Monday, July 04, 2011

ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်တံတား တရုတ်ဖွင့်လှစ်

ကွင်ဒါယိုအနီးရှိ အရှည် (၄၂.၄)ကီလိုမီတာရှိသော တံတားကြီးသည် အရှေ့ပိုင်းရှိ ကမ်းခြေမြို့ ကွင်ဒါယိုကို ဂျီယိုဇူး ပင်လယ်ကွေ့အတွင်းရှိ ဟွမ်ဒါယိုနှင့် တိုက်ရိုက် ဆက်သွယ်ပေးထား
Posted on Jul 01 11 - 07:55 PM | Hits : 1639
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်တံတား တရုတ်ဖွင့်လှစ်
တရုတ်နိုင်ငံသည် ကမ္ဘာ့အရှည်လျားဆုံး ပင်လယ်ဖြတ် တံတားကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ကွင်ဒါယိုအနီးရှိ အရှည် (၄၂.၄)ကီလိုမီတာရှိသော တံတားကြီးသည် အရှေ့ပိုင်းရှိ ကမ်းခြေမြို့ ကွင်ဒါယိုကို ဂျီယိုဇူး ပင်လယ်ကွေ့အတွင်းရှိ ဟွမ်ဒါယိုနှင့် တိုက်ရိုက် ဆက်သွယ်ပေးထားသည်။ အစိုးရ သတင်းဌာနများက ဇွန်လ (၂၆)ရက်နေ့က တံတား၏ ကြံ့ခိုင်မှုကို စမ်းသပ်စစ်ဆေးမှုများ အပြည့်အ၀ အောင်မြင်ပြီးမြောက်ခဲ့ပြီးနောက် ဇွန်လ (၃၀)ရက်နေ့တွင် ယာဉ်များ စတင်ဖြတ်သန်း သွားလာရန် ဖွင့်လှစ်ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယခုတံတားကို အင်္ဂလိပ် ရေလက်ကြားတွင်သာ တပ်ဆင်တည်ဆောက်ခဲ့မည် ဆိုပါက လိုသည်ထက်ပင် ပိုရှည်နေဦးမည်ဖြစ်သည်။

longest bridge

Sunday, July 03, 2011

သူငယ်ချင်းတို့အတွက်...

အသုံးဝင်မယ်လို့ ထင်ပါတယ် ။ Forward Mail က ရတာပါ။ တချို့ကိုတော့ လင့် စမ်းသုံးကြည့်ဖူးပါတယ်။ အကုန်လုံးတော့ မသုံးဖူးပါဘူး။အကယ်၍များ အဆင်မပြေခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့....
ပုံလှလှလေးတွေလိုချင်ရင်
ကွန်ပျူတာ အမေးအဖြေများလေ့လာရန်....
နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်....
မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်
blog နှင့် IT နည်းပညာ
ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား....
နည်းပညာ အတွက် လေ့လာရန်...
ကွန်ပြူတာ နဲ့ သတင်း နည်းပညာ..
ကိုယ့်ပုံလေးတွေနဲ့ Logo / Icon လေးတွေလုပ်ချင်ရင်.
ကိုယ့်နာမည်လေးတွေနဲ့ Logo/Icon လေးလုပ်ချင်ရင်
ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ဖို့.....
Email တွေကို လုံခြုံအောင် ပို့ကြမယ်..
သင်သုံးနေတဲ့ Password လုံခြုံမှု ရှိရဲ့လား..စစ်ချင်ရင်...
မြန်မာ တခြားဖောင့်မှ ဇော်ဂျီဖောင့် သို့ ပြောင်းချင်ရင်...
မြန်မာ လက်ကွက် လေ့ကျင့်ရန်နေရာ...
Photoshop လေ့ကျင့်ခန်းနဲ့ ပြိုင်ပွဲတွေ..
ပေါ်ပြူလာအဖြစ်ဆုံး website..တွေကို ရှာရန်..
Photoshop ကိုမြန်မာလိုလေ့လာဖို့...
Gtalk မှ နိုင်ငံ လိမ်ပြောသူများကို ဖမ်းဖို့...
GTunnel.exe ကိုလိုချင်ရင်.... ...
ကျော်မယ် ၊ ခွမယ် ဆိုရင်....

ဘ၀ဆိုတာ...

