မနေ့က အဖော်ကောင်းတာနဲ့ ဘောပွဲလေး သွားကြည့်ပါတယ်။ စင်္ကာပူ Cup (Club အသင်းတွေ ဖိတ်ခေါ်) ထင်ပါရဲ့။ Thai က Pattaya United FC နဲ့ Okkthar United FC ဖြစ်ပါတယ်။ သွားဖို့ ရည် ရွယ် ချက်အစက တော့ မရှိပါဘူး။ ရုံးက အတူ အလုပ်လုပ် တဲ့ကောင်လေးက ခေါ်တာရယ်၊ နောက် သူ ပြောတဲ့ စကားလေး တစ်ခွန်းကြောင့် ရယ် ပေါ့။ သူပြောတာကတော့ " အကို..သွားဆဲရအောင်ဗျာ" ဆိုတာ ပါပဲ။ ၀င်ကြေးကလဲ ၅ဒေါ်လာ ဆိုတော့ OK ဆိုပြီး လိုက်သွားတာပေါ့။
နည်းနည်းနောက်ကျတော့ ဂိတ်ဝရောက်ကတည်းက ဥသာ...ဥသာ..ဆိုတဲ့ အသံတွေက စ ကြား နေ ရပါပြီ။ လက်မှတ်ဝယ်ဖို့ တန်းစီနေသူ တွေကလည်း ရွှေတွေချည်း ပါ။ ဒီမှာကတည်းက ကိုယ်က မ ဆဲရသေး ဘူး။ ကိုယ့်ဆရာတွေက ဆဲနေပါပြီ လက်မှတ်ဝယ်တဲ့ နေရာကတည်းက။ကိုယ်လိုလူ တွေ ချည်းထင်ပါရဲ. လို့တွေးလိုက်မိတယ်။ အထဲရောက်တော့ အောက်ထပ်မှာတော့ ပြည့်နေပြီ၊ ဒါနဲ့ အပေါ် တက် ကြည့်လိုက်တော့ ရွှေတွေချည်း ပါဗျာ။ ယိုးဒယားတွေ သိပ်မတွေ့ ရဘူး။
ပထမ ပိုင်းမှာ ပဲ ဥသာ ကတစ်ဂိုး သွင်းထားပြီးပါပြီ၊ ကိုယ်တောင် မကြည့်လိုက်ရပါဘူး။ ဥသာက ကစားကွက် မရှိပါဘူး၊ တဖက် အသင်းကပဲ ဖိကစား သွားတာပါ။ အပေးအယူလဲ ထိုင်း ကလပ် အသင်း ကပဲကောင်းတာပါ။ အားပေးမှု ကတော့တဖက်သပ်ပါ၊ ထိုင်း အသင်းအတွက် ပရိပ်သတ် ပင်မရှိ ဟုထင် ရပါသည်။ ထုံးစံအတိုင်း ဆိုဆဲ အော်ဟစ်သံများ အောက်မှာပဲ ဒုတိယပိုင်း မိနစ် ၉၀ အထိ ဥသာက ၂-၀ နဲ့ နိုင်နေပါတယ်။ ပထမ ပိုင်းမှာ ကတည်းက ၂-၀ ပါ။ ၉၂ မိနစ်မှာ ဟိုဖက်က တစ်လုံးပြန်သွင်း သွားလို့ ၂-၁ နဲ့ ပြီးသွားပါတယ်။ ဒီပွဲမှာ Man of the match ကတော့ ဥသာ ဂိုးသမားပါပဲ လို့ ကျွန်တော် တော့ထင်မိ တာပဲ။ သူကာကွယ်သွာတာတွေ အများကြီးပါ (သိပ်ပြီင်္း danger တွေမဟုတ်ပေမယ့်)။ သူကမြန်မာ မ ဟုတ်ပါဘူး၊ အမဲ တစ်ယောက်ပါ။ နောက်ပွဲစဉ် တွေမှာတော့ ဥသာ မလွယ်လောက်ဘူး လို့ ထင်ပါတယ် ခင်ဗျာ။
Posted by ငခဲ
Saturday, June 18, 2011
Friday, June 17, 2011
ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၇)
PHRASES (2)
Adj တစ်ခု ဦးဆောင်ပြီးတော့ လည်း Phrase ဖြစ်လာနိုင်ပါတယ်။ သူ့ကို Adj လိုရော၊ Adv လိုရော သုံးနိုင်ပါတယ်။ ဒါပေမယ့် Adjective လို ပိုပြီး အသုံးများတယ်။ အလျင်ခန်းက ဆွေးနွေးခဲ့တဲ့ Preposition Phrase ရှေ့မှာ Adj တစ်ခု ဖြည့်စွက်ထားတာပါပဲလို့ ယူဆနိုင်ပါတယ်။
People worthy of honour should be honoured.
