Sunday, July 24, 2011

စင်ကာပူတွင် ဘွဲ့လက်မှတ်အတုဖြင့် လုပ်ကိုင်နေသူများ၊ သွားရောက်လုပ်ကိုင်မည့်သူများ ထောင်ဒဏ် အထိချမှတ်ခံရနိုင်

စင်ကာပူနိုင်ငံတွင် လက်ရှိဘွဲ့လက်မှတ် အတုဖြင့် လုပ်ကိုင်နေသူများ နှင့်ဘွဲ့လက်မှတ် အတုဖြင့် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် စင်ကာပူနိုင်ငံတွင် ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
စင်ကာပူနိုင်ငံတွင် ဘွဲ့လက်မှတ်အတုဖြင့် ၀င်ရောက်လုပ်ကိုင်နေကြောင်းစစ်ဆေးတွေ့ရှိပါက စင်ကာပူအစိုးရမှ ထောင်ဒဏ်၂ နှစ် အထိချမှတ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအလုပ်သမားများကပြောဆိုကြသည်။
“အခုနောက်ပိုင်း စင်ကာပူမှာ  S.Pass အလုပ်တွေက WP ထက်ပိုပြီးခေတ်စားလာတယ်။ S.Pass နဲ့ မရရအောင်လာကြတယ်။ S.Pass ကဘွဲ့ရပဲ ခေါ်တော့ဘွဲ့လက်မှတ်တင်ပြရတယ်။ အဲ့ဒီမှာ ဘွဲ့မရသေးတဲ့သူတွေက ဘွဲ့လက်မှတ်အတုတွေလုပ်ပြီး ပွဲစားတွေ နဲ့ရောက်လာကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကတော့ ဒီကအလုပ်ရှင်တွေကိုယ်တိုင်က လက်ခံပေးထားတယ်။ အခုနောက်ပိုင်းမှာအလုပ်သမားက ပေါလာတော့ သူတို့အနေနဲ့ကျွမ်းကျင် တဲ့တကယ့်ဘွဲ့ရအလုပ် သမားပဲသေချာစိစစ်ပြီးမှ ပဲခေါ်တယ်။ တကယ်လို့ ဘွဲ့လက်မှတ် အတုဖြစ်တယ်ဆိုတာကို စင်ကာပူအလုပ်သမားဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိရင်ထောင်ကျမယ်။ အကောင်းဆုံးကတော့ ကိုယ့်အရည်အချင်း အစစ်အမှန်နဲ့ လာတာပဲကောင်းပါတယ်”ဟု စင်ကာပူနိုင်ငံတွင် လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။

Friday, July 22, 2011

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ပထမဆုံးအကြိမ် စင်္ကာပူတရားပွဲ


ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့

ဓမ္မဒေါင်းလုပ်၏ (၉)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဓမ္မဒေါင်းလုပ်မိသားစုနှင့် ဓမ္မမိတ်ဆွေများ စုပေါင်း၍ “အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ပထမဆုံးအကြိမ် စင်္ကာပူတရားပွဲ”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၃-၀၇-၂၀၁၁ စနေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ နှင့် ၂၄-၀၇-၂၀၁၁ တနင်္ဂနွေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ (၂)ရက်ကျင်းပမည်ဖြစ်ပါ၍ ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အား နိဗ္ဗန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။ထိုတရားပွဲများကို on-line ကနေ အိမ်မှာ နားနားနေနေ နာယူနိုင်စေရန်အတွက် ကျွန်တော်တို့ blog မှတဆင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