Life is an opportunity, benefit from it.
ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
Life is a beauty, admire it.
ဘ၀ဆိုတာ အလှတရား... လေးစားပါ...
Life is a dream, realize it.
ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
Life is a challenge meet it.
ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
Life is a duty, complete it.
ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
Life is a game, play it.
ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
Life is a promise fulfill it.
ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
Life is sorrow, overcome it.
ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
Life is a song, sing it.
ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
Life is a struggle, accept it.
ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
Life is a tragedy confront it.
ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
Life is an adventure, dare it.
ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
Life is luck, make it.
ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
Life is life, fight for it."
ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...

Posted By မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး

Sunday, June 26, 2011

မြန်မာပြည်မှ ဒေါက်တာအရှင်မြတ်များ

        မြန်မာနိုင်ငံမှ ဒေါက်တာဘွဲ့ရ ရဟန်းတော်များအကြောင်းကို ရေးပြီး မှတ်တမ်းစာအုပ် တစ်အုပ် ပြုလုပ်ချင်စိတ်ရှိနေသည်မှာ (၂၀၀၄) ခုနှစ်ကတည်းက ဖြစ်ခဲ့ပါသည်။ ထိုနှစ်က စာရေးသူသည် ဗုဒ္ဓဂယာအနီးရှိ မဂဓတက္ကသိုလ်တွင် မဟာဝိဇ္ဇာဘွဲ့အတွက် စာသင်နေခဲ့ကြသော ရဟန်းတော်(၂၀)ခန့်ကို အင်္ဂလိပ်စာ တိုးတက်ရန် အထောက်အကူ သင်တန်း ပို့ချပေးခဲ့ရပါသည်။ စာရေးသူသည် ထိုအချိန်က ဒေါက်တာဘွဲ့အတွက် နုတ်ဖြေစာမေးပွဲကို စောင့်နေခဲ့သည့် အချိန်ဖြစ်ပါသည်။ ပါရဂူဘွဲ့ အတွက် စာတမ်းတင်ပြီးသော်လည်း  ပြင်ပစာစစ်ဆရာမှ မေးသော နုတ်ဖြေစာမေးပွဲကို ဖြေဆိုရပြီး ထိုဆရာက သဘောတူ မှသာလျှင် ပါရဂူဘွဲ့ကိုပေးပါသည်။ (၂၀၀၄) နှစ်က မှတ်တမ်းစာအုပ် တစ်အုပ်အဖြစ် စာရေးချင်ခဲ့သော ထိုစိတ်ကူးကို (၂၀၁၀) ခုနှစ်ရောက်မှ အစပြန်ကောက်နိုင်ခဲ့ပြီး ရေးသားမှုကို စတင်ဖြစ်ခဲ့ပါသည်။ စိတ်ကူးပ်ါခဲ့ပြီး (၆) နှစ်တာကာလအတွင်း ဒေါက်တာ ဘွဲ့ကိုရခဲ့သော ရဟန်းတော်များ၏ အရေအတွက်မှာလည်း (၃) ဆခန့် ပိုပြီးများလာ ခဲ့ပါသည်။ များလာခဲ့သဖြင့် စာရေးသူနှင့် လက်လှမ်းမမှီသော ဒေါက်တာဘွဲ့ရ ရဟန်းတော်များလည်း အများအပြား ရှိလာခဲ့ပါသည်။
