုလဲ
သိရှိပြီးဖြစ်သော်လည်း မသိသေးသူများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါသည်။ အဆိုပါ
လိုင်းကိုကြည့်ရှုနိုင်စေရန် မိမိ၏ ကွန်ပျူတာတွင် TVU Player ရှိဖိုလိုအပ်ပါသည်။ ထို player ကို အောက်ပါလင့် http://www.tvunetworks.com/downloads/player.html မှ program အား download လုပ်ပြီး
မိမိ၏ကွန်ပျူတာတွင် install လုပ်ပါ။ ပြီးရင် TVU Player ၏ Search channels box နေရာမှာ (လိုင်းနံပါတ်)
99221 ကိုရိုက်ထည့်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
Posted by ဝတီ
Posted by ဝတီ
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၅)
Can you? (မင်း…နိုင်မလား)
You use can you? when you want to ask someone to do something:
မင်း…..နိုင်မလား can you? ကို တစ်စုံတစ်ဥိးအား
ကိစ္စတစ်စုံတစ်ခုဆောင်ရွက်ပေးရန် တောင်းဆိုရာတွင် အသုံးပြုပါသည်။
1. Can you lend me a pen?
ငါ့ကို မင်းရဲ့ ဖောင်တိန် ငှားနိုင်မလား
2. Can you tell me where the
station is?
ငါ့ကို ဘူတာရုံဘယ်နားမှာရှိတယ်ဆိုတာ မင်းပြောပြနိုင်မလား
Help! (ကယ်ကြပါဗျို့)
An exclamation which you use when you are in danger or in need of
assistance:
ကယ်ကြပါဗျို့ Help! သည်အန္တရာယ်ကျရောက်နေသောအခါ (သို့)
အကူအညီလိုအပ်သောအခါတွင် အသုံးပြုသော အာမေဋိတ် စကားဖြစ်ပါသည်။
1. 'Help!' called the boy as the
boat began to sink.
ကောင်လေးသည် လှေစတင်နစ်မြုပ်သည့်အခါတွင်
ကယ်ကြပါ ဟု အော်လိုက်သည်။
2. Help! The door is stuck and I
can't get out.
ကယ်ကြပါဗျို့။ တံခါးက ညပ်နေလို့
ကျနော်အပြင်ထွက်လို့မရဘူး
Tuesday, April 24, 2012
ထာဝရမိတ်ဆွေ၊ တခဏမိတ်ဆွေ
မိတ်ဆွေကောင်းဆိုသည်မှာ ခက်ခဲဆုံးအချိန်တွင်
မိမိတို့နှင့်အတူရှိနေခြင်းပင်ဖြစ်သည်။ လူမူဘဝသဘာဝမှာ သာရာစီး၊ ပျော်သလိုနေ၊
အခွင့်ထူးရစသည့်အချက်များရှိနေမှသာ မိမိတို့နှင့်အတူတကွ ရှိနေတတ်ပေသည်။
လက်တွေ့ဘဝနယ်ပယ်တွင် အခက်အခဲအကျပ်အတည်းများ တွေ့ကြုံလာပါက ထိုသူတို့ထံမှ ဖယ်ခွာသွားတတ်ကြသူများမှာ
တခဏမိတ်ဆွေဟုခေါ်သည့် မိတ်ဆွေတုဖြစ်လေသည်။ အချို့ကလည်း တော်သလိုနေ၊
လွယ်သလိုပင်လုပ်၊ ဘာသိဘာသာနေသွားတတ်သူများမှာလည်း တခဏမိတ်ဆွေများဖြစ်ပေသည်။
လူအချို့တို့မှာ အဆင်ပြေချောမွေ့နေပြီး အလိုလိုက်အကြိုက်ဆောင်နေလျှင်
အကြိုက်တွေ့ကြ၍ အလွန်ခင်မင်စရာကောင်းသူပါပဲဟုဆိုလေသည်။ ထိုသူသည် တခါတရံ
စိတ်နှင့်အခန့်မသင့်၍ သဘောကွဲလွဲသွားလျှင်မူ ထိုသူထံမှ ဖယ်ခွာသွားတတ်ကြလေသည်။ ဤသို့သော
မိတ်ဆွေသင်္ဂဟများမျာ လူမူဘဝတွင် များမှများပေသည်။ တခါ မြင့်မားနေစဉ်အခါတွင်လည်း
အလွန်ပင်လေးစားချစ်ခင်ဖွယ်ကောင်းပါဘိဟု ဆိုကြပြန်သေးသည်။
ထိုသူနိမ့်ပါးသွားသောအခါတွင် ဖုတ်လေသည့်ငါးပိ ရှိသည်ဟုလေပင်မထင်တော့ပဲ
လမ်းတွေ့လျှင်ပင် မသိချင်ယောင်ဆောင်သွားတတ်ကြပေသည်။
အမှန်တကယ်မိတ်ဆွေကောင်းတို့သည် မိမိခံစားရသည်တို့ကို နားလည်ပေးခြင်း၊
မိမိကြုံတွေ့ရသည့်အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးခြင်း၊ မည်သည့်အခြေအနေတွင်
ရောက်နေသည်ဖြစ်စေ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတို့ကို ပြုလေသည်။
