Thursday, June 09, 2011

iPad2 ကွန်ပျူတာအတွက် ကျောက်ကပ်တခြမ်း ရောင်းချခဲ့သူလူငယ်

iPad2 ကွန်ပျူတာကို အလွန်အမင်း လိုချင်လှသဖြင့် တရုတ်ဆယ်ကျော်သက် တစ်ဦးသည် မိမိ ခန္ဓာကိုယ်တွင်းရှိ ကျောက်ကပ် တခြမ်းကို ဖြတ်ထုတ် ရောင်းချခဲ့သည်။ အများပြည်သူလူထုမှာ မကျေမနပ်နှင့် စိုးရိမ် ကြောင့်ကြလျက် ရှိနေရသည်။
အသက် ၁၇ နှစ် အရွယ် ရှောက်ဇန်မှာ တပ်ဘလတ်စတိုင် ကွန်ပျူတာငယ်လေးကို ပိုင်ဆိုင်နိုင်ရန် ငွေကြေး မတတ်နိုင်ခဲ့ရှာ။ တရုတ်နိုင်ငံတွင် လပ်တော့နှင့် တပ်ဘလတ်များကို ပိုင်ဆိုင်ခြင်းမှာ ကြွယ်ဝချမ်းသာမှု၏ ပြယုဂ်သဖွယ် ဖြစ်နေသည်။
သို့နှင့် ကျန်းမာရေး ကောင်းသူများအနေဖြင့် ကျောက်ကပ်တခြမ်းကို လှီးထုတ် ရောင်းချပြီး ငွေကြေး ရရှိနိုင်သည့် နိုင်သည့် ကြော်ငြာကို လက်ခံခဲ့မိတော့သည်။
မိခင်ဖြစ်သူအား အလွန်ထိတ်လန့် တုန်လှုပ်စေခဲ့ပြီး လူထုအကြား မကျေနပ်ချက်များ ကြီးထွားလို့ လာခဲ့သည်။
တရုတ် TV သို့ ပြောကြားရာတွင် ဆယ်ကျော်သက် လူငယ်လေးက “ကျနော်ဟာ အိုင်ပတ် ၂ ကွန်ပျူတာငယ်လေးကို အရမ်း လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံက မရှိဘူးလေ။” ဟုဆိုခဲ့သည်။
“အင်တာနက်မှာ လျှောက်လည်ပတ်နေတုန်း ကျောက်ကပ် ၀ယ်ချင်တယ်ဆိုတဲ့ ကြော်ငြာနဲ့ ကိုယ်စားလှယ်ကို တွေ့ခဲ့တာပါ။”
အန္တရာယ် များလွန်းလှသော ကျောက်ကပ်တခြမ်း လှီးထုတ်သည့် ခွဲစိတ်မှုကို ဆေးရုံငယ်လေးတွင် အငှါး ခွဲစိတ်ကု ဆရာဝန် တယောက်က လုပ်ပေးခဲ့သည်။
သုံးရက်ခန့် ဆေးရုံ တက်ခဲ့ရပြီးနောက်တွင် ကျောက်ကပ်အတွက် ဒေါ်လာ နှစ်ထောင့် ကိုးရာ (၂၉၀၀) ရရှိခဲ့သည်။
iPad2 နှင့် iPhone တို့ကို သူ ၀ယ်ယူခဲ့သည်။ သို့ရာတွင် အိမ်ရောက်သောအခါတွင်မူ မိခင်ဖြစ်သူက ပစ္စည်းများ မည်သို့ရခဲ့ပုံကို မေးမြန်းခဲ့သည်။
ခွဲစိတ်မှုလုပ်ခဲ့ရကြောင်းကို ရှောက်က ၀န်ခံပြောဆိုခဲ့ပြီး ချုပ်ရိုး ဒဏ်ရာကို ပြသခဲ့၏။ ယင်းအချိန်မှစပြီး ခွဲစိတ်မှု နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ခံစားနေခဲ့ရတော့သည်။
“သား အိမ်ပြန်လာတော့ လပ်တော့ကွန်ပျူတာတစ်လုံးနဲ့ အဲပဲလ်လက်ကိုင်ဖုန်းတစ်လုံး ပါလာခဲ့တယ်။” မိခင်ဖြစ်သူက ရှင်းပြခဲ့သည်။
“ငွေတွေ အများကြီး ဘယ်လိုရခဲ့တာလဲဆိုတာ ကျမ သိချင်လိုက်တာ။ နောက်ဆုံးမှာတော့ ကျောက်ကပ်တခြမ်းကို ဖြတ်ထုတ်ရောင်းချခဲ့တာကို သူ ၀န်ခံခဲ့ပါတယ်။”
မောက္ခနိုင်ငံတကာသတင်း
Source: http://news.yahoo.com/
Posted By မောင်စူးစမ်း (MTLA GTI)