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်။
We came to a pond full of lilies
ကြာအပြည့်နဲ့ ရေကန်တစ်ကန်ဆီ ရောက်လာခဲ့ကြတယ်။
He lay there still like a corpse.
လူသေလိုငြိမ်လို့ သူလဲကျနေတယ်။
ဒီနမူနာများမှာ worthy of honour ဆိုတဲ့ ပုဒ်စုက people ဆိုတဲ့ နာမ်ကို အထူးပြုတဲ့ Adj phr ဖြစ်မှန်း ၊ full of lilies ပုဒ်စုက pond နာမ်ကို အထူးပြုတဲ့ Adj phr ဖြစ်မှန်း သိသာပါလိမ့်မယ်။ still like a corpse ပုဒ်စုကတော့  လဲကျခြင်း ကြိယာ lay ကို အထူးပြုနေတဲ့ Adv phr ဖြစ်တယ်။
ဒီပုဒ်စုတွေမှာပါတဲ့ Adj တွေနေရာမှာ V-ing and V-ed တို့ကို ထည့်လိုက်လျင် Participle Phrase (or) Participial Phrase လို့ခေါ်တယ်။ မြန်မာ ( ပါဠိသက် )လိုကတော့  ကိတ်ပုဒ်စုလို့ ခေါ်ရမှာပေါ့ လေ။ V-ing and V-ed ဆိုတာ V ကို Adj လုပ်လိုက်တဲ့ သဘောသာဖြစ်ကြောင်း အလျင်က ( V-ed ) မှာ တင်ပြခဲ့ဖူးပါပြီ။ Active အဓိပ္ပာယ်ဆောင်လျှင် V-ing ၊ Passive အဓိပ္ပာယ်ဆောင်လျှင် V-ed ဆိုတာကိုလည်း တင်ပြခဲ့ပြီးပါပြီ။ အခုသင်ခန်းစာမှာ phrase အနေနဲ့ တစ်ကဏ္ဏသီးခြားခွဲထုတ်ပြတာပဲ ထူုးခြားပါတယ်။ လုပ်နည်းကိုင်နည်း သုံးနှုန်းနည်းတွေ ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အခု ထပ်ပြီး မရှင်းပြတော့ပါ။ နမူနာတွေပဲ ပေးလိုက်ပါတော့မယ်။

အသုံးဝင်မယ့် websites များ (၄)
သူငယ်ချင်းတို့အတွက် ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ websites တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ websites များ
ဓမ္မဟေဝန်
ဓမ္မရောင်ခြည်
ဓမ္မစေတမန်
ဓမ္မမေတ္တာ
ဓမ္မရသ
အာနန္ဒာ
ရုရှားဆရာတော်
ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏိတ
ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်
ဝေဇယန္တာကျောင်းတိုက်
သိရီမင်္ဂလာ ကျောင်းတိုက်
အရိယာဝါသ ဓမ္မရိပ်သာ
ထေရဝါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်း
MIET တက္ကသိုလ် မြန်မာကျောင်းသားများ
မပြီးဆုံးသော နေ့ရက်များကိုကျော်ဖြတ်ခြင်း
သစ္စာတရား
သစ္စာပါရမီ
အဖြူရောင်မေတ္တာ
မေတ္တာဥယျာဉ်
မေတ္တာရိပ်မြုံ
သော်ဇင် (စိန်ပန်းမြေ)
အလင်းရောင် ပညာရေး ပရဟိတ အဖွဲ့
သုက္ခရိပ်
မင်းဝေ
MM Kaluga
Live Dhama
World Buddha Community
Thursday, June 16, 2011
အိမ်မက်လေးတစ်ခု
"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေး ပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။"ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူကို ကြည့်လိုက်ဦးမယ်"
“အော်... မင်းက ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ တောက်တိုမယ်ရ အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ ဒီကြားထဲ အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ... သွားတော့” လူဝင်မှု အရာရှိရှေ့မှ စင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုးလျှောက်သွားသည်။
ကျနော်လဲ ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲ။ မအူမလည်နဲ့။ ကျနော်တို့လို နိုင်ငံသားများအတွက်က လွယ်သည်။ ID Card ကို တင်ပေးလိုက်သည်နှင့် အချက်အလက်များအားလုံးယူပြီးသားဖြစ်သွားသည်။ ထိုနောက်အလိုအလျောက် Update လုပ်သည့် စက်ထဲ ပတ်စ်ပို့ ထည့်လိုက်လျှင် တံဆိပ်တုံးထုပြီးသားဖြစ်သွားသည်။ လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံခြားသား ခွဲပြီး တန်းစီခိုင်းခြင်းဖြစ်သည်။
အေးလေ... မြန်မာနိုင်ငံထဲ ဝင်လာလို့ ရတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးမှ မဟုတ်တာ။ အကြံအဖန်တွေကလဲ အများသား မဟုတ်လား။ ဒီတော့လဲ.... ဒီလောက်တော့စစ်ဆေးရမှာပေါ့။ စက်ကတော့ အကြံအဖန်က မစစ်နိုင်ဘူးလေ...

အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ်များ
အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ် ယနေ့ခေတ်မှာ လူအတော်များများဟာ အလုပ်တွေ လုပ်ပြီးလို့ ပင်ပန်းသွားရင် အနားယူဖို့နဲ့ အတူ တွေးတတ်ကြတာက အားဆေးသောက်ပြီး နားဖို့ပါပဲ။ ကာယနဲ့ အလုပ်လုပ်သူဖြစ်ဖြစ်၊ ဥာဏနဲ့ အလုပ်လုပ်သူ ဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လာရင် အားဆေးတစ်ခုခု သောက်ပြီး နားဖို့ စိတ်ကူးမိတတ်ကြပါတယ်။ အနားမရနိုင်သေးဘူး ဆိုရင်လည်း အားဆေးလေးသောက်ပြီး ပင်ပန်းတဲ့ ဒဏ်ကို တွန်းလှန်နိုင်ဖို့ ကြိုးစားကြပါတယ်။ အားဆေးဆိုတာ ကလည်း ဆရာဝန်ခွင့်ပြုချက် မပါဘဲ ၀ယ်လို့ရတဲ့ ဆေးဝါး (Over-the-counter Drugs) တွေ ဖြစ်ပြီး ယနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူ ရနိုင်နေလို့ပဲ ဖြစ်ပါတယ်။
နီးစပ်ရာ လက်လီလက်ကား ဆေးဆိုင်ကြီးအချို့ကို မေးကြည့်တော့ အားဆေးတွေရဲ့ ရောင်းအားဟာ အထူးကောင်းနေပြီး ကျသွားတယ်လို့ မရှိကာ နှစ်စဉ် ရောင်းအား တက်လျက် ရှိပါတယ်တဲ့။ ပြည်ပကနေ အားဆေးတင်သွင်းနှုန်းလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာနေတယ်လို့ ၄င်းတို့က ခန့်မှန်း ပြောဆိုပါတယ်။ ဒါကြောင့် သေချာပေါက် ပြောနိုင်တာက ယနေ့ခေတ်မှာ အလုပ်ပင်ပန်းမှု ရှိသူတိုင်းလိုလို အားဆေး မကြာခဏ သောက်သုံးမှု ရှိနေကြပါပြီ။
အကြောအရမ်းတက်တတ်တဲ့ အသိမိတ်ဆွေအချို့က ၄င်းတို့ဟာ Vitamin B1, B6, B12 တို့ ပါဝင်တဲ့ အားဆေးတွေ နေ့စဉ်သောက်မှ နေလို့ရ အလုပ်လုပ်လို့ ရတယ်လို့ ဆိုပါတယ်။ အာရုံစူးစိုက်ရလွန်းတဲ့ အလုပ်လုပ်သူတွေ၊ လုပ်ငန်းခွင်မှာ ပင်ပန်းသူတွေကလည်း မကြာခဏဆိုသလို စိတ်ဖိစီးမှု သက်သာစေတယ်ဆိုတဲ့ အားဆေးတွေ သောက်သုံးနေကျမြဲ ဖြစ်ပါတယ်တဲ့။ အချို့သူတွေကတော့ ပြောပါတယ်။ သူတို့ဟာ ပုံမှန်လုပ်နေကျ မဟုတ်တဲ့ အရမ်းပင်ပန်းတဲ့ အလုပ်မျိုး တစ်နေကုန် လုပ်လိုက်ရတဲ့ အခါမျိုးမှာ အားဆေးနဲ့ အားပြန်ဖြည့်တတ်တယ်လို့ ပြောကြသလို အလုပ်ပြီးသွားတိုင်း အားဆေးပြန်သောက်ဖြစ်ကြတဲ့ အမျိုးသားတွေလည်း များပါတယ်။
Tuesday, June 14, 2011
အရာအားလုံးထက်...မြန်သောအရာ (ရီစရာ ..ဟာသလေးပါ)
တနေ့ မှာ ကုမ္ပဏီတစ်ခုက ၀န်ထမ်း အသစ်ခေါ်ပါတယ်။
ထုံးစံအတိုင်း အင်တာဗျူးတာပေါ့လေ....Psycho questions (ဆိုင်ကိုမေးခွန်း) တွေမေးပါတယ်။
ပထမ တစ်ယောက်ကိုမေးပါတယ်။
" လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ..."
