Tuesday, April 26, 2011

ဟိုရောက်ဒီရောက် English Language အကြောင်း (၂)

  ဒီတစ်ခါတော့"Shall"ဆိုတဲ့စကားလုံးလေးကိုအသုံးချပုံလေးခေါင်းထဲရောက်လာလို့ပါ။ တတ်လို့ရေးတာမဟုတ်ဘူးဆိုတာအရင်ဝန်ခံပါရစေ။တွေ့မိတာ၊ကြားမိတာလေးတွေကို
ပြန်ဝေမျှတဲ့သဘောပါ။တွေ့တာ၊ကြားတာတွေကလည်းမှားနိုင်ပါတယ်။ဒီစာအုပ်ကဒီလိုရေးပေမယ့် နောက်တစ်အုပ်ကျတော့ နောက်တစ်မျိုး ရေးတာတွေလည်း ကြုံဖူးကြမှာပါ။ တစ်ခုခုကို သေသေချာချာ ရေးတော့မယ်ဆိုရင်Reference စာအုပ်တွေများများ ကိုင်နိုင်ရင်ပို ကောင်းပါတယ်။ ကိုယ့်အတွက် တော့မှန်တယ်ထင်ပြီးရေးလိုက်တာပါပဲ။ အ မှားပါသွားရင်ကျေးဇူးပြုပြီးအမှန်ပြင်ပေးကြပါလို့ မေတ္တာ ရပ်ခံ ပါရ စေ။ ဘာ ပဲ ပြောပြောနားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။ သိပြီးသားသူ များကလည်း သည်းခံပေးကြပါ။
        "Shall" ကိုအသုံးချပုံ အမျိုးမျိုးရှိပါတယ်။ English Grammer အရတော့ I နဲ့ We အတွက် "Shall" ကိုသုံးရပြီး He, She, They, It တို့အတွက် "Will" ကိုသုံးတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ကြမှာပါ။ ဒါပေမယ့် ခုနောက်ပိုင်း အင်္ဂလိပ် လူမျိုးတွေ တောင်မှ "I will" "We will" ဆိုပြီးသုံးနေကြပါပြီ။ အေး ဆေးဖြစ်ကုန်ကြပါပြီ။ ဘာပဲ သုံးသုံးအတူတူဖြစ်နေပါပြီ။ ၀ါကျရဲ့ ရှေ့ဆုံးမှာထားပြီး သုံးရင်တော့ အမေးသ ဘော၊ အကြံဥာဏ်တောင်းတဲ့ သဘောဖြစ်သွားတယ် ဆိုတာလည်းလူတိုင်းသိကြမှာပါ။
          နောက်တစ်ခုကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း သူ့ကို သုံးနိုင်ပါသေးတယ်။ "You shall die" ဆိုရင်တော့ ဒါ အဲဒီသဘောဖြစ်သွားတာပေါ့။ နောက်ပြီးတော့ အမိန့်ပေးတဲ့ သဘောမျိုးသုံးတာပါ။ အလုပ်မှာ အင်မတန်မှ အသုံးများသော အသုံးအနှုန်းဖြစ်ပါတယ်။ Contract တွေမှာဖြစ်ဖြစ်၊ Owner (သို့) Clientဆီကလာတဲ့Commentတွေမှာပဲဖြစ်ဖြစ်တွေ့ပါလိမ့်မယ်။မဖြစ်မနေလုပ်ကိုလုပ်ရမယ်လို့ဆိုလိုတဲ့ သဘောပါ။ ဒီလောက်ပါပဲခင်ဗျာ၊ နောက်မှတွေ့ကြတာပေါ့။
Posted by ငခဲ

မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်း(၀ါ)သခင်အောင်ဆန်း(၀ါ)ကိုအောင်ဆန်းနှင့်ကျောင်းနေဘက်နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တစ်ဦးဖြစ်ခဲ့၍ကျောင်း၌နေစဉ်ကမှတ်မိသမျှကိုမှတ်တမ်းတင်လိုက်ပါသည်။
ကိုအောင်ဆန်းသည်ကျွန်တော်တို့ထက်၂နှစ်စော၍တက္ကသိုလ်သို့ရောက်ရှိနေပါသည်။ကိုအောင်ဆန်းကိုကျွန်တော်တို့အတန်းဆင်းချိန်နှင့်သူ့အတန်းတက်ရန်သုတ်သီးသုတ်ပျာလာချိန်တို့တွင်“အင်းဝ” ဆောင်ရှေ့တွင်မကြာခဏဆုံစည်းမိတတ်ကြပါသည်။နောက်ကိုအောင်ဆန်းနှင့်ကျွန်တော်တို့ခင်မင်ရင်းနှီးလာခဲ့ကြပါသည်။
ကိုအောင်ဆန်း၏ကျောင်းသားဘ၀၀တ်ပုံဆင်ပုံမှာကျွန်တော်တို့အဖို့အထူးအဆန်းမဟုတ်သော်လည်းအများအဖို့အတော်ကြီးထူးဆန်းနေသလိုဖြစ်ခဲ့ပါသည်။ရှပ်အင်္ကျီကိုကြယ်သီးအပြည့်မတပ်ဘဲပင်နီအပေါ်အင်္ကျီကိုကပိုကရိုဝတ်၍မန္တလေးလုံချည်အနွမ်းကိုပင်ဆင်မြန်းကာဆံပင်စုတ်ဖွားနှင့်သင်ကြားပို့ချချက်များလိုက်ရန် မှတ်စုစာအုပ် လက်တွင်ကိုင်ပြီး စိုက်စိုက် စိုက်စိုက်သွားတတ်သည်ကိုယခုတိုင်ပင်မှတ်မိလျက်ရှိပါသည်။
ကျွန်တော်တို့အသိမိတ်ဆွေသူငယ်ချင်းများနှင့်တွေ့လျှင်ကိုအောင်ဆန်းသည်ပြုံး၍သာနှုတ်ဆက်ပြီးရှေ့ဆက်စိုက်စိုက်စိုက်စိုက်သွားလေ့ရှိပါသည်။တစ်ခုခုကိုအစဉ်အာရုံစိုက်ပြီးနေသောအသွင်မှာအမြဲထင်ရှား၍နေပါသည်။
ကိုအောင်ဆန်းသည်ကျောင်းတွင်သူငယ်ချင်းများနှင့်“ဟေးလားဝါးလား”စကားဖွဲ့လေ့မရှိပါ။သင်ကြားပို့ချသမျှကိုအမြဲအာရုံစိုက်ပြီးနားထောင်မှတ်သားလေ့ရှိပါသည်။ထို့ကြောင့်လည်းကိုအောင်ဆန်းစာမေးပွဲတိုင်းကောင်းစွာ အောင်မြင်သည်ချည်းဖြစ်ပါသည်။

Monday, April 25, 2011

ကောသလမင်းကြီး၏ အိပ်မက် ၁၆ချက်

ဘုရားရှင်လက်ထက်တော်မှာကောသလမင်းကြီးကအိပ်မက်၁၆ချက်မက်တော့ဘုရားရှင်ထံမေးမြန်းရာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။အဆိုပါအချက်၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ဆိုပါတယ်။အခုဆိုရင်အချို့အချက်တွေ ဖြစ်ပေါ်နေပြီလို့ဆိုနိုင်နေပါတယ်။အဆိုပါ၁၆ချက်ကတော့….

(၁)အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥသဘတို့သည်လာလတ်၍မင်းရင်ပြင်၌ဝှေ့မည်ဟုတွန်မြည်ကြုံးဝါးလျက်မဝှေ့ပဲသာလျှင်ဖဲလေကုန်၏။

နောင်အခါတရားမစောင့်သောမင်းတို့လက်ထက်၌အရပ်လေးမျက်နှာမှမိုးတို့သည်ရွာအံသကဲ့သို့ထစ်ကြိုးလျက်မရွာပဲသာလျှင် ပျောက်ပျက်ကုန်လတ္တံ့။ထိုအခါကာက်ပဲသီးနှံတို့ပျက်ဆီး၍လူတို့၌အစာရေစာရှားပါးငတ်မွတ်ခြင်း ဖြစ်လတ္တံ့။