သူငယ်ချင်းတို့အတွက် ဘဝအမောပြေ ဟာသလေးများ

အခန်းမကျော်အောင်
(၅)နှစ်အရွယ် နှင့် (၇)နှစ်အရွယ် ညီအစ်ကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။
“ကြည့်လို့ကောင်းနေတုန်း ဘာလို့တီဗွီပိတ်ရတာလဲ”
“ငါရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”
ချစ်ရတဲ့ မြေးလေး

အငြိမ်းစားတရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”
“သြော်ဟုတ်ကဲ့၊ ဆန်းနီလေးဟာ သူ့အဘိုး အငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို လိုက်ပို့စရာရှိလို့ဆိုပြီး ခွင့်ယူသွားပါတယ်ရှင်”
ဧည့်နှင်နည်း
“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”
“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို အော်ဆိုခိုင်းလို့ပါ”
ရိုက်မှာစိုးလို့
“သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့ အနေနဲ့ အန်တီ့ ကို မွှေးမွှေးပေးလိုက်ပါဦး”
“ဟင့်အင်း၊ သားကြောက်တယ် မေမေ”
“ဘာဖြစ်လို့လဲ”
“မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်တယ်ဗျ”
သူဆိုရင် လက်တည့်တယ်
“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့်ကို ခဲနဲ့လှမ်းပေါက်တာ ခင်ဗျားသား ဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲ့ဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
ယုံကြည်လာသူ
“ငါ့မိန်းမက င့ါကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယိဆိုတာငါ မယုံခဲ့ဘူးလေ”
သမက်ရဲ့ စေတနာ
“ယောကျာ်းရေ မေမေ ပြောနေတယ်။ ရှင် ပြောတဲ့ ဟာသတွေက အရမ်းရယ်ရလွန်းလို့ အူတက်ပြီးသေမတတ်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”
ပေါက်ကရ မပြောနဲ့
 ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကိုပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနစ်ပဲ ရှိသေးတယ်”
မိထားတဲ့သူက
“ဟဲလို..ဋ္ဌာနချုပ်ကလား။ ကုန်တိုက်ရှေ့မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
တစ်ယောက်ကိုတော့ ကျွန်တော် မိထားပါတယ်။”
“ဘယ်တစ်ယောက်လဲ”
“အလုပ်ခံရတဲ့သူ”
သဘာဝ
 
“မင်းက င့ါကို အရူးလုပ်နေတာလား”
“ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုသဘာဝပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ပါဘူး။”
ထိုင်ခုံမရှိလို့
 
“ရုရှားစစ်သည်တော်နှစ်သန်းက စစ်မြေပြင်ရောက်တဲ့အခါ မတ်တတ်ရပ်ပြီး အသင့်ပြင်နေတာ
ဘာကြောင့်လဲ မောင်မောင်ဖြေစမ်း။”
“ဟုတ်ကဲ့ဆရာ၊ သူတို့မှာ ကုလားထိုင်မရှိလို့ပါ။”
မေမေ မှာထားလို့
“ကောင်းကင်ဘုံကို ရောက်ချင်သလား မေးတော့ ကျောင်းသားအားလုံး လက်ညှိုးထောင်ပြပေမယ့် မင်းက ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ တိုနီ၊ ကောင်းကင်ဘုံကို မသွားချင်ဘူးလား”
“ဟင့်အင်း၊ မသွားချင်ဘူးဆရာ။ မေမေက မှာထားတယ်။ ကျောင်းလွှတ်ရင် အိမ်ကိုပဲတန်းပြန်လာခဲ့တဲ့”
 Posted by ဝတီ

Wednesday, June 08, 2011

အသုံးဝင်မယ့် websites များ (၂)

သူငယ်ချင်းတို့အတွက် ကျွန်ပျူတာ နည်းပညာဆိုင်ရာ လေ့လာစရာ websites တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကျွန်ပျူတာ နည်းပညာဆိုင်ရာ websites များ