စာရေးသူသည် (၂၀၀၅) ခုနှစ် ဇန်န၀ါရီလတွင် ပါရဂူဘွဲ့ ပြီးစီးသဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့ရာ ထိုကာလ၏ နောက်တွင် ဒေါက်တာဘွဲ့ရကြသော မြန်မာရဟန်းတော်များ၏ စာရင်းကို အတိအကျရရန် ရှာဖွေရမည့် အနေအထားမှာ ခက်ပါသည်။ ယခုစာအုပ် တွင်လည်း (၁၉၉၇ ခုနှစ်မှ ၂၀၀၇) နှစ်တာကာလအတွင်းရှိ ရဟန်းတော်များ၏ ဘွဲ့ရသည့် ရဟန်းတော်က များပါသည်။ ထိုဆယ်စုနှစ် ရှေ့ပိုင်း ကာလက ဒေါက်တာဘွဲ့ရခဲ့သော ရဟန်းတော်များမှာ လေးပါးမျှသာ ရှိခဲ့ပါသည်။ ထိုလေးပါးမှာ ဒေါက်တာရေ၀တဓမ္မ (ဘာမင်ဂန် မြို့ အင်္ဂလန်နိုင်ငံ- ယခု ပျံတော်မူပြီ) ၊ ဒေါက်တာဒေါက်တာ ဇာဂရာဘိဝံသ (သြ စတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ - ယခု အသက်ရှစ်ဆယ်ကျော်) ဒေါက်တာဂမ္ဘီရဗုဒ္ဓိ (ဗာရာဏသီမြို့ ဆေးဝင်္ကဘာကျောင်း၊ အိန္ဒိယနိုင်ငံ၊ ယခု ပျံတော်မူပြီ)  ဒေါက်တာ ဓမ္မာစာရ အိန္ဒိယနိုင်ငံ ပတ္တနားမြို့ တို့ဖြစ်ပါသည်။
ရေးသားပုံအစီအစဉ်မှာ စာရေးသူ သိဖူးသော၊ကြားဖူးသော ဒေါက်တာဘွဲ့ရ ရဟန်းတော်များ အကြောင်းကို အထုပ္ပတ္တိပုံစံ မျိုးမဟုတ်ဘဲ စာရေးသူနှင့် တွေ့ကြုံခဲ့ရသမျှ ဘ၀အစိတ် အပိုင်းမျှကိုသာလျှင် သိသာရုံ မိတ်ဆက်အနေဖြင့် ရေးထားခြင်းဖြစ်ပါသည်။ ဒေါက်တာဘွဲ့ရသော ရဟန်းတော်များ၏ ဘ၀ဖြစ်စဉ် တစ်ခုလုံးကို ပြည့်စုံအောင် ဖေါ်ပြ ထားခြင်းမျိုး မဟုတ်ပါ။ ဖေါ်ပြမည်ဆိုပါကလည်း အခန်းဆက်ရေးမှသာလျှင် ပြည့်စုံနိုင်ဖွယ် ရှိပါသည်။ ရေးသားရာတွင်လည်း တကUသိုလ်များကို မြန်မာအက္ခရာစဉ်အလိုက် စီစဉ်ပြီး ထိုတက္ကသိုလ် အသီးသီးမှ ဘွဲ့ရပြီးသော ဒေါက်တာများနှင့် စာရေးသူတို့ တွေ့ဆုံခဲ့ရပုံ အကြောင်းခြင်းရာများကို မီးမောင်းထိုးပြ ရေးသားထားခြင်းမျှသာ ဖြစ်ပါသည်။ ထိုဘွဲ့ရသော ရဟန်းတော် တစ်ပါးချင်းစီ၏ ဘ၀ကို ပြည့်ပြည့်စုံစုံ တင်ပြထားနိုင်ခြင်းလည်း မရှိသေးပါ။ ပြည့်ပြည့်စုံစုံ မတင်ပြနိုင်ရခြင်း၏ အကြောင်းမှာ ဆောင်းပါးပုံစံ အနေဖြင့် ရေသားထားသည့် အပြင် တစ်ပါးချင်းနှင့် တွေ့ဆုံပြီး အချက်လက်များကို ရယူနိုင်ဖို့ ရန်လည်း အလွန်ခဲယဉ်းလှသော အနေအထားကြောင့် ဖြစ်ပါသည်။
ဥပမာ-စာရေးသူသိသော ဒေါက်တာဇနိတ၊ ဒေါက်တာကစ္စာယန၊ မသိမမြင် ဖူးသော ဆရာတော်ကြီး ဒေါက်တာဇာဂရာဘိဝံသတို့သည် သြစတေးလျတွင် သီတင်းသုံး နေကြသည်။ ဒေါက်တာဓမ္မသာမိ နှင့် ဒေါက်တာဥတ္တရဥာဏတို့သည်လည်း အဝေးဋ္ဌာနေ အင်္ဂလန်မြေတွင် သာသနာပြုနေကြသည်။ ဒေါက်တာဃောသိတ တစ်ပါးလည်း ဂျာမနီတွင် ရှိနေသည်ဟု သိရပါသည်။ ယနေ့အထိ စာရေးသူနှင့် မိတ်ဆွေ အရှင်ဃောသိတတို့ အဆက်အသွယ် မရပါ။ ဒေါက်တာဓမ္မပိယ၊ ဒေါက်တာခေမိန္ဒ၊ ဒေါက်တာနာယက၊ ဒေါက်တာပညာဇောတ၊ ဒေါက်တာအရိယဓမ္မ စသည့် ရဟန်းတော်တို့ကလည်း ကျယ်ပြန့်လှသော အမေရိကနိုင်ငံ၏ တစ်ပြည်နယ်စီတွင် အသီးသီး ရှိနေကြပြန်သည်။ ဒေါက်တာဣန္ဒက နှင့် ဒေါက်တာသီလ၀ံသတို့သည် မလေးရှားနိုင်ငံ၊ ဒေါက်တာဝိစိတ္တ၊ ဒေါက်တာသုပီယ၊ ဒေါက်တာဇယတိဿ တို့က စင်ကာပူနိုင်ငံတွင် သာသနာပြုနေ ကြပါသည်။ အိန္ဒိယနိုင်ငံတွင်လည်း အချို့သော ဒေါက်တာရဟန်းတော်များ သီတင်းသုံး နေဆဲဖြစ်ပေသည်။ ဒေါက်တာကေလာသ၊ ဒေါက်တာသိရိန္ဒ၊ ဒေါက်တာဇ၀န၊ ဒေါက်တာသောဘိတ စသော ရဟန်းတော်များ ဖြစ်ကြပါသည်။