" အလင်းပါ"...အမေးခံရတဲ့သူကဖြေပါတယ်....
" ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..."
"ကျနော်တို့ ခလုတ်နှိပ်လိုက်တာနဲ့ ..စက္ကန့် တောင်မခြားပဲ..ချက်ခြင်းရောက်လာပါတယ်..."
မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ်။
ဒုတိယတစ်ယောက်ကိုမေးပါတယ်။
" လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ..."
"အတွေး ပါ....". အမေးခံရတဲ့သူကဖြေပါတယ်။
" ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..."
"ကျနော်တို့ တွေးလိုက်ပြီ ဆိုတာနဲ့ အ၇မ်းမြန်ပါတယ်..ဘယ်လောက်ကွာဝေးဝေး ရောက်သွားပါတယ်"
မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ်။
တတိယတစ်ယောက် ကိုမေးပါတယ်။
"လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ..."
"၀မ်းသွားတာပါ .."
မေးတဲ့သူအံ့ သြသွားပါတယ်။
"ခင်ဗျားကဘာလို့ အဲ့လိုပြောနိုင်ရတာလဲ ...."
အင်တာဗျူးသူက မေးတော့ ..သူက ဒီလိုပြန်ဖြေလိုက်ပါတယ်။
"တကယ်ပါ ဆရာ..ကိုယ်တွေ့ ပါ...ဟိုတနေ့ က ကျနော်အိမ်သာ အရမ်းသွားချင်လာပါတယ်...
အဲ့ဒါနဲ့ အိမ်သာကိုပြေးရပါတယ်... အိမ်သာထဲလဲရောက်ရော... မီးခလုတ်ကိုလဲမဖွင့်နိုင်ခင်... ဘာမှလဲမတွေးနိုင်ခင်မှာပဲ အားလုံးထွက်ကျသွားပါတယ်.."
Posted by ဝတီ
Posted by ဝတီ
Monday, June 13, 2011
ဗုဒ္ဓသာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ
ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌ သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။
ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆)မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။
ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---
၁။ နီလ ရောင်ခြည်တော်။
၂။ ပီတ ရောင်ခြည်တော်။
၃။ လောဟိတ ရောင်ခြည်တော်။
၎။ သြဒါတ ရောင်ခြည်တော်။
၅။ မဉ္ဇိဋ္ဌ ရောင်ခြည်တော်။
၆။ ပဘဿရ ရောင်ခြည်တော်
စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။

အသုံးဝင်မယ့် websites များ (၃)
သူငယ်ချင်းတို့အတွက် စာပေနှင့် အသိ/အတတ် ပညာရှာဖွေဖတ်ရှုနိုင်စေရန် websites တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
စာပေနှင့် အသိ/အတတ် ပညာရှာဖွေမှုဆိုင်ရာ websites များ
စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်
အလင်းရောင် ဖိုရမ်
မြန်မာမိသားစု
Myanmar Technicians
Golden Myanmar
All Myanmar Blogs
ကျွန်တော် ခရီးသွား (၂)
၂၀၀၈ ခုနှစ်၊ မေလ (၁၅) ရက်။
