AutoCAD 2002
Posted By ၀တီ
Friday, July 15, 2011
ဓမ္မစကြာအခါတော်နေ့
ဒီနေ့က ၀ါဆိုလပြည့်နေ့။ ဘုရားရှင်က ကျေးဇူးဆပ်တဲ့အနေနဲ့ တရားထူးကို ဘယ်သူတွေ အရင်ဟောရမလဲ လို့ ကြည့်လိုက်တာ။ ပထမ အာဠာရရသေ့ကို ကြည့်လိုက်တယ်။ သူက လွန်ခဲ့တဲ့ (၇)ရက်က သေသွားပြီ။ နောက် ဥဒကရသေ့ကို ကြည့်လိုက်တယ်။ သူက အရင်ညကပဲ သေသွားပြီတဲ့။ ဒီတော့ မဟာဇာနိယောဝတ- ရှုံးပြီဟေ့လို့ မိန့်တော်မူလိုက်တယ်။ တရားမနာလိုက်ရလို့ သူတို့ ဆုံးရှုံးသွားကြတာ။ ဗြဟ္မာ့ပြည်မှာ ဒုက္ခသစ္စာမကင်းတဲ့ ခန္ဓာနဲ့ နေနေကြရတဲ့အတွက် ဘုရားရှင်က ဒီလိုမိန့်တော်မူတာ။ တရားနာလိုက်ရရင် သူတို့တွေ အကျွတ်တရား ရနိုင်သူတွေဖြစ်ပါလျက် အသေစောသွားလို့ ဆုံးရှုံးသွားကြရရှာတယ်။ ဒီနောက် ပဉ္စ၀ဂ္ဂီငါးဦးကို ကြည့်လိုက်တော့ သူတို့က မိဂဒါဝုန်မှာ ရှိနေလို့ သူတို့ဆီ ကြွပြီး ဓမ္မစကြာတရားဦးဒေသနာကို ဟောတော်မူလိုက်တာ ဒီဝါဆိုလပြည့်နေ့ပါပဲ။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်ကပေါ့။ ဓမ္မစကြာတရားကို ကျေးဇူဆပ်တရားလို့ ပြောလို့လဲရတယ်လေ။ ကျေးဇူးကြီးသူတွေကို ရွေးချယ်ပြီး ဟောတဲ့တရားဖြစ်လို့။ ဓမ္မစကြာတရား အနှစ်ချုပ်ကတော့ အစွန်းနှစ်ဘက်ရှောင် အလယ်လမ်းလိုက်၊ သစ္စာလေးပါးသိမယ်ဆိုတာပါပဲ။ အလယ်လမ်းဆိုတာ မဂ္ဂင်လမ်း။ ကိုယ့်ခန္ဓာ ဉာဏ်စိုက် ဖြစ်ပျက်မြင်အောင် ကြည့်တဲ့လမ်း။ ဒီလမ်းက သွားရင် နိဗ္ဗာန်ရောက်မယ်။ ဒီလို နိဗ္ဗာန်တံခါးကို အစဦးစွာဖွင့်ပေးတဲ့ ဓမ္မစကြာတရားကို ဟောကြားတော်မူတဲ့နေ့ဖြစ်လို့ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒေါက်တာအရှင်ပါရမီ
Posted by ဝတီ
ဓမ္မစကြာ ရွတ်ဆိုပူဇော်နည်း အစီအစဉ်
ဓမ္မစကြာ နိဒါန်းအမှာစာ
(ဤနိဒါန်းကို ဖတ်ဖြစ်အောင် ဖတ်ပါ)
ဤဓမ္မစကြာတရားတော်မြတ်သည်ဘုရားရှင် ဟောကြားတော်မူသော တရားတော်များထဲတွင် နံပါတ်တစ် တရားတော်ဖြစ်သည်။ နံပါတ်တစ် တရားတော်ကို ပူဇော်ကြသော ပုဂ္ဂိုလ်များမှာ နံပါတ်တစ်အကျိုးတရားကို ရရှိနိုင်မည်ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ဓမ္မစကြာ၏ နိဒါန်းတွင်လည်း “နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ” - နတ်ဒေဝတာ အပေါင်းတို့ အလွန်မြတ်နိုးကြောင်းနှင့် အလုံးစုံသော ကောင်းကျိုးကို ရရှိနိုင်ကြောင်း ညွှန်ပြထားပါသည်။