အချက်အလက်စုရန် မလွယ်ကူသဖြင့် အသေးစိတ် မရေးသားနိုင်သည့် အနေ အထားပင် ဖြစ်ပါသည်။ တစ်ချို့ဒေါက်တာများမှာ ရဟန်းအသွင်ပျောက်၍ လူ့ဘ၀သို့ရောက် သွားကြပြီး၊ တစ်ချို့မှာမူ လူ့ပြည်တွင် မရှိကြတော့မူI ပျံလွန်တော်မူခဲ့ကြ ကုန်ပါပြီ။ နှစ်ငါးဆယ်အတွင်း ဒေါက်တာဘ၀သံသရာ စက်ဝန်းလည်နေပုံ ဖြစ်ပေသည်။ နှစ်ငါးဆယ်အတွင်းတွင် ဒေါက်တာဘွဲ့ရ ရဟန်းတော်တို့သည်လည်း များများစားစား မပေါ်ထွက်သည်ကို သိနိုင်ပေသည်။ မည်သို့ဆိုကြစေကာမူ စာဖတ်သူများ စာရေးသူ၏စာကို ဖတ်မိသဖြင့် ရရှိမည့် မြင်သာသော အချက်မှာ မြန်မာပြည်မှ ရဟန်းတော် တို့၏ ပညာရှာမှီးရာဒေသများ၊ သင်ယူကြသည့် တက္ကသိုလ် အရေအတွက်နှင့် ထိုထိုတက္ကသိုလ်များအကြောင်း၊ ဘွဲ့ရရှိပြီးသည့် ရဟန်းတော်များ၏ အရေအတွက် စာရင်းတို့ ဖြစ်ပေသည်။ ဆင်ခြင်ဥာဏ်ဖြင့် ရယူနိုင်မည့် ဆင့်ပွားအကျိုးရလာဒ်ကိုမူ တစ်ဦးချင်းစီ၏ ယောနိသောမနသိကာရ အပေါ်တွင် မူတည်ပေသည်။
ဘွဲ့တစ်ခုရရန် အဓိက အရင်းအနှီးမှာ ဖြစ်ချင်သောစိတ်ဓာတ် တစ်ခုသာလျှင် ရှိပါသည်။ စိတ်ဓာတ်ကို အရင်းအနှီးပြုလျှင် ကျန်သည့် အခက်အခဲများကို တဖြည်းဖြည်းချင်း လွန်မြောက်ပါမည်။ ကြွင်းကျန်သော အရင်း အနှီးများမှာ အသက်အရွယ်။ ကျန်းမာရေး၊ စာသင်ဖို့ပေးရမည့်အချိန်၊ အဆက်အသွယ်ကောင်း၊ ကုန်ကျမည့် စရိတ်တို့ပင်ဖြစ်ပေသည်။ မစွမ်းနိုင်သည်ဟုထင်လျှင် မည်သူမျှပင် စိတ်ကူးထည့်ပြီး ဒေါက်တာဘွဲ့ကို ကြိုးစားဖြစ်ကြ မည်မဟုတ်ပါ။ တစ်ဦးဦးက ဘွဲ့အတွက် စိတ်ကူးထည့် စဉ်းစားခဲ့ပြီဆိုပါလျှင် စိတ်ကူးသူအတွက် ဘွဲ့ရရန် ဖြစ်နိုင်ချေ အားလုံးက ကြိုဆိုနေပါပြီ။ မဟာဝိဇ္ဇာ ဘွဲ့ရသူများ ဒေါက်တာဘွဲ့ကို ရခဲ့ကြသူများချည်း မဟုတ်ပါ။ ဘွဲ့ရရန် စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းရန် လိုနေသောကြောင့် ဖြစ်ပါသည်။ စိတ်ကူးအနေဖြင့် ထည့်မိကြပေလိမ့်မည်ဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ စိတ်ကူးမှ အစပြုပြီး ခိုင်မာသော စိတ်ဓာတ်ဖြင့် ဒေါက်တာဘွဲ့ ရယူနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။ ပွင့်သောပန်းများ လန်းဆန်းပြီး မွှေးကြိုင်ပါစေ။ ဒေါက်တာဆရာတော်များကို ခွင့်မပန်ဘဲ ဤစာရေးသားခြင်းအတွက် ကြိုတင် ခွင့်ပန်အပ်ပါသည် ဘုရား။
ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း
ဘူဖြောင်းရပ်ကွက်၊အင်ချွန်းမြို့။
တောင်ကိုရီးယားနိုင်ငံ 