ဒီနေ့ ကျွန်တော်လဲ ဂျပန်စာ အတန်းပြီးတော့ အဆောင်ပြန်လာ ခဏနားပြီး တော့အောက်ထပ်ကို မေးလ်စစ်ဖို့ ဆင်းလာခဲ့ပါတယ်။ ကျွန်တော်တို့ အဆောင်မှာ ကျောင်းသားများ အသုံးပြုရန် Computer Room တစ်ခု Desktop Computer ၅-လုံး ပေးထားပါတယ်။ မေးလ်ဖွင့်ကြည့်တော့ ကျွန်တော်တို့ Lab မှ Kato San(ကာတိုးစံ- နောင်တွင် ကျွန်တော်၏ Research Student ကာလတွင် Tutor ဖြစ်လာမည့်သူ၊) မှ တောင်တက်ခရီးစဉ်အတွက် အသက်အာမခံလုပ်ဖို့ လိုသည့်အတွက် လိုအပ်သည့်အချက်အလက်များ လှမ်းမေးထားပါတယ်။ Japanese Language Class အတွက် Orientation လုပ်ပေးစဉ်တုန်းကလည်း ကျွန်တော့်ဆရာ A.P Kato မှလည်း Lab အဖွဲ့ရဲ့ တောင်တက်ခရီးစဉ်ရှိကြောင်း ပြောပြထားတာ ရှိပါတယ်။ ဒီတောင်တက်ခြင်းက ကျွန်တော့်အတွက် ရိုးတွင်းခြင်ဆီထဲက ဝါသနာတစ်ခုလို့ ပြောလို့ရပါတယ်။ မန္တလေး နည်းပညာတက္ကသိုလ်မှာတုန်းကလည်း ဘေးနားက ရှမ်းတောင်တန်းတွေပေါ် ကျွန်တော်နှင့် သူငယ်ချင်းများ တော်တော်များများခြေချခဲ့ဖူးပါတယ်။ ဒါနဲ့ကျွန်တော်လဲ ချက်ခြင်းစိတ်ဝင်စားသွားပြီး ခရီးစဉ်ရဲ့အကြောင်း၊ ဘယ်ချိန်လောက်သွားကြမှာလဲ ဆိုတဲ့အကြောင်း စာပြန်လိုက်ပါတယ်။
Sunday, June 12, 2011
ဟိုရောက်ဒီရောက် English Language အကြောင်း (၄)
ဒီတခါ တင်ပြချင်တာကတော့ past participle လို့ခေါ်တဲ့ V-ed အသုံးလေးနဲ့ တိုလီမုတ်စ အသုံးလေးတွေပါ။ အတော်များများ ကတော့ သိပြီးသား ဖြစ်မှာပါ။ အသုံးများသော စကားလုံးများကတော့ please, surprise, interest, inform, satisfy, amaze, scared… စသဖြင့် ဖြစ်ပါတယ်။
ဒီစာလုံးတွေကို သုံးတဲ့ အခါ V-ed အနေနဲ့ သုံးပါတယ်။ I’m pleased, I’m surprised, I’m interested, be informed, I’m satisfied, I’m amazed, I'm scared ဒီလိုလေးတွေပေါ့။ I interest လို့ပြောလို့ မရပါဘူး။ It interests me, it scares me ဒီလိုပြောရင်တော့ ရပါတယ်။ V-ing (Adj) ဖြစ်တဲ့ interesting တို့ amazing တို့ကို တော့ အရာဝတ္ထု၊ အကြောင်းအရာ စတာတွေမှာ သုံးရပါတယ်။ နောက်ကလိုက်တဲ့ စာလုံးလေး တွေကိုလည်း သိဖို့ လိုပါတယ်။ interested in, satisfied with, scared of စသဖြင့်ပေါ့။
နောက်ဖုန်းပြောတာနဲ့ ပတ်သက်လို့ ပြောချင်တာလေးပါ။ တချို့ကမလိုအပ်ပဲ to ဆိုတာကြီးကို ဇွတ်ထည့်တာ ခဏ ခဏ ကြားမိလို့ပါ။ Call to you ဆိုတာကြီးပေါ့ဗျာ။ နံပါတ်တွေ နဲ့တွဲပြောမယ်ဆို You can reach at xxxxxxxx, ဒီလိုပြောပါတယ်။ ဖုန်ခေါ်မရဘူးဆို Cannot get through ဒီလို ပြောပါတယ်။ ဒီနေရာမှာ ကြုံလို့ ပြော ချင်တာလေးက get အသုံးလေးပါ။ Place ကိုပြောချင်ရင် နောက်က to လိုက်ရပါတယ်။ နောက်က Adjective လိုက်တဲ့ form ကလည်း အတော်ကို အသုံးများပါတယ်။ getting fat, get married စသဖြင့် ပေါ့။ နောက်တခုကတော့ the ဆိုတာကြီးပါ။ အတော် များများလည်းတွေ့ဖူး ပါလိမ့်မယ်။ စကားကမပြောရသေးဘူး the ဆိုတာကြီးက ထွက်လာတော့တာပဲ။ ကြားထဲမှာလည်း တွဲသုံးပါသေးတယ်။ မလိုအပ်ရင် မထည့်တာကောင်းပါတယ်။ the က definite article ပါ။ နောက်မှဆက်ပါမည်။
Posted by ငခဲ
Posted by ငခဲ
Subscribe to:
Posts (Atom)