မိတ်ဆွေကောင်းဆိုသည်မှာ အခက်အခဲဆုံးအချိန်တွင် မိမိနှင့်အတူရှိနေခြင်းပင်ဖြစ်သည်။
မိမိကိုလည်း အခက်အခဲကြုံအောင် မည်သို့မျှပြုမူမည့်သူမဟုတ်ချေ။ ထို့အပြင်
မိတ်ဆွေကောင်းတို့သည် မိမိမိတ်ဆွေ၏ နဂိုရှိပြီးသားပုံစံအတိုင်းကိုပင် လက်ခံကြသည်။
အရှိအတိုင်းဖြစ်တည်နေသည်ကို လက်ခံကြသည်။ စိတ်သဘောထားမှာ တသမတ်တည်းရှိပြီး
မည်သည့်အခြေအနေရောက်ရောက် ပြောင်းလဲမသွားချေ။
Monday, April 23, 2012
Programming ဘာသာရပ်လေ့လာလိုသူများအတွက်
Programming ဘာသာရပ်ကိုလေ့လာချင်သူတွေအတွက် အွန်လိုင်းပေါ်ကရင်းမြစ်
(resources) တွေကို ညွှန်းချင်ပါတယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလေနက်နဲလေ၊
ရှာဖွေလေတွေ့ရှိလေပါပဲ။ ပိုပြီးကျယ်ပြန့်စွာသိချင်ရင် အွန်လိုင်းမှာ programming
နဲ့ coding တွေအတွက် ရှာနိုင်တဲ့နေရာတွေ အများကြီးပါ။
ကျွန်တော် Network Computing
ဘွဲ့အတွက်ကျောင်းတက်တုန်းက ပထမနှစ်မှာ Java နဲ့ပတ်သက်ပြီး object-oriented
programming နှစ်ဘာသာယူရပါတယ်။ ကျွန်တော့်ဆရာက လည်း တကယ့်ပရိုဂရမ်းမင်းခရေဇီလေ။
သူဖတ်ဖို့ပေးထားတဲ့စာအုပ် ကလည်း ဘာသာရပ်နှစ်ခုစလုံးအတွက် တစ်မျိုးတည်းပဲ။ ဒါပေမယ့်
ဆရာရော စာအုပ်ပါ သိပ်မထူးပါဘူး။ ပျင်းစရာကောင်းလှတယ်။ တစ်ခုကောင်းတာက ဆရာက
အသင်အပြတော့ မကောင်းဘူး။ အညွှန်းတွေသိပ်ကောင်းတယ်။ သူတို့ညွှန်းတဲ့ site တွေကို
ကျောင်း သားတိုင်းစိတ်မဝင်စားပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ ကွန်ပျူတာအင်တာနက်ကို
မွှေနှောက်နေရရင် စိတ်ထဲမှာ ပြေပျောက်နေတတ်တဲ့ကောင်ဆိုတော့ မွှေပြီပေါ့ဗျာ။
ကျွန်တော်ပြောခဲ့တာအခြေအနေအမှန်ပါဗျာ။ ဆရာသင်တာ မရှင်းတော့
သိချင်စိတ်တွေများလာတယ်။ ဒီတော့ ပိုကောင်းတဲ့ စာအုပ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ရတယ်။
စာအုပ်ဆိုင်တွေမှာ စာအုပ်တွေ ရှိပေမယ့် ဈေးကြီးတယ်ဗျာ။ တကယ်မဝယ်နိုင်ပါဘူး။
ဈေးပေါတာ တွေကအလုပ်မဖြစ်။ ဝယ်နိုင်တယ်ပဲထား အဲဒီစာအုပ်ကြီးတွေရှင်းမှ ပိုရှုပ်
ကုန်တယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တွေလောက်တောင် မထူးတဲ့ စာအုပ်တွေကို စိတ်ကုန်လာတယ်။
ဒါပေမယ့် ကျွန်တော်က စိတ်မပျက်ဘူးဗျ။ စာအုပ်တွေနောက်က အညွှန်းတွေနောက်၊ သူတို့
ကိုးကားထားတဲ့ စာအုပ်တွေ စာရင်းနောက်ကို လိုက်ရင်လည်းရတာပဲ မဟုတ်လား။ ဒီနေရာကနေ
ရှေ့ဆက်ဖို့စတာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တယ်။
ကျွန်တော်စိတ်အဝင်စားဆုံးက
website တွေပဲ။ အိုင်တီကျောင်းသားတွေအများစု စိတ်မဝင်စားတတ်တဲ့နေရာလို့
ဆိုရမလားပဲ။ အဲဒီအထဲမှာ အကောင်းဆုံး site
တွေကိုပြောပါဆိုရင် programming language နဲ့ပတ်သက်တဲ့ site တွေပဲ။ အခြား
ပရိုဂရမ်းမင်းနဲ့ပတ်သက်တဲ့ coding
community က အဖွဲ့ဝင် member site တွေလည်းရှိသေးတယ်။ အဲဒါတွေကိုတွေ့ကြုံရတာ
ကျွန်တော့်အတွက်တော့ ရတနာသိုက်ကို ရှာတွေ့လိုက်ရသလိုပါပဲ။
Sunday, April 22, 2012
ရှင်ပြုခြင်း
ရှင်ပြုခြင်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာလူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောင်္ကျားလေးကို အချိန်အခါ အရွယ်ရောက်လာလျှင် သင်္ကန်း ၀တ်ပေးခြင်းဖြစ်သည်။