Saturday, June 25, 2011

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

အနိစ္စရှု့ အနိစ္စမှတ် အနိစ္စသိ

“ရသေ့ကြီးဦးခန္တီ၏ သာသနာပြုအဆောင်ကောင်းဂါထာတော်”

”ရသေ့ကြီးဦးခန္တီ၏ သာသနာပြုအဆောင်ကောင်းဂါထာတော်”
”အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ၊ အတုလံ။
စရဏံ တိဘဝုပသမံ ယမကံ၊
သုခဓံ သရဏံ ပဏာမာမိ ဇိနံ။
ဂါထာတော်၏အသံထွက်
“  အရဟံ   ဗဟိအန်တဇယံ    သုဂတန်
အ-မိတန် ၀ိရဇံ  လ-လိတန်  အတုလံ။
စရနန်   တိဘ၀ူပသမံ   ယမကန်
သုခ-ဒန်    သရဏံ    ပဏာမာမိ   ဇိနန်  ”

Sunday, June 19, 2011

ဝါးနဲ့စပြီးပြုလုပ်တီထွင်လိုက်သော မောက်စ် နဲ့ ကီးဘုတ်

ကွန်ပြူတာက မောက်စ် နဲ့ ကီးဘုတ် ကို တရုတ်နိုင်ငံက ဝါး နဲ့ စပြီးပြုလုပ်တီထွင်လိုက်ပါပြီ။ ပလပ်စတစ်နဲ့မဟုတ်တော့ဘဲ ဝါးနဲ့ ပြုလုပ်ထားတဲအတွက် သဘာဝပါတ်ဝန်းကျင်နဲ့ လိုက်ဖက်ပါတယ်။
အသစ်အဆန်းဖြစ်တဲ့အတွက် လူတွေကတော့ စမ်းသပ်အသုံးပြုခြင်းကြောင့် ရေးပန်းစားနေပါတယ်။ ထိုဝါးဖြင့်ပြုလုပ်ထားတဲ့ မောက်စ်နဲ့ ကီးဘုတ်ကိုတော့ တရုတ်နိုင်ငံရှိ Jiangxi Bamboo Technology Develoopment ကုမ္ပဏီလီမီတက်မှ အောက်တိုဘာလ ၂ဝဝ၈ ကတည်းက ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်


Posted By မောင်စူးစမ်း (MTLA GTI)