နည်းပညာမှတ်စုများ

မိုးထက်မြင့်

အရာတော်မြေ

လုလင်တစ်ဦး၏အတွေးဆုံမှတ်

ဧရာညီနော်

မုန်တိုင်း

ကောင်လေးငယ်

လမ်းပြကြယ်

ဂျီးတော်

နေမင်းမောင်

မောင်ပညာ

ချစ်သောကမ္ဘာမြေ

သံလုံငယ်

Computer Technical Notes & Sharing Softwares

Kalawthar

Htun May

Open Eyes

MIPT-MYANMAR ™

Twilight
http://www.withoutlovesitmin.co.cc/
Posted By မောင်စူးစမ်း (MTLA GTI)

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၆)

PHRASES (1)
အင်္ဂလိပ်သဒ္ဒါမှာ စကားလုံး တစ်လုံးထက် ပိုပြီး စုဝေးနေတဲ အစုအဝေးကို Phrase (or) Clause လို့ ခေါ်ပါတယ်။ မြန်မာမှာတော့  နှစ်ခုလုံးကို ပုဒ်စုလို့ပဲ ခေါ်တယ်။ Finite verb မပါတဲ့ အစုအဝေးကို Phrase လို့ခေါ်ပြီး၊ Finite verb ပါတဲ့ အစုအဝေးကို Clause လို့ခေါ်တယ်။ အလျင်ဆုံး Phrase ကို ဆွေးနွေးလိုတယ်။ Phrase အမျိုးမျိုးရှိတယ်။ အလျင်အခန်းတွေက တင်ပြခဲ့တဲ့ V-ing and V-ed တို့ဟာလည်း phrase တွေကို ဦးဆောင်ဖွဲ့စည်းကြတာပါပဲ။ အခု Preposition and Noun တွဲပြီးဖြစ်ပေါ်လာတဲ့ Prepositional Phrase ကို ဆွေးနွေးမှာ ဖြစ်တယ်။ ဥပမာ…......
in the house - အိမ်ထဲမှာ။
on the hill - တောင်ပေါ်မှာ။
near our school - ငါတို့ကျောင်းနားမှာ။

Tuesday, June 07, 2011

Passport သက်တမ်းတိုးခြင်းနှင့် ပတ်သက်ပြီး ရှောင်ကျဉ်ရန်


 ကျမကိုယ်တွေ့ ကြုံတာလေးတစ်ခုကို စင်္ကာပူမှာရှိတဲ့  သူငယ်ချင်းများ
ကျမလိုနောက်နောင် အလားတူအဖြစ်မျိုးမဖြစ်ရလေအောင် သင်ခန်းစာအနေနဲ့ 
တင်ပေးလိုက်တာပါ... ကျမ passport သက်တမ်းတိုးဖို့ service ပေးတဲ့ အေဂျင်စီကို  သွားခဲ့ ပါတယ်...လိပ်စာက ကိုပိုးတီ၊မနွယ် ကောင်းထက်
သံရုံးဝန်ဆောင်မှု လုပ်ငန်း 111 North Bridge Road ,Penisular plaza ,#
05-59 ,Singapore (179098)  ဖြစ်ပါတယ်... ၁၂-၅-၂၀၁၁ ရက်နေ့ ကပါ...

Monday, June 06, 2011

အသုံးဝင်မယ့် websites များ (၁)

သူငယ်ချင်းတို့အတွက် အသုံးဝင်ပြီး ဗဟုသုတလဲရစေမယ့် websites တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

သိပ္ပံနှင့် နည်းပညာဆိုင်ရာ websites များ

မီးပြတိုက်

ဓာတုရပ်ဝန်း

ဖီးကျူ

Nu4Power

Radar Technology for Myanmar

Myanmar Digital Satellite Navigation Gathering

Myanmar Astronomy

New Generation of Metropolitan

Open Engineering for Myanmar

Myanmar Engineer
http://www.myanmarengineer.org/
Posted By မောင်စူးစမ်း (MTLA GTI)

Sunday, June 05, 2011

ကျွန်တော် ပညာသင် (၂)