ဘိုးရာဇာ


ဘိုးရာဇာသည်အင်းဝခေတ်၌ပေါ်ထွန်းသောထင်ရှားသည့်အမတ်ပညာရှိကြီုးဖြစ်သည်။မိတ္တီလာနယ်ဝန်ဇင်းရွာဇာတိဖြစ်၍သာမန်အရပ်သားမိဘနှစ်ပါးမှဖွားမြင်သည်။ငယ်စဉ်ကပင်စာပေကိုလေ့လာလိုက်စား၍ပညာဗဟုသုတကိုရှာမှီးသည်။အရွယ်ရောက်သော်ဝန်ဇင်းရွာသူကြီးသမီးနှင့်ချစ်ကြိုက်သည်။သူကြီးကဤသူငယ်သည်ပညာဗဟုသုတကိုသာလိုက်စားသည်။ကြိုးကြိုးပမ်းပမ်းဆင်းရဲခံ၍လုပ်ကိုင်စားမည့်သူမဟုတ်ဟုယူုဆကာမနှစ်သက်ချေ။သို့ရာတွင်သမီးနှစ်သက်သူဖြစ်သဖြင့်လက်ထပ်ခွင့်ပြုသည်။လယ်နှင့်နွားတရှဉ်းပေး ၍လွတ်ရာတွင်နေစေသည်။
         

Sunday, April 24, 2011

ဟိုရောက်ဒီရောက် English Language အကြောင်း (၁)

        စလုံးမှာလူပြောအများဆုံး စကားကတော့ Already ဆိုသော စကားဖြစ်မည်ထင်သည်။ ဒါပေမယ့် အတော်များများရဲ့ နားထဲမှာတော့ Ready ပဲကြားနေကြမှာ ဖြစ်သလို ကိုယ်တိုင် လည်း လိုက် ပြော နေ ကြတာတွေ့ရသည်။ တကယ်တမ်း စလုံး တရုတ်တွေ ကတော့ Already ဟုအသံထွက်ကြ ပါသည်။ ဒါ ပေမယ့်သိကြတဲ့အတိုင်း တရုတ်လေသံ ကမပျောက်တော့ အယ်ဒီ ဟုဖြစ်နေကြသည်။ သို့သော် ဖဦးထုတ် တွေကတော့ Already ဟု တစ်တစ်ခွခွ ကို အသံထွက်လေသည်။
         ဒီနေရာမှာ ကျွန်တော် ပြောချင်တာ ကတော့ သူများကို လိုက်မတုရန် ဖြစ်သည်။ Workers တွေ ဘယ်လိုပဲ အသံထွက်ထွက် ကိုယ်ကတော့ မှန်မှန်ကန်ကန် အသံထွက်တာ အကောင်းဆုံး ဖြစ်မယ် မ ဟုတ်လား။  မြန်မာတွေ အနေနဲ့ မှန်အောင်လဲ အသံထွက်နိုင်တာပဲလေ။ ဘယ်သူကမှတော့ ဘာမှလာ ပြောမှာမဟုတ်ပေမယ့် အကျင့်ဆိုတာပါတတ်သည်။ ကောင်းတာပဲ အတုယူစေချင်ပါသည်။
Posted by ငခဲ