မာတိကာ
1 ရှင်ပြုပွဲသမိုင်းအစ
2 ရှင်ပြုနိုင်သည့်အရွယ်
3 ရည်ရွယ်ချက်
4 အဓိကလုပ်ငန်းကြီး (၃) ရပ်
4.1 ဆံရိတ်ခြင်း (၀ါ) ဆံချခြင်း
4.2 သင်္ကန်းဆီးခြင်း
4.3 သရဏဂုံဆောက်တည်ခြင်း
5 ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်
6 ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး
7 ကိုးကား
ရှင်ပြုပွဲသမိုင်းအစ
ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်သီတင်းသုံးတော်မူပါတယ်။ တစ်ရက်တွင် ယသော်ဓရာမိဘုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်တဲ့အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရားခွင့်ပြုတော်မူပါတယ်လို့ မိန့်တော်မူပါတယ်။
ရှင်ပြုနိုင်သည့်အရွယ်
အသက်တစ်ဆယ့်ငါးနှစ်ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ၀ိနည်းမဟာဝါပါဠိတော်တွင်ပါရှိပါသည်။ သို့ရာတွင်မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကိုသာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ်မပြည့်သေးသော်လည်း မိမိရှေ့တွင်ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။
Thursday, April 19, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၆)
၂၆။ အင်္ဂလိပ်လိုစာတမ်းထိုးတဲ့ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို ကြည့်ပါ။ အချို့လူတွေက စာတမ်းမထိုးတဲ့ ရုပ်ရှင်ကိုကြည့်ရင် နားမလည်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ဘာသာစကားနဲ့ စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ကြည့်ပြန်တော့လည်း စာတမ်းတွေကိုသာဖတ်နေပြီး အင်္ဂလိပ်လိုပြောတာကို နားမထောင်မိတော့ဘဲ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင် အင်္ဂလိပ်လို စာတမ်းထိုးပြီးကြည့်ဖို့ ဦးတည်ပြီး ကြိုးစားကြည့်ပါ။ ရုပ်ရှင်တစ်ကားလုံးကို အင်္ဂလိပ်စာတမ်းနဲ့ ကြည့်ဖို့ ခက်လွန်းနေတယ် ဆိုရင် (ပုံမှန်အားဖြင့် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့) ပထမ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကို ကိုယ့်ဘာသာစကားနဲ့ ကြည့်ပြီး အဲဒီနောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ကြည့်ပါ။ ရုပ်ရှင်ဇာတ်လမ်းကို လုံးဝမသိတော့ဘဲ လမ်းပျောက်သွားမှပဲ စာတမ်းပြောင်းပြီး ကိုယ့်ဘာသာစကားနဲ့ ကြည့်ပါ။
၂၇။ ကိုယ့်ဘာသာစကားပြောတဲ့ ရုပ်ရှင်တွေကို အင်္ဂလိပ်လိုစာတမ်းထိုးပြီးကြည့်ပါ။ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို အင်္ဂလိပ်စာတမ်းထိုးနဲ့ပဲ ကြည့်ရတာ ခက်လွန်းနေတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်အိမ်နားမှာရှိတဲ့ ဗီဒီယိုဆိုင်မှာ အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ်စာတမ်းထိုးရုပ်ရှင်တွေ မရှိဘူးဆိုရင် ဒီနည်းဟာ ဒုတိယအကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှရုပ်ရှင်တွေထဲမှာ အင်္ဂလိပ်စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ရှာပြီးတော့ ကြည့်မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်တွေလည်း ဖြစ်တတ်ပါတယ်။ နိုင်ငံတကာမှာ လူကြိုက်များမယ်လို့ ထုတ်လုပ်သူတွေက ယူဆတဲ့အတွက်ဖြစ်ပါတယ်။