Saturday, June 18, 2011

လူပီသခဲ့ကြသူများ

ငါးပါးသီလကို ဂရုတစိုက် ဆောက်တည်ခဲ့ကြလို့ လိုတရခဲ့ကြတဲ့ နိုင်ငံတစ်နိုင်ငံက လူပီသခဲ့ကြသူ သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့ အားကျဖွယ် စောင့်ထိန်းပုံလေးတွေလည်း တင်ပြလိုက်ပါသည်။
ကုရုတိုင်း၊ ဣန္ဒပတ္တပြည်မှာ ဘုရားလောင်း ဓနဉ္စယ ကောရဗျမင်းကြီး မင်းပြုစဉ် မင်းကြီးအပါအဝင် ပုဂ္ဂိုလ် (၁၁)ဦးဟာ ဂရုဓမ္မဆိုတဲ့ ငါးပါးသီလကို အလွန်စင်ကြယ်စွာ စောင့်ထိန်းကြပါတယ်။ မြို့တံခါး ()ခု၊ မြို့လယ်၊ နန်းတော်တံခါး ဆိုတဲ့ ()ဌာနတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်ပြီး နေ့စဉ် ()သိန်းဖိုး ()သိန်းဖိုး လှူဒါန်းပါတယ်။ တိုင်းသူပြည်သားတွေအနေနဲ့ ထွန်ယက် စိုက်ပျိုး စားစရာ မလိုပါဘူး။ အလွန်ပဲ စည်ပင်ဝပြော သာယာပါတယ်။
ကာလိင်္ဂိတိုင်း ဒန္တပူရပြည်မှာ ကာလိင်္ဂိမင်း မင်းပြုပါတယ်။ အဲဒီ့တိုင်းပြည်မှာတော့ မိုးခေါင် ငတ်မွတ် အနာရောဂါ ထူပြောပါတယ်။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေဟာ နန်းတော်ကိုသွားပြီး ဆန္ဒပြကြပါတယ်။ မင်းကြီးအနေနဲ့ အလှူပေး၊ ရှေးအစဉ်အလာအတိုင်း ဆောင်ရွက် လုပ်ကြည့်ပေမယ့် မိုးက ရွာမလာပါဘူး။ အဲဒီ့အခါ ဣန္ဒပတ္တပြည်မှာ သာယာဝပြောတာဟာ အဉ္စနဝဏ္ဏ မင်္ဂလာဆင်တော်ကြောင့် နေမှာပဲဆိုပြီး ဓနဉ္စယ ကောရဗျမင်းကြီးထံမှာ ဆင်တော်ကို အလှူခံကြပါတယ်။ ဆင်တော် ရောက်လာပေမယ့်လည်း မိုးက မရွာပါဘူး။ ဒါနဲ့ ဓနဉ္စယ ကောရဗျမင်းကြီး စောင့်ထိန်းတဲ့ ဂရုဓမ္မသီလကြောင့်လို့ သဘောပေါက်ပြီး အဲဒီ့သီလကို ရွှေပြားထက်မှာ ရေးသားဆောင်ယူခဲ့ဖို့ စေလွှတ်လိုက်ပါတယ်။

Lenovo ကို တည်ထောင်သူ

လျူချွမ်ဇီးသည် တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာ ကွန် ပျူတာကုမ္ပဏီကြီး Lenovo ကို တည်ထောင်သူ တစ်ဦးဖြစ်ကာ ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူထားသူ ဖြစ်သည်။
                      လျူအား ၁၉၄၄ ခုနှစ် ဧပြီ ၂၉ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ မွေးဖွားခဲ့သည်။ လျူ၏ ဖခင်မှာ ၁၉၄၉ ခုနှစ် မတိုင်မီက တရုတ်ဗဟိုဘဏ် အမှုဆောင် အရာရှိတစ်ဦး ဖြစ်သည်။ လျူ သည် ၁၉၆၁ ခုနှစ်တွင် စီယန် စစ် ဘက်ဆက်သွယ်ရေး အင်ဂျင်နီယာ ကောလိပ်တွင် စတင်တက် ရောက်ခဲ့ပြီး ရေဒါစနစ်အထူးပြု ဘာသာရပ်ဖြင့် ၁၉၆၆ တွင်ဘွဲ့ ရရှိခဲ့သည်။
                     
တရုတ်သိပ္ပံပညာ အကယ်ဒ မီတွင် သုတေသနသမားအဖြစ် စတင်လုပ်ကိုင်ခဲ့သော်လည်း ၁၉၆၈ မှ ၁၉၇၀ ခုနှစ်အထိနိုင်ငံပိုင် လယ်ယာမြေတွင် အလုပ်သမားအဖြစ်ဝင်ရောက် လုပ်ကိုင်ခဲ့ရသည်။ ၁၉၇၀ ပြည့်နှစ်တွင် သိပ္ပံပညာ အကယ်ဒမီပြန်လည်ဖွင့်လှစ်သောအခါ လျူလည်းအလုပ်ပြန်ဝင်ခဲ့ပြီး အုပ်ချုပ်သူ အင်ဂျင်နီယာအဖြစ် ဆက်လက် လုပ်ကိုင်ခဲ့သည်။
                    