စင်ကာပူ မှာ အလုပ်ရှာရသော အခက်အခဲများ

              အင်း ၂၀၀၅ ခုနှစ်လောက် ကပေါ. မြန်မာပြည် မှာနေရင်း စင်ကာပူမှာ သွားအလုပ်လုပ်ချင်တော. စင်ကာပူ က အလည်ပြန်လာတဲ.ကိုကို၊မမ တွေရဲ. စကားတွေ နားစွင်.ရတာပေါ.။ သူတို.တွေရဲ. အပြောအရ စင်ကာပူမှာလောလောဆယ် Draft man (Auto CAD)အလုပ်ဟာ ရှာရလွယ်တယ် ပေါ.နော်.။ ဒါကြောင်. ကိုယ်လဲ မြန်မာပြည် မှာ Auto CAD ကိုဇောက်ချ လေ.ကျင်.လိုက်ပါတော.တယ်။ သင်တန်း တွေ တက်တယ်ပေါ.နော်။ ဒါနဲ. လာမယ် လာမယ် နဲ. လုပ် တာ စိတ်ကပါပေမယ်. ငွေကမလိုက်နိုင်တော. ငွေစုရင်း ၂၀၀၈ ခုနှစ် နှစ်လယ်ထိရောက်သွား တာပေါ.။ စလုံး ကို လာဖို.လဲ အားလုံးသေသေချာချာ ပြင်ဆင်ရတယ်နော်။ မြန်မာပြည် ကတည်း က သူငယ်ချင်း ကို နေစရာ တနေရာ ရဖို.၁လလောက်ကြိုပြောရတယ်။ အဲ.လိုမှ မဟုတ်ရင် ရောက်လာလို. နေရာစရာ မရ လို. တည်းခိုခန်း တွေ ၊ သူများ အိမ်ဧည်.ခန်းတွေ ကပ်ပြီး အိပ်ရတာ တွေ ဖြစ်မယ် လို. သူငယ်ချင်းကပြောပြထားတယ်လေ။
           

အထီးကျန်ခြင်း – Loneliness

            အထီးကျန်ခြင်းဆိုတာတကယ်တော့အရာများစွာကိုစွန့်လွှတ်ဆုံးရှုံးလိုက်ရခြင်းပါပဲ။ကိုယ့်ကို ရစ် တွယ်နေ တဲ့ ပတ် ၀န်းကျင်၊ မိသားစု၊ သူငယ်ချင်း တွေနဲ့ချစ်ခင်နှစ်သက် သူတွေ၊ ကိုယ်မြတ်နိုး တဲ့ အရာ တွေကနေအဝေးကို ရောက်သွားတဲ့အခါ၊ ဒါမှမဟုတ် ဒါတွေကို ဆုံးရှုံးသွားရတဲ့အခါ အဲဒီ အ ထီး ကျန် ခြင်း ဆိုတဲ့ အ ရာဟာ ရင်ထဲကို ပြင်းပြင်းပြပြ ၀င်ရောက်လာပါတယ်။

       
အဲဒီစိတ် ၀င်ရောက်လာတဲ့ အခါ လူ သား တစ်ယောက်ဟာ အများကြီး ပြောင်းလဲသွားပါတယ်။ ပတ်ဝန်းကျင်ကို ကြောက်ရွံ့လာတယ်။ မိမိ ကိုယ် ကိုမုန်းတီးလာတယ်။ အရာရာကိုအဆိုးမြင်လာတယ်။ သံသယစိတ်နဲ့ကြည့်တတ်လာတယ်။ အယုံ အ ကြည် နည်း ပါး လာ တယ်။ မိမိ စိတ်ထင်ရာ ကို လုပ် တတ် လာတယ်။ အလေးအနက်ထားမှုယိုယွင်းလာတယ်။နာကျင် တယ်။ အ ချိန်တော် တော်များများ မှာကိုယ့်ရဲ့  သိစိတ်ရောမသိစိတ်ကပါအဲဒါရဲ့စိုးမိုးမှုကိုခံလာ ရပါတယ်။


      

ခင်သာဇာတိ မောင်သာဂိ

ကပ္ပိယ သာဂိ
      အရှေ့အရပ်မှထွက်ပေါ်လာသောနေမင်းကြီးသည် တနေ့တာမိမိ၏တာဝန်များ
ကိုထမ်းဆောင်ပြီးပြီဖြစ်၍အနားယူအိပ်စက်တော့မည်ဖြစ်၏။ ခင်သာရွာလေး၏ ဆည်း
ဆာချိန်အလှသည် အရှေ့ဘက်တွင်လယ်ကွင်းကျယ်ကြီးများနှင့် အနောက်ဘက်တွင်
ပုကွကွ အပင်ငယ်များ ဟိုတအုပ် ဒီတအုပ်ပေါက်ရောက်နေကြပြီး တောင်ဘက်တွင်
တော့ အလွန်တရာလှပသည့် သဲချောင်းကြီးတခုက ကာရံထားသည်။ မြောက်ဘက်
ခပ်လှမ်းလှမ်းတွင် ဟိုတစု ဒီတစုတဲငယ်လေးများရှိသည်။ ဆည်းဆာချိန်လည်းဖြစ်
နွားများကို ချည်တိုင်ပို့သည့်အချိန်လည်းဖြစ်ခြင်းကြောင့် နွားကျောင်းသားတို့၏ အော်
ဟစ်သံများ ကြိမ်းမောင်သံများ အပြင်နွားတို့၏တွန်ကြူးသံကိုလည်း ကြားနေရမည်
ဖြစ်သည်။