Wednesday, April 18, 2012
လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲ
ဆရာဦးအေးငြိမ်းမှ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
နေ့ရက်။ ။ ၂၂၊ ၄၊ ၂၀၁၂ (တနင်္ဂနွေ)
အချိန်။ ။ ညနေ ၆ နာရီ မှ ၇ နာရီ
နေရာ။ ။ မင်္ဂလ၀ိဟာရ ၊ Eunos MRT အနီး
မှတ်ချက်။ ။ မြန်မာပြည်တွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်း အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤဟောပြောပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၊ မေလ ၄ ရက်နေ့၌ ကျုင်းပရန် ဖြစ်ပါသည်။
ယခုပွဲမှာ စင်ကာပူမှ မိတ်ဆွေအပေါင်း သိနိုင်စေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။
Posted by အိမ်လွမ်းသူ
Source : စင်္ကာပူေ၇ာက်မြန်မာများ
Tuesday, April 17, 2012
တစ်နှစ်ပြည့်အမှတ်တရ
ဒီနေ့ဟာ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေနဲ့ ဆေးကြောခဲ့ပြီး မင်္ဂလာရှိသောနှစ်သစ် စတင်မည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သလို ကျွန်တော်တို့ရဲ့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းတည်ထောင်ခဲ့သော MTLA GTI GROUP BLOG ရဲ့ တစ်နှစ်ပြည့်မွေးနေ့ရက်လေး ဖြစ်ပါတယ်။ ဒီနေ့ထူးနေ့မြတ်လေးမှာ ကျွန်တော်တို့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများအပါအဝင် မြန်မာပြည်သူ၊ ပြည်သားအာလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်း ရှိကြပါစေလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ကျွန်တော်တို့ ဒီ blog ကို တည်ထောင်ခဲ့သော ရည်ရွယ်ချက်များစွာ ရှိခဲ့ပါတယ်။ ဝေးကွာနေကြတဲ့ သူငယ်ချင်းတွေ ပြန်လည်ဆုံဆည်းနိုင်ဖို့၊ မိမိတို့ရဲ့ တတ်ကျွမ်းတဲ့ လုပ်ငန်းနယ်ပယ်မှ အတွေ့အကြုံတွေ ဖလှယ်ကြဖို့၊ စင်္ကာပူကိုလာရောက် အလုပ်လုပ်ကိုင်ချင်သော သူငယ်ချင်းတို့အပေါ် အသိဥာဏ်ဗဟုသုတတိုးပွားစေဖို့ နှင့် လုပ်ငန်းအခွင့်အလမ်းများသိရှိစေဖို့် စသည့်ဖြင့် လက်ရှိစင်္ကာပူမှာရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရှေးဦးစွာတည်ဆောက်ခဲ့ကြတာပါ။ နောက်ပိုင်းကာလတွေမှာ ကျွန်တော်တို့ မိတ္ထီလာ GTI ကျောင်းမှမဟုတ်သော ဝါသနာတူ အခြားသော သူငယ်ချင်းများပါ ဒီ blog မှာ ပါဝင်ရေးသားခဲ့ကြပါတယ်။ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းပြီးစတင်တည်ထောင်ခဲ့သော blog ဖြစ်သောကြောင့် MTLA GTI GROUP BLOG ဟု အမည်ပေးဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအကြောင်းမပါ လူပုဂ္ဂိုလ်ချင်း၊ အုပ်စု အသင်းအဖွဲ့ချင်း ထိခိုက်နစ်နာစေမဲ့ အကြောင်းအရာများကို ရေးသားခြင်းမပြုလုပ်ရ ဟူသော စသည့်အခြေခံ စည်းမျဉ်းစည်းကမ်းချက်များ ကျမှတ်ခဲ့ပြီး ဒီ blog စတင်တည်ထောင်ရေးသားခဲ့ကြရာ ယနေ့ဆိုရင် ကျွန်တော်တို့ရဲ့ blog လေး တစ်နှစ်ပြည့်ခဲ့ပါပြီ။ အလုပ်ကိုယ်စီနှင့် မိမိတို့ အားလပ်ချိန်တွေထဲမှ အချိန်ပေးပြီးရေးသားပေးခဲ့သော သူငယ်ချင်းများအားလုံးကို ကျွန်တော်တို့ blog မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောင်ကာလများမှာလဲ ဒီထက်တိုးပြီး ရေးသားဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဒီ blog လေးစတင်ဖြစ်မြောက်အောင် အကြံဥာဏ်ပေးခဲ့သော ကိုဂျစ်တီးအား ကျေးဇူးဦးပကာရတင်ရှိပါတယ်။ ထိုအတူ ကျွန်တော်တို့ blog ရဲ့ အင်္ဂလိပ်စာကဏ္ဍ ပင်တိုင်ဆောင်ပါးရှင် ကိုတူး (မိတ္ထီလာ GTI) အားလည်းကောင်း၊ ဘာသာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ ရေးသားပေးခဲ့သော ကိုထွန်းမြင့်ဌေး အားလည်းကောင်း၊ ဂျပန်နိုင်ငံမှနေ၍ ခရီးသွားမှတ်တမ်းအတွေ့အကြုံများကို ရေးသားပေးခဲ့သော ကိုစိုးမင်းခိုင် အားလည်းကောင်း၊ ထို့အတူ ခရီးသွားဆောင်ပါး၊ ကဗျာ၊ ပညာရေးနှင့် ပတ်သက်၍ ရေးသားပေးသော ကိုငခဲ၊ ကိုဂျစ်တီး တို့အားလည်းကောင်း၊ နည်းပညာအကြာင်းများ ရေးသားပေးခဲ့ကြသော ကိုဝတီနှင့် မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး အားလည်းကောင်း၊ စင်္ကာပူနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများကို ရေးသားပေးခဲ့သော အိမ်လွမ်းသူ အားလည်းကောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ရေးသားပေးခဲ့သော မောင်စူးစမ်း(MTLA GTI) အားလည်ကောင်း၊ မိတ္ထီလာGTI ကျောင်းဟောင်းဓာတ်ပုံ နှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ ဗွီဒီယိုမှတ်တမ်းခွေတို့ကို ပို့ပေးခဲ့သော မြန်မာပြည်မှ မိတ္ထီလာGTI သူငယ်ချင်းဟောင်းများ အားလည်ကောင်း၊ မိတ္ထီလာGTIကျောင်းမှ သူငယ်ချင်းဟောင်းများ အမှတ်တရ အလွှမ်းပြေ ပြန်လည်ကြည့်ရှူခွင့်ရအောင် ဓာတ်ပုံများပို့ပေးခဲ့သော Jenny Sanngwe အားလည်းကောင်း၊ blog တွင် ရေးသားဖို့ E mail မှတဆင့် ပို့ပေးခဲ့ကြသော အမည်မဖော်ပြလိုသော သူငယ်ချင်းများ အားလည်းကောင်း၊ blog ဖြစ်မြောက်လာအောင် အဖက်ဖက်မှ အကြံဥာဏ်နှင့် အကူအညီပေးခဲ့ကြသော သူငယ်ချင်းများ အာလုံးနှင့် ကျွန်တော်တို့ blog ကို အလည်အပတ်လာရောက်ခဲ့ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကျွန်တော်တို့ MTLA GTI GROUP BLOG ADMIN အဖွဲ့မှ blog ၏တစ်နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ပြောကြားအပ်ပါသည်။
Posted by MTLA GTI GROUP
သူငယ်ချင်းအတွက် နှစ်သစ်ဆုတောင်း
သူငယ်ချင်းရေ.....
မြန်မာသက္ကရာဇ် ၁၃၇၃ ခု၊ နှစ်ဟောင်းကာလကို ငါတို့ကျောခိုင်းနှုတ်ဆက်ခဲ့ကြရပြီ။ ဒီနေ့ဆို မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ကိုရောက်လာခဲ့ပြီ။ မင်္ဂလာရှိတဲ့နှစ်သစ်ကို ငါတို့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းတွေနဲ့အတူ ဒီနေရာလေးကနေ ကြိုဆိုလိုက်ကြရအောင်....။
ငါတို့တွေဟာ ဟိုအရင်တချိန်က မိတ္ထီလာ GTI ကျောင်းတော်ကြီးမှာ ပညာနို့ရည်အတူသောက်သုံးခဲ့ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ ကျောင်းပြီးကြလို့ ဒို့တတွေ့ ခွဲခွာကြပြီး ငါတို့ဘဝတွေအတွက် ရုန်းကန်ခဲ့ကြရတယ်လေ။ ရေကြည်ရာ မြက်နုရာအရပ်ဒေသအသီးသီးမှာ ဘဝအတွက် အလုပ်တွေလုပ်ခဲ့ကြရင်း ဒို့သူငယ်ချင်းတွေ မဆုံဖြစ်ခဲ့တာလဲ ကြာခဲ့ပါပြီ။ သြော်.......