ဤဓမ္မစကြာတရားတော် ဟောကြားပြီးသည့်အချိန်တွင် လူသားထဲမှ ပဉ္စဝဂ္ဂီငါးဦး ကျွတ်တမ်းဝင်၍ နတ်ဗြဟ္မာပေါင်း (၁၈) ကုဋေ ရဟန်းတာ ဖြစ်ကာ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ကြသော နတ်ဗြဟ္မာများမှာ ရေတွက်၍ပင် မကုန်နိုင်ကြောင်း ကျမ်းစာများတွင် ပြဆိုထားသည်။
ဤတရားတော်မြတ်သည် သစ္စာလေးပါးကို မူလထားပြီး သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဟူသော ဉာဏ်သုံးပါးကို မူလီသွတ်၍ သုံးကျော့ သုံးပြန် ဆယ့်နှစ်ပါးသော အခြင်းအရာဖြင့် အလုံးစုံ ပြည့်စုံကောင်းမွန်စွာ ပထမဆုံး ဟောကြားခဲ့သည့် တရားတော်ဖြစ်သည့် အလျောက် အနှိုင်းမဲ့ တန်ခိုးအရှိန်အဝါတို့ဖြင့် ပြည့်စုံပါသည်။
ဤတရားတော်မြတ်ကို လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်က ဗာရဏသီပြည်သူတို့၏ ဣသိပတန မိဂဒါဝုန် တောအုပ်တွင် ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားလည်ပတ် စေခဲ့သည့်အချိန်မှစ၍ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ နှုတ်ဖျားတွင် ယနေ့တိုင်အောင် လည်ပတ်နေလျက်ရှိသည်။ ထိုကဲ့သို့ လည်ပတ်နေခြင်းကို ရပ်ဆိုင်းသွားအောင် ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ တို့ကမှ မတတ်နိုင်ပါ။
ဤဓမ္မစကြာတရားကို ဟောကြားပြီးဆုံးသွားသည်နှင့် တပြိုင်နက် စကြာဝဠာ လောကဓာတ် တိုက်တစ်သောင်းသည် အောက်သို့ နိမ့်လျက် နိမ့်လျက် တသိမ့်သိမ့်ဖြင့် တုန်လှုပ်ခဲ့ရသည်၊ အထက်သို့ တက်၍ တက်၍ တသွက်သွက်ဖြင့် တုန်လှုပ်ခဲ့ရသည်၊ အေးယဉ်လွှဲသကဲ့သို့ နွှဲကာ နွှဲကာဖြင့် တုန်လှုပ်ခဲ့ရသည်။ စကြာဝဠာအပေါင်း တိုက်တစ်သောင်းတွင် အံဩဘွယ်ရာ ကောင်းလောက်အောင် အဆန်းတကြယ် အလွန်ကြီးမားသော အလင်းရောင်ကြီး ဖြစ်ပေါ်ခဲ့ရသည်။ ထိုအလင်းရောင်ကြီးကြောင့် နတ်ဗြဟ္မာတို့၏ အရောင်အဝါသည် ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ကံကောင်း ထောက်မ၍ ဤသာသနာတော်ကြီးနှင့် တွေ့ကြုံလာကြသော သင်တို့၊ ကျွနှ်ပ်တို့သည် ထူးမြတ်ကောင်းမွန်သည့် “ဤဓမ္မစကြာတရားတော်မြတ်” ကို အမြဲမပြတ် ရွတ်ပွါးပူဇော်သွားကြပါစို့။
မေတ္တာဖြင့်
အရှင်ဇယတိဿ (စင်္ကာပူ)
Thursday, July 14, 2011
ရင့်ကျက်တယ်ဆိုတာ......
ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ အသက်အရွယ်ဆိုတာ ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။
ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊ လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။
ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု မဲ့မသွားဘူး၊ ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။
ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံနားလည်ပေးတယ်။ ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။
ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။
ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလည်မှာ ချပြရဲတယ်။
ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။ လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။
ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ အလုပ်အကိုင်နဲ့ လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။
ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊ မောက်မာထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။
ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။ အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။
ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။
အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။
ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့ ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့ အောင်မြင်တဲ့လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။
(သူငယ်ချင်းတို့လဲ တနေနေ့တချိန်ချိန်မှာ ရင့်ကျက်သောသူတစ်ယောက်အဖြစ် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဘဝခရီးလမ်းကို အောင်မြင်မူတွေနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုရင်း.....)
Posted by ဝတီ
Posted by ဝတီ
Wednesday, July 13, 2011
အင်းတော်ကြီးဘာကြောင့်ကမ္ဘာကျော်တာလဲ ?
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးကောင်းနယ်အတွင်း တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝအင်းကြီးဖြစ်သည်။ တောင်နှင့်မြောက်အလျား (၁၆)မိုင်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိလုံးတုံနှင့် အရှေ့ဘက်ကမ်းရှိဟဲမုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ အနံခုနှစ်မိုင်ကျယ်ဝန်းသည်။ ရေပြင်ကြီးသက်သက် အကျယ်အ၀န်းသည် (၄၄.၉)စတုရန်းမိုင်ရှိသည်။
အင်းတော်ကြီးအိုင်အတွင်း အမှိုက်ဒိုက်သရိုက်ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည်
ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။ အင်းတော်ကြီး၏ အလယ်အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဖူစေတီတော် တည်ထားသည်။ အင်းတော်ကြီးသည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ၀ိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဖူစေတီသည် ကချင်ပြည်နယ်၏ အဓိကရ စေတီတော်ကြီးဖြစ်သည်။ ပေါင်းလဆန်းဘုရားပွဲတော် ကျင်းပချိန်နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများရေထဲပြန်မြုပ်သွားတတ်သည်။

(မြစ်ကြီးနားအွန်လိုင်းလူငယ်ဖိုရမ် မှကူးယူဖော်ပြပါသည်။)
Posted By မောင်စူးစမ်း (MTLA GTI)
Posted By မောင်စူးစမ်း (MTLA GTI)
ကမ္ဘာ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ ?
KLM (Kiss Me, Leave Me, Miss Me) သည် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်လုပ်ကိုင်လေကြောင်းလိုင်း
ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၈၀ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျလူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက စတင်ခဲ့ခြင်းဖြစ်သည်။ အဲလဘတ်သည် KLMလေကြောင်းလိုင်းကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင် KLM ၏ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယနေ့ခေတ်တွင်တိုက်ကြီးငါးတိုက်မှ မြို့တော်ပေါင်း ၁၄၀၀ကျော်တွင် KLMလေကြောင်းလိုင်း၏ ကွန်ယက်များဖြန့်ကျက်ထားပြီဖြစ်သည်။
(မြစ်ကြီးနားအွန်လိုင်းလူငယ်ဖိုရမ် မှကူးယူဖော်ပြပါသည်။)
Posted By မောင်စူးစမ်း (MTLA GTI)
ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၈၀ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျလူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက စတင်ခဲ့ခြင်းဖြစ်သည်။ အဲလဘတ်သည် KLMလေကြောင်းလိုင်းကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင် KLM ၏ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယနေ့ခေတ်တွင်တိုက်ကြီးငါးတိုက်မှ မြို့တော်ပေါင်း ၁၄၀၀ကျော်တွင် KLMလေကြောင်းလိုင်း၏ ကွန်ယက်များဖြန့်ကျက်ထားပြီဖြစ်သည်။
(မြစ်ကြီးနားအွန်လိုင်းလူငယ်ဖိုရမ် မှကူးယူဖော်ပြပါသည်။)
Posted By မောင်စူးစမ်း (MTLA GTI)
လျှို့ဝှက်စာရေးနည်းပညာ ဆိုတာဘာလဲ ?