Posted by MTLA GTI GROUP 

Wednesday, July 20, 2011

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုအခြေအနေ

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ကြာမြင့်ချိန်များနှင့် လုပ်ထုံးလုပ်နည်းအချို့ကို လျှော့ချ ပေးသွားရန်ရှိရာ ဇူလိုင်လ ဒုတိယပတ်မှ စတင်ကာ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများအတွက် ကြာမြင့် ချိန်ကို ယခင်ရက် (၃၀) ၀န်းကျင်ကြာ မြင့်ရာမှ ယခုအခါ (၂၁) ရက်ဝန်းကျင်သို့ လျှော့ချဆောင်ရွက်ပေးသွားရန် ရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင်က နိုင်ငံကူးလက်မှတ် စလစ်ရရှိသည့်အချိန်မှ စာအုပ်ရရှိသည့်အချိန်အထိရက် (၃၀) ၀န်းကျင် စောင့်ဆိုင်းရမှုများရှိကြောင်းနှင့် ယခု အခါတွင် ပတ်စ်ပို့စလစ် ရရှိပြီး နောက် (၂၁) ရက်အတွင်း နိုင်ငံကူး
လက်မှတ်စာအုပ်ရရှိရန် ဆောင်ရွက် ပေးသွားရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဇူလိုင်လ (၁) ရက်နေ့ ရန်ကင်းရုံးကို ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာ နိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတချို့ကို ဖြေလျော့ ပေးသွားဖို့ ဆောင်ရွက်နေကြပါတယ်။ အရင်က နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့အခါမှာ ရက် (၃၀) ၀န်းကျင်လောက် အနည်းဆုံးကြာပါတယ်။ အခု (၂၁)ရက်ဝန်းကျင်နဲ့ နိုင်ငံကူးလက်မှတ် စာအုပ်ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လျှောက်ထားမှုအတွက် ကြာမြင့်ချိန်တွေကို ဒီထက်ပိုလျှော့ချသွားဖို့ အစီအစဉ်ရှိပါတယ်” ဟုပြောကြားခဲ့သည်။
“အရင်တုန်းက နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ အမှုတွဲဆိုင်ရာ လျှောက်လွှာစုစုပေါင်း (၁၅) ရွက်လောက် ဖြည့်ရပါတယ်။ အခု ခုနစ်ရွက်လောက်ပဲ ဖြည့်ရအောင် ဆောင်ရွက်ထားပါတယ်။ လျှောက်ထားရာမှာ မှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်းပဲ အဓိကလိုအပ်မှာဖြစ်ပါတယ်။ ဘွဲ့ရဖြစ်ရင် EC တွဲပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။ လျှောက်ထားသူက အဖွဲ့အစည်းကဖြစ်ရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ထောက်ခံချက်လိုမှာ ဖြစ်ပါတယ်။
လုံခြုံရေးပိုင်း ဆိုင်ရာမှာလည်း လျှောက်ထားသူတွေရဲ့ မှတ်ပုံတင်ကို အ၀င်ဂိတ်မှာ Scan ဖတ်တယ်။ ပြီး ရင် webcam  နဲ့ ဓာတ်ပုံရိုက်တယ်။ ပြီးမှ ၀င်ခွင့်ပေးပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ မြန်
မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ပုံစံ ၁၉ ရုံးမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း၌ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်။

Posted by အိမ်လွမ်းသူ

နောင်တ တရားကြီး (၁၀) ပါး (သို့မဟုတ်) ကုက္ကုစ္စ (၁၀) ပါး

(၁) ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်ကြားဘဲ ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)
(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)
(၃) ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့ မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာမှားလေခြင်း ဟု နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)
(၄) သတ္တ၀ါများအား သနားမဖက် ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ် ကြီးရင့်လာသောအခါ ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)
(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)
(၆) များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်း ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)
(၇) မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက် အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)
(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ ပြောခဲ့ မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)
(၉) သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား နည်းနာများကို မနာယူမိခဲ့ခြင်း)
(၁၀) ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)
ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပွားများ အားထုတ်နိုင်ကြပါစေ။

အရှင်ဉာဏဒီပ (ဓမ္မရတနာ)
Posted by ဝတီ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၀)