၂၀၀၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့။
နံနက်(၈)နာရီလောက်မှာ အိပ်ယာကနိုးလာခဲ့ပါတယ်။ လေယာဉ်ကို ခရီးဝေး စီးခဲ့ရတဲ့ အတွက်ရော၊ မနေ့က အပြင်မှာ ကိုစိုင်းတို့ကို စောင့်နေတုန်း အအေးနည်းနည်း မိသွားတာကြောင့်ပါ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး မလှုပ်ချင်ဖြစ်နေမိပါတယ်။ အိပ်ယာကထပြီး ပစ္စည်းတွေနေရာချဖို့လုပ်နေတုန်း ပြင်ဆင်နေဆဲ အပြင်က တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်တော့ Foreign Registration (နိုင်ငံခြားသားမှတ်ပုံတင်ခြင်း)၊ Bank Account  ဖွင့်ဖို့ နဲ့ ကျန်းမာရေးအာမခံ (Health Insurance) လုပ်ဖို့ လာခေါ်တာဖြစ်ကြောင်း အဆောင်အောက်ထပ်ကို ချက်ခြင်း ဆင်းခဲ့ဖို့ပြောပါတယ်။ ဂျပန်မှာ ဘယ်လိုနိုင်ငံခြားသားမဆို ရောက်ရှိပြီး သီတင်းပါတ် ၂-ပါတ် အတွင်း သက်ဆိုင်ရာ ရပ်ကွက်ရုံး (ဒါမှမဟုတ်- မြို့နယ်ရုံး) တွေမှာ မဖြစ်မနေ မှတ်ပုံတင်ကြရပါတယ်။ ဒီနေရာမှာ ကျန်းမာရေး အာမခံနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြချင်ပါတယ်။

မြန်မာနိုင်ငံ ပရိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်

ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။ တရားကျင့်တဲ့ ဘုန်းကြီးတစ်ပါးက နတ်ပြည်ကို စိတ်နဲ့ သွားကြည့်တာ တုသိတာနတ်ပြည်မှာ ဦးဌေးလှိုင်နဲ့တွေ့ခဲ့ရကြောင်း ပြန်ပြောပြပါတယ်။ မဖတ်ရသေးတဲ့တွေ ဖတ်ချင်ရင် အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

မြန်မာနိုင်ငံ ပရိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်

Posted  by ထွန်းမြင့်ဌေး

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၅)

V - ed ( Past Participle )
အရင်က V-ing သုံးပုံးသုံးနည်း ဆွေးနွေးခဲတာကို ကြေညက်လျှင် အခု V-ed သုံးစွဲတာနဲ့ ပတ်သက်ပြီး အခက်အခဲသိပ်တွေ့လိမ့်မယ်လို့ မထင်ပါဘူး။ အနက်အဓိပ္ပာယ်မှာသာ ကွဲပြားမယ်။ နေရာအနေအထားက အတူတူပါပဲ။
တခုတော့ သတိထားပါ ။ Past Participle လို့ နာမည်အပြည့်အစုံကို ဖော်ပြရာမှာ ရှည်လွန်းတဲ့အတွက် V-ed လို့ အလွယ်သုံးလိုက်တာဖြစ်တယ်။ တွေ့သမျှ V တိုင်းကို -ed ထည့်လို့ မဖြစ်ပါဘူး။ do ကနေ done, learn ကနေ learnt စသည်ဖြင့် ထူးခြားပြောင်းလဲပုံများကို မှတ်ထားရပေလိမ့်မယ်။ အဲလို မှတ်မထားတဲ့အတွက် writed, sended စသည်ဖြင့် ရယ်ဖွယ်လိလိ မှားကြတာကို ကြုံတွေ့ရမှာပါ။
ပထမဆုံး ခေါင်းထဲမှာစွဲနေစေချင်တာကတော့  V-ed ကို ခုလို Non-finite သဘောမှာသုံးတာဟာ Passive သဘောကို ဆောင်တယ်ဆိုတာပါပဲ။ Finite ဖြစ်တဲ့  Passive Verb မှာ ပါရိုးပါစဉ် is, are, was, were, will be ဆိုတာတွေကို ချန်ပြီး သုံးထားတာလို့ နားလည်နိုင်တယ်။

Thursday, June 02, 2011

ဗုဒ္ဓဘာသာဝင် ဆိုတာ....

ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးကို ကျွန်တော်ဖတ်ဖူး၊ မှတ်သားဖူးသည့်အထဲမှ ပြည်လည်မျှဝေတာပါ။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။