အခုပြန်တွေ့ကြချိန်မှာတော့ ဟိုအရင်ကလိုပဲ ကျောင်းသားဘဝတွေလို မဟုတ်ကြတော့ဘူး။ အလုပ်ကိုယ်စီနဲ့ ငါတို့ရဲ့ မိသားစုတွေအတွက် ရုန်းကန်လှုပ်ရှားနေကြရပြီ။ ဒါပေသည့် သူငယ်ချင်းဆိုတဲ့ ခင်မင်ချစ်ခင်၊ ရင်းနှီးခဲ့ကြတဲ့စိတ်တွေကတော့ မလျှော့ခဲ့ဘူးလို့ ငါထင်မိတယ်။ သူငယ်ချင်းတွေပြန်တွေ့ကြတော့ ဒို့တွေ ကျောင်းတက်ခဲ့တုန်းက အကြောင်းတွေပြန်ပြောကြရင်ွး ကျောင်းကိုပြန်သတိရမိခဲ့ကြတယ်။ တစ်ဦးနဲ့တစ်ဦး ဝေးခွာနေကြပြီဆိုတော့ ပြန်လည်ဆုံတွေဖို့ဆိုတာ မလွယ်တော့ဘူးလေ။ ဒါပေမဲ့ ငါတို့သူငယ်ချင်းတွေ ဘယ်လောက်ပဲဝေးဝေး အမြဲဆုံဆည်းကြနိုင်ဖို့ စဉ်းစားခဲ့ကြရာကနေ ငါတို့ ဒီ blog လေးကို တည်ထောင်ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ သူငယ်ချင်းဟောင်းတွေအပါအဝင် ပြည်ပရောက် သူငယ်ချင်းဟောင်းတွေအားလုံးအတွက် ငါတို့တွေရဲ့ ခံစားမူ၊ အတွေးအမြင်၊ ဗဟုသုတ၊ သုတ၊ ရသ နဲ့ နည်းပညာဆိုင်ရာတွေမှာ အမြင်ချင်းဖလှယ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ခဲ့ကြတာပဲ။ ဒီနေ့ဆိုရင် ငါတို့ blog လေး တည်ထောင်ခဲ့တာ တစ်နှစ်ပြည့်တဲ့ နေ့ရက်ဆိုတာ မင်းလဲ အသိပါ။ အလုပ်တွေနဲ့ မအားလပ်တဲ့ကြားကနေ ငါတို့ သူငယ်ချင်းတွေ ကိုယ်ပိုင်အတွေးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ဖတ်ရှူသိရှိခဲ့တဲ့အထဲကပဲဖြစ်ဖြစ် ဒီ blog မှာ မျှဝေရေးသားပေးခဲ့ကြတယ်။ ကိုယ်တိုင်မရေးဖြစ်ခဲ့ကြပေမဲ့ အကြံဥာဏ်တွေ ပေးခဲ့ကြတယ်။ ငါတို့ကိုကျောင်းမှာ သင်ပေးခဲ့တဲ့ ဆရာ၊ဆရာမဟောင်းတွေအတွက် ကန်တော့ပွဲလုပ်မယ်ဆိုတော့လဲ အားတက်သရော ပါဝင်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ.... ဒါတွေဟာ ငါတို့သူငယ်ချင်းတွေရဲ့ ပြန်လည်ဆုံဆည်းမူ ပြယုဂ်လေးတွေပါ။ နောက်နှစ်တွေမှာလဲ ငါတို့တွေ ဒီထက်ပိုပြီး ဆုံဆည်းနိုင်ကြမည်လို့ ငါမျှော်လင့်မိပါတယ်။
သူငယ်ချင်းရေ.... မင်းလဲ မင်းဘဝအတွက် ကြိုးစားပေါ့။ ငါတို့တွေဆိုတာ ဟိုတချိန်က အတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဆိုတာတော့ မင်းရင်ထဲမှာ အမှတ်ရနေမယ်ဆိုတာ ငါ အမြဲယုံကြည်လျက်ပါ.....
ဒီနှစ်သစ်ကစလို နောက်နှစ်များစွာ မင်းရဲ့ဘဝမှာ ပျှော်ရွင်ချမ်းမြေ့မူတွေနဲ့ ပြည့်စုံနိုင်ပါစေလို့ သူငယ်ချင်းအတွက် ငါ ဆုတောင်းပေးလိုက်ပါတယ်.....
Posted by သူငယ်ချင်းတစ်ဦး
Monday, April 16, 2012
မြန်မာနှစ်သစ်ဦး ဆုတောင်း
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအာလုံး ကိုယ်စိတ်နှလုံး ရွင်လန်းချမ်မြေ့ကြပါစေဟု MTLA GTI GROUP မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၁၃၇၄ ခု၊ နှစ်သစ်အခါသမယမှ တစ်နှစ်တာကာလအတွင်းမှာ မိမိတို့၏ စီးပွားရေး၊ ကျန်မာရေး၊ လူမူရေးတို့တွင် အရင်နှစ်တို့ထက် ကြံစည်တိုင်းအောင်မြင်နိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ ထပ်လောင်း၍ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
Posted by MTLA GTI GROUP
Sunday, April 15, 2012
Saturday, April 14, 2012
ရာဇဝင်ထဲက သင်္ကြန်
ပိတောက်သင်းသော လရာသီ
သင်္ကြန်လေအေးလေးက အပူထဲမှ အအေးကိုယူဆောင်လာသည်။ ပုဂံမြေမှ အပျော်အပါး ခုံမင်သော၊ အကျီးစားသန်သော နရသီဟပတေ့မင်း၏ ထူးကဲစွာ ပြင်ဆင်ထားသည့် သင်္ကြန်ပွဲတော်.....