၁၉၈၀ ကျော်နှစ်များတွင် တရုတ်နိုင်ငံ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က နိုင်ငံ၏ စီးပွားရေးအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ ကွန်ပျူတာ ကုမ္ပဏီ တစ်ခုတည်ထောင်ရန် လျူချွမ်ဇီး က အကြံရသည်။ ငွေကြေးအလွန် ခက်ခဲသော ကာလဖြစ်၍ တရုတ် သိပ္ပံအကယ်ဒမီက လျူနှင့်အခြား ၀န်ထမ်း ၁၀ ဦး အားတရုတ် ယွမ် ငွေနှစ်သိန်း (ကန်ဒေါ်လာ ၂၄၀၀၀) ခန့်သာ ထုတ်ချေးနိုင်ခဲ့သည်။
                    
မူလက Legend Group ဟုအမည်ပေးခဲ့သော ကုမ္ပဏီကို ဘေးဂျင်းမြို့ရှိ ကိုက် ၂၀ ပတ်လည် အခန်းလေးထဲ၌ ၁၉၈၄ ခုနှစ်၌ လျူတို့က စတင်တည်ထောင် ခဲ့သည်။ Legend အုပ်စုသည် ၁၉၈၅ ပြည့်နှစ်တွင် ကွန်ပျူတာ များတွင်တရုတ်စာလုံးများ သုံးနိုင်ရန် တီထွင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် တစ်ကိုယ်ရေသုံး ကွန်ပျူတာများ စတင်ထုတ်လုပ်ခဲ့သည်။ စီးပွားရေးသမားများ မဟုတ်သောလျူတို့အုပ်စု မှာ မှားလိုက်၊ ပြင်လိုက် နှင့်စီးပွားရေးလုပ်ငန်း လုပ်ကိုင် ပုံကိုလေ့လာသင်ယူခဲ့ပြီး လျူကိုယ်တိုင်မှာလည်း Hewlett-Packard နှင့် IBM စသောကွန်ပျူတာ ကုမ္ပဏီကြီးများ၏ အုပ်ချုပ်ရေး၊ ဖွဲ့စည်းပုံနှင့် နည်းလမ်းများကို လေ့လာခဲ့သည်။
                  
လျူတို့ကွန်ပျူတာ စတင်ထုတ်လုပ်သော ၁၉၉၀ ပြည့်နှစ်မှာပင် တရုတ်ဈေးကွက်အတွင်းသို့  နိုင်ငံခြားကွန်ပျူတာထုတ်လုပ်သူ များဝင်ရောက်ခြင်းကို အစိုးရကခွင့်ပြုခဲ့ရာ လျူသည် ၎င်းင်းတစ်ချိန် က နမူနာထား လေ့လာခဲ့သော ကုမ္ပဏီများနှင့် နဖူးတွေ့၊ ဒူးတွေ့ ဈေး ကွက်ယှဉ်ပြိုင်ခဲ့ရသည်။ သို့ သော်အခွန်အကောက်၊ သင်္ဘော တင်ခနှင့် အခြားအခွန်အကောက် များမပေးဆောင်ရသော လျူတို့ ကုမ္ပဏီက ပြိုင်ဘက်များအပေါ် တွင် အားသာချက်များ ရှိခဲ့သည်။
                 
၁၉၉၆ ခုနှစ်တွင် Legend အုပ်စုကွန်ပျူတာ ရောင်းအားက တရုတ်ဈေးကွက်၌ IBM ကုမ္ပ ဏီအား ကျော်တက်သွားသည်။ ထိုအချိန်မှစ၍ လျူက ၎င်းတို့အုပ် စုအား ဈေးကွက်ခေါင်းဆောင်အ ဖြစ်ဆက်လက် ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့ပြီး ၁၉၉၀ နှောင်းပိုင်းတွင် Pentiun II ပရိုဆက်ဆာအား တရုတ်ဈေးကွက်သို့ စတင်မိတ် ဆက်သူ ဖြစ်လာခဲ့သည်။
Posted By မောင်စူးစမ်း (MTLA GTI)