လျှို့ဝှက်စာရေးနည်းပညာဆိုတာ စာလုံးတွေ စီရမယ့်နေရာမှာ ကိန်းဂဏန်းတွေကိုအသုံးပြုပြီး လျှို့
ဝှက်စာတမ်းတစ်စောင်ရေးဖွဲ့တဲ့ အနုပညာတရပ်ဖြစ်တယ်။ အက္ခရာစာလုံး အသီးသီး အတွက် သီးခြားအ
ထူးပြုစီမံထားတဲ့ ကိန်းဂဏန်းတွေပေးထားပြီး စကားဝှက်စာတစ်စောင်ရေးဖွဲ့ရပါတယ်။ ဒီလျှို့ဝှက်သင်္ကေ
တကို ဆိုက်ဘာစကားဝှက်လို့ခေါ်ပါတယ်။ စကားဝှက်ပုံစံနှစ်မျိုးရှိတယ်။ သတင်းပေးပို့လွှာမှာပါတဲ့ စာလုံး
အသီးသီးအတွက် ကိန်းဂဏန်း၊ စာလုံးသင်္ကေတ တစ်မျိုးမျိုးနဲ့ အစားထိုးရေးသားခြင်းမျိုးလည်း ရှိတယ်။
ဒုတိယအမျိုးအစားကတော့ သတင်းလွှာမှာပါတဲ့ စာလုံး လေးတွေကို နေရာအထား အသို အစီအစဉ်များ
ပြောင်းလဲပစ်ခြင်းများဖြစ်ပါသည်။ ဒီင်္လိုနည်းလမ်းနှစ်သွယ်ကို အသုံးပြုတဲ့အခါ နည်းမျိုးစုံအသုံးပြုကြတယ်။ ပေးပို့သူနဲ့ လက်ခံသူနှစ်ဦးစလုံးမှာ သင်္ကေတနဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ့် သင်္ကေတ အညွှန်းစာအုပ် ကိုယ်စီရှိကြတယ်။
(မြစ်ကြီးနားအွန်လိုင်းလူငယ်ဖိုရမ် မှကူးယူဖော်ပြပါသည်။)
Posted By မောင်စူးစမ်း (MTLA GTI)
ဝှက်စာတမ်းတစ်စောင်ရေးဖွဲ့တဲ့ အနုပညာတရပ်ဖြစ်တယ်။ အက္ခရာစာလုံး အသီးသီး အတွက် သီးခြားအ
ထူးပြုစီမံထားတဲ့ ကိန်းဂဏန်းတွေပေးထားပြီး စကားဝှက်စာတစ်စောင်ရေးဖွဲ့ရပါတယ်။ ဒီလျှို့ဝှက်သင်္ကေ
တကို ဆိုက်ဘာစကားဝှက်လို့ခေါ်ပါတယ်။ စကားဝှက်ပုံစံနှစ်မျိုးရှိတယ်။ သတင်းပေးပို့လွှာမှာပါတဲ့ စာလုံး
အသီးသီးအတွက် ကိန်းဂဏန်း၊ စာလုံးသင်္ကေတ တစ်မျိုးမျိုးနဲ့ အစားထိုးရေးသားခြင်းမျိုးလည်း ရှိတယ်။
ဒုတိယအမျိုးအစားကတော့ သတင်းလွှာမှာပါတဲ့ စာလုံး လေးတွေကို နေရာအထား အသို အစီအစဉ်များ
ပြောင်းလဲပစ်ခြင်းများဖြစ်ပါသည်။ ဒီင်္လိုနည်းလမ်းနှစ်သွယ်ကို အသုံးပြုတဲ့အခါ နည်းမျိုးစုံအသုံးပြုကြတယ်။ ပေးပို့သူနဲ့ လက်ခံသူနှစ်ဦးစလုံးမှာ သင်္ကေတနဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ့် သင်္ကေတ အညွှန်းစာအုပ် ကိုယ်စီရှိကြတယ်။
(မြစ်ကြီးနားအွန်လိုင်းလူငယ်ဖိုရမ် မှကူးယူဖော်ပြပါသည်။)
Posted By မောင်စူးစမ်း (MTLA GTI)
Subscribe to:
Posts (Atom)