မိဖုရားကြီးငယ်များ၊ မောင်းမတော်၊ ကိုယ်လုပ်တော်၊ အပျိုတော်များအားလုံး တင့်တယ်သော အလှကိုယ်စီဖြင့် ပျော်ရွင်စွာ ရေးကစားကြသည်။
“ဘုန်းတော်ကြီးမြတ်သော မောင်တော်ဘုရား ကျန်းမာပါစေ”
“မောင်တော်မင်ကြီး အေးချမ်းပါစေ”
“မောင်တော် ဘုန်းတော်ကြီးမြင့်ပါစေ” စသည့်ဖြင့် ကောင်းမြတ်သော ဆုတောင်းများနှင့်အတူ မိဖုးရားခေါင်ကြီးနှင့်တကွ မိဖုရားများမှ သွန်းဖျန်းသောရေစင်ဖြင့် နရပတေ့မင်းကြီး၏ကိုယ်တော်မှာ ရွဲရွဲစိုလျက်။
မိဖု၇ားအချင်းချင်းလည်း အပြန်အလှန် ရေကစားကြသည်။ ရေကစားမဏ္ဍပ်တော်အတွင်း၌ ရယ်သံမောသံများညံ၍ အားလုံးအားလုံးသောသူတို့မှာ ရေရွဲရွဲစိုလျက်။
အားလုံးထဲတွင် ထူးခြားနေသူက မိဖုရားစောလုံ။
စောလုံသည်ဣနြေ္ဒရစွာ စံမြန်းလျက် ရံရွှေတော်များ ဆက်သသောပိတောက်ပန်းများကို ရင်မှာထွေးပွေ၍ သင်းသင်းလေးနှင့် မွှေးအိသော ပိတောက်နံကို မြတ်နိုးစွာ ခံစားနေ၏။ အဆောင်ရ နန်းရမိဖုရားများထဲတွင် ကိုယ်နေဟန်ထားသွယ်လျ အချိုးကျသူ။ အသက်ငယ်သူ လှပတင့်တယ်သော ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံသော မိဖုရားစောလုံသည် ပိတုန်းရောင် ဆံကေသာထက်တွင် ပိတောက်ပန်းတစ်ခက်ကိုပန်ဆက်၍ ပိတောက်ပန်းနှင့်အပြိုင် လှပတင့်တယ်နေ၏။
Friday, April 13, 2012
ပိတောက်ပန်း
ပိတောက်ပန်း
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း။ ။
(ဦးကြော့)
Posted by KAE
Thursday, April 12, 2012
သင်္ကြန်သီချင်းများ
သင်္ကြန်မိုး ရုပ်ရှင်သီချင်းများ
Alpine သင်္ကြန်
သင်္ကြန်ရေ
ဒီနှစ်ကူးမှာကဲနေပြီ
2006 ရတနာမြိုင်သင်္ကြန်
အကောင်းဆုံးသင်္ကြန်တေးများ ( အောင်ရင် )
အမြူးဆုံးသင်္ကြန် ၂၀၀၃
အေးချမ်းပါစေသင်္ကြန်ရေ
အင်တာနက်သင်္ကြန်
Hip Hop သင်္ကြန်
Lazy Club သင်္ကြန်
မာစတာ သင်္ကြန်
နှစ်ကိုယ်တူချစ်သမျှ
နှစ်သစ်မင်္ဂလာ ၁
နှစ်သစ်မင်္ဂလာ ၂
နှစ်သစ်မင်္ဂလာ ၃
နွေလယ်မိုး
နွေဦးရဲ့လတန်ခူး
ပိတောက်ကပွဲ
ပိတောက်ပင်လယ် ၁
ပိတောက်ပင်လယ် ၂
Rock & Roll သင်္ကြန်
Posted by ဝတီ
Sunday, April 08, 2012
Saturday, April 07, 2012
The Terrafugia Transition (ကားပျံ)
ကမ္ဘာ့ ပထမဆုံး မိုးပျံကားကို မကြာမီ ရောင်းချသွားတော့မည်ဖြစ်သည်။ အမေရိကန် ကုမ္ပဏီ Terrafugia Transitionက မိုးပျံကား စမ်းသပ်မှုများအားလုံး စိတ်ကျေနပ်လောက်ဖွယ် အပြီးသတ်နိုင်ခဲ့ပြီးနောက် ယင်းကို မကြာမီ ရောင်းချသွားတော့မည်ဟု ကြေညာခဲ့သည်။
ဘော်စတွန် အခြေစိုက် ကုမ္ပဏီက ဖန်တီးထားသော မော်တော်ကားသည် စက္ကန့် ၃၀ အတွင်း မော်တော်ကား အသွင်မှ လေယာဉ်ငယ် တစ်စင်းအဖြစ် အသွင်ပြောင်းလဲနိုင်သည်။ ယင်းသည် လေထဲတွင် တစ်နာရီ ၁၈၅ မိုင်နှုန်း မောင်းနှင်နိုင်ပြီး လမ်းပေါ်တွင် ၁ နာရီ ၁၀၅ မိုင်နှုန်းထိ မြန်နှုန်းမြှင့်တင်နိုင်သည်။ မော်တော်ကားအဖြစ် မောင်းနှင်နေစဉ် တောင်ပံများကို ခေါက်ထားနိုင်မည်ဖြစ်သည်။ ယခုနှစ် အတွင်း စတင်ရောင်းချမည့် မော်တော်ကားများ၏ ဈေးနှုန်းကို ပေါင်စတာလင် ၁၂၅ဝဝဝ မှ ၁၆၀၀၀၀ အတွင်း သတ်မှတ်သွားဖွယ် ရှိနေသည်။ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ရစ်ချတ်ဂရက်က နှစ်စဉ် မိုးပျံကားစင်းရေ ၂၀၀ ဝန်းကျင်မျှ ရောင်းချသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယင်း ကားများ သည် တစ်ကြိမ် ဆီဖြည့်ထားလျင် မိုင် ၄၀၀ မှ ၄၅၀ ထိ ခရီးပေါက်အောင် သွားလာနိုင်ပြီး ယခုအခါ စင်းရေ ၁၀၀ စာ အော်ဒါလက်ခံရရှိထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသွားသည်။
Posted by Htun
ပရောဂျက် အင်ဂျင်နီယာ နဲ့ Lifting စပါယ်ရှယ်လစ်
Mun Siong Engineering Limited
|