CLAUSES (3) - Adjective Clauses (2)
 အရင်ခန်းက Subject မှာ သုံးတဲ့ Relatives ကို ဖော်ပြခဲ့ပြီ။ ကျန်သေးတဲ့ တစ်ခုကတော့  ပိုင်ဆိုင်သူကို ဖော်ပြတဲ့ whose ပါပဲ။ Defining ရော ၊ Non-defining ပါ သူ့ကို သုံးတယ်။ Comma မပါတာနဲ့ ပါတာပဲ ထူးခြားပါတယ်။
The boy whose book you want is not here.
Maung Soe, whose book you want, is not here.
မှတ်ချက်။.......... ။whose သုံးထားတဲ့ ၀ါကျမျိုးကို မြန်မာလို တိတိကျကျ ဘာသာပြန်ဖို့ ခဲယဉ်းတယ်။ လှည့်ပတ်ပြီးတော့ သာ ပြန်နိုင်တယ်။ ၀ါကျနှစ်ခုကို ခွဲပစ်တန်ခွဲပစ်ရတယ်။
( ခင်များစာအုပ်လိုချင်တဲ့ကောင်လေးက ဒီမှာမရှိဘူး ) လို့ပြောလျှင်ရပါရဲ့။ မရှင်းလှပါဘူး။
( ကောင်လေးရဲ့ စာအုပ်ကို ခင်များက လိုချင်တယ်၊ အဲဒီ ကောင်လေးဒီမှာမရှိဘူး ) လို့ ပြောမှ ရှင်းရှင်းလင်းလင်း နားလည်မယ်။ ( သူ့စာအုပ်ကို ခင်များလိုချင်တဲ့ ကောင်လေးဟာ ဒီမှာမရှိဘူး ) လို့ အချို့ ပြန်နည်းမျိုးဟာ မြန်မာစကားမပီသပေဘူး။
Whose ကို ကွက်လပ်မှာဖြည့်ရတာ အခက်အခဲ မရှိပါဘူး။ အဓိပ္ပာယ်ကို သိလျှင် ( သူက သူ့ကို ပိုင်တယ်လို့ နားလည်လျှင် ) မှန်မှန်ကန်ကန်ဖြည့်နိုင်မှာပါပဲ။
The boy ………. want to see you is coming.
The boy ………. you want to see is coming.
The boy ………. father you want to see is coming.
ပထမ၀ါကျကို ကြည့်လျှင် ကွက်လပ်နောက်မှာ want ဆိုတဲ့ verb ရှိနေတယ်။ Verb ရှေ့က subject ရှိမြဲ ။ ဒီတော့  ဖြည့်ရမယ့် relative ဟာ subject ဖြစ်ရမယ်။ လူဆို who ပေါ့ ။
ဒုတိယ၀ါကျကိုကြည့်လျှင် you ဆိုတဲ့ subject နဲ့ want ဆိုတဲ့ verb ရှိနေပြီ။ ဒီတော့ လိုတာဟာ verb ရဲ့ object ပဲ ဖြစ်ရမယ်။ မင်းက သူ့ကိုတွေ့ချင်တယ်။ တကယ်လို့ non-defining သာ ဖြစ်လျှင်တော့ whom ထည့်ရမှာပဲ။အခုတော့  defining ဖြစ်နေတဲ့အတွက်ဘာမှမထည့်တော့ဘူး။

Tuesday, July 19, 2011

Happy Birthday To Our Lovely Friend

အမှတ်တရ မွေးနေ့ပွဲလေးပေါ့ဗျာ။ စလုံးမှ အပြီးပြန်သွားသော သူငယ်ချင်း ၂ ယောက် ကိုလည်း အမှတ်တရ အနေနဲ့ တင်လိုက်ပါတယ်။ 19-June-2011 သူငယ်ချင်း ကိုဂျွန်မျိုးမင်း ရဲ့ မွေးနေ့ပွဲဖြစ်ပါတယ်။
             


Posted by သူငယ်ချင်းတစ်ဦး
မေ့မရသော အာဇာနည်နေ့ အပိုင်း(၁)

Posted by သူငယ်ချင်းတစ်ဦး
မေ့မရသော အာဇာနည်နေ့ အပိုင်း(၂)

Posted by သူငယ်ချင်းတစ်ဦး

အာဇာနည်နေ့ဂုဏ်ပြုတေးများ


02 Ah Lay Pyu Par Tel- May Hla Myaing by myomyintcho

Posted by သူငယ်ချင်းတစ်ဦး

ဓမ္မစကြာနေ့



Posted by ဝတီ