စင်ကာပူအတွေ့အကြုံ - ဦးအေးငြိမ်း (လေးမျက်နှာ)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) - အပိုင်း (၃)

ကျွန်တော်ကား အမှားပေါင်းများစွာကို လုပ်ခဲ့သူဖြစ်၏။ အမှားများကို တွေးခဲ့၏။ အမှားများကို လုပ်ခဲ့၏။ ဆုံးဖြတ်ချက် အမှားများကို ချခဲ့၏။ မည်မျှအမှားများလုပ်ခဲ့သနည်းဟူမူ ကျွန်တော်လုပ်ခဲ့သမျှ အရာအားလုံးကိုသာ စာရင်းချကာ အမှားလုပ်ခဲ့သည့် အရေအတွက်နှင့် အမှန်လုပ်ခဲ့သည့်အရေအတွက်ကို ချရေးလိုက်ရလျှင် အမှားလုပ်ခဲ့သည့်အရေအတွက်က အမှန်လုပ်ခဲ့သည့် အရေအတွက်ထက် အဆပေါင်းများစွာ များကောင်း များနေနိုင်ပါသည်။ အချို့အမှုများဆိုလျှင် မှားမှန်းသိလျှက်နှင့် မိုက်မဲစွာ ဆုံးဖြတ်ခဲ့ခြင်းများပင် ပါပါသည်။
           

လူမစွမ်း နတ်မ

တနင်္ဂနွေနေ့လေး နေမြင့်အောင်အိပ်ရမလားမှတ်တယ် စောစောစီးစီးကို ဖုန်းမြည်လာတယ်လေ။ Silent လုပ်ပြီးမအိပ်မိတော့ ခု ဇိမ်ပျက်ရပြီ။ နံပတ်ကြည့်လိုက်တော့လည်း တခါမှ မမြင်ဘူးဘူးဖြစ်နေတယ်။
သန်း တာနဲ့ရောပြီး ဖုန်းပြန်ဖြေလိုက်တယ်...
“ဟားလို”
“ကိုဖိုးကျော်လား ဗျာ”
“ဟုတ်ပါတယ်”
“ကျနော်က မောင်ရာဇာပြည့်စုံမင်းသွေးပါ”
အောင်မယ်လေး…ရှည်းလျားတော်မူလို
က်တဲ့နာမည်
“အော်…အေး…ပြော မောင်မီးသွေး”
“မင်းသွေး ပါဗျ”
“ဟုတ်ပါပြီကွာ…ကိစ္စကိုပြောပါအုံး”
“ရန်ကုန် စမ်းချောင်းက ကိုသန်းထူး ကိုသိတယ်မလား”
“အင်း…သိတယ်၊ ဘာလဲ သူ ဆုံးပြီလား”
“အာ…မဟုတ်ပါဘူး၊ ကျနော်က သူညီဝမ်းကွဲလို့ ပြောမလို့ ပါ”
“အော်…ဒီလိုလား”
“ဟုတ်ပါတယ်၊ ကျနော်က အလုပ်လာရှာတာ၊ ကိုဖိုးကျော်ဆီဆက်သွယ်ပြီး လိုအပ်တာ အကူအညီတောင်းဖို့ မှာလိုက်လို့”
အေပေး သန်းထူး၊ ဒုက္ခပေးဖို့တော့ သတိရရှာသား။ ရုံးပိတ်ရက်လေးတရက်တော့ မနားရဘဲ အလုပ်ရှုပ်အုံးတော့မယ်။
“အင်း…ဒါနဲ့ မင်းက အခု ဘယ်မှာလဲ”
“စင်္ကာပူမှာ”