Mun Siong Engineering Limited is an integrated mechanical engineering, electrical and instrumentation service provider in the process industries. With a wide range of highly efficient specialized in-house services, the Group is able to provide comprehensive integrated solutions to its customers, which include petroleum majors, petrochemical companies and multi-national engineering, procurement and construction contractors.
Project EngineerAcross Singapore
Responsibilities:
- Effectively follow up the progress of the assigned projects through different phases on safety, schedule, budget, and quality
- Work in close liaison with the Planning section to get the projects scheduled for execution and ensure timely material delivery.
- Provide regular feedback on the project status to management.
- Liaise with vendors and contractors, procurement approvals for purchase of materials, etc.,
- Liaise with the client on project requirements and various departments on engineering, procurement, budget control, etc
- Ensure that Quality, Health, Safety and Environmental Standards are met.
Requirements:
- Candidate must possess at least diploma or Degree in Mechanical Engineering or equivalent.
- At least 2 year(s) of working experience in Construction Projects.
- Good working knowledge of relevant international standards on project management.
- Possess good communication, interpersonal and analytical skills.
Interested applicants, please submit your full CV with present, expected salaries, contact number(s) and notice period required by email to:
or
htun.myint.htay@mun-siong.com or
write in to
Mun Siong Engineering Limited
Human Resource Department
35 Tuas Road, Jurong
Singapore 638496
Human Resource Department
35 Tuas Road, Jurong
Singapore 638496
အလုပ်ပြောင်းဖို့ ရှာနေသော မြန်မာအင်ဂျင်နီယာများ လျောက်နိုင်ပါတယ်။
ထွန်းမြင့်ဌေး (9645 6244 or 9080 1253)
Posted by Htun
Friday, April 06, 2012
မေတ္တသုတ် ( မြန်မာပြန် အဓိပ္ပါယ် )
၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…
၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။
Sunday, April 01, 2012
အလုပ်လုပ်ချိန်မှာ အစဉ်လိုက်သိသင့်သောအရာ ၁ဝခု
(၁) အလုပ်အကိုင် အရင်တန်ဖိုးထား၊ အသိအမှတ်ပြုပါ။ ပြီးမှ ရာထူးတိုးအောင်လုပ်ပါ။
(၂) ပြောဆိုဆက်ဆံရေး တူညီမှုအရင်ရယူပါ။ ပြီးမှ ကွဲလွဲတာကို ဆွေးနွေးပါ။
(၃) အကောင်အထည်ဖော်မှု ဖြစ်မြောက်အောင်အရင်လုပ်ပါ။ ပြီးမှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပါ။
(၄) သင်ယူမှု အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။
(၅) ပြုလုပ်ဖန်ဆင်းမှု အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။
(၆) စီးပွားရေးလုပ်ငန်း အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထောင်ပါ။ ပြီးမှ အောင်မြင်မှုကိုရယူပါ။
(၇) ဖွံ့ဖြိုးတိုးတက်မှု အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။
(၈) လူလူချင်းဆက်ဆံရေး လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။
(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။
(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။
Ref: Nine Nine Sanay @ နိုင်းနိုင်းစနေ
Posted by KAE
Subscribe to:
Posts (Atom)