ဒီလိုပဲ handsome ကို မိန်းမတစ်ယောက်နဲ့တွဲသုံးလိုက်တဲ့အခါ မိန်းကလေးလို သွယ်လျနွဲ့နှောင်းမနေဘဲ ခန္ဓာကိုယ်အချိုးအဆက်ပြေပြစ်တဲ့ လုံးကြီးပေါက်လှ မိန်းမတစ်ယောက်ရဲ့အသွင် မြင်ယောင်လာပါလိမ့်မယ်။ အောက်စဖို့ အဘိဓာန်မှာ ဒီလို ရှင်းပြထားပါတယ်။
Tuesday, July 26, 2011
Handsome woman နှင့် Pretty man
အင်္ဂလိပ်စာလေ့လာခဲ့တဲ့တစ်လျှောက်လုံး ရုပ်ရည်ရူပကာချောမောတာကိုပြောချင်တဲ့အခါမှာ ယောက်ျားလေးဆိုရင် handsome မိန်းကလေးဆိုရင် pretty လို့သုံးရတယ်ဆိုလို့ မှတ်သားမိခဲ့ကြမှာပါ။ ဝေါဟာရဆိုတာကလည်း သင်္ချာညီမျှခြင်းလို ပုံသေ သတ်မှတ်ဖို့အခက်သား။ စာရေးတဲ့သူ မိမိပြောလိုတဲ့ အဓိပ္ပါယ်ရောက်အောင် တစ်ခါတစ်လေ တင်စားချက်နဲ့ သုံးကြတဲ့အခါ စကားလုံးတွေနဲ့ ကျား/မ ဆက်စပ်မှုဟာ နေရာရွေ့သွားတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ ယောက်ျားလေးတစ်ယောက်ကို pretty man လို့အခေါ်ခံ ရတာဟာ နည်းနည်းစော်ကားသလိုဖြစ်မယ်နဲ့တူပါတယ်။ ဒါပေမယ့်လည်း မြန်မာစကားမှာလည်း မိန်းမချောချောတယ် လို့ သုံးလေ့ရှိတယ်မဟုတ်လား။ တစ်ချို့ယောက်ျားလေးတွေကျတော့ မိန်းကလေးတွေထက်ကို ချောနေတဲ့အခါ ကွယ်ရာမှာ pretty man လို့အခေါ်ခံရတတ်တယ်လေ။ ဥပမာအားဖြင့် အခုတကော အင်မတန်နာမည်ကြီးနေတဲ့ Justin Beieber ကို တစ်ချို့က pretty boy လို့ခေါ်ကြသလိုပေါ့။ M2M ရဲ့ pretty boy သီချင်းကိုလည်း ကြားဖူးကြမှာပါ။
Monday, July 25, 2011
လွဲမှားမှုများ
(ဒီ post လေးကတော့ ရည်းစားမရသေးသော စင်္ကာပူရောက် ကျွန်တော်ရဲ့ ဘော်ဘော်တွေအတွက် ရည်ရွယ်ပါတယ်။ ရည်းစားစကားပြောတဲ့အခါ မှားသုံးမိမှာစိုးလို့ မတတ်ပေ့မဲ့ ဆရာလုပ်လိုက်ပါတယ်)
“ချစ်သူ” ဆိုတဲ့စကားလုံးကို “lover”လို့ ထင်နေကြတယ်။ အဲလိုပဲ လူတော်တော်များများ သုံးနေကြတယ်။ love ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ချစ်တယ်တဲ့။ ဒါတော့ လူတိုင်းသိမှာပါ။
အင်္ဂလိပ်စာ word/verb တစ်ခုကို နောက်ကနေ -er,-or ဆိုတဲ့ နောက်လိုက်လေးတွေ
ထည့်လိုက်ရင် noun ဖြစ်သွားတယ်ဆိုတာလေးကိုလည်း လူတိုင်းလိုလိုသိကြတယ်။ အဲ.. အဲဒီမှာ ပြဿနာစတာပဲ။
မမှန်ဘူးမဟုတ်ပါဘူး။ မှန်ပါတယ်။ ဒါပေမယ့် ဒီ lover ဆိုတဲ့ နေရာမှာကျတော့မှားနေပြီဗျ။
ကျွန်တော်တို့ တွေက love (ချစ်တယ်) ဆိုတာကို အစွဲပြုပြီး နောက်မှာ -er ထည့်လိုက်ရင် lover(ချစ်သူ) ဖြစ်ပြီ ထင်နေကြတယ်။
အမှန်တော့ lover ဆိုတာက ချစ်သူမဟုတ်ပါဘူး။ အောက်မှာ definition ရေးပေးလိုက်ပါတယ်။
*lover (noun) - a partner in a sexual relationship outside marriage*
သူ့ရဲ့ မြန်မာလို အဓိပ္ပါယ်ကတော့... လက်မထပ်ပဲ လိင်ဆက်ဆံ ပေါင်းသင်းနေတဲ့
အဖော်တဲ့ ခင်ဗျ။
ဒါဟာ Oxford Advanced Learner's Dictionary ထဲက အတိုင်း ဖော်ပြထားတာပါ။
အဲ.. ချစ်သူ ဆိုတာကို အင်္ဂလိပ်လိုပြောချင်ရင် ...
ယောက်ျားလေးကို ဆိုရင်တော့ boyfriend ပေါ့။
မိန်းကလေးကို ဆိုရင်တော့ girlfriend ပေါ့။
ဒါကြောင့်ဗျာ.. ဒီလိုလွဲမှားမှုတွေ မဖြစ်ပါစေနဲ့ဗျာ။ lover နဲ့ boyfriend & girlfriend အဓိပ္ပါယ်က
အကွာကြီး ကွာတယ်နော်။ မှားမသုံးမိပါစေနဲ့ဗျာ။
နောင်ပြင်ပြီးသုံးနိုင်မယ်ဆိုရင် ကျွန်တော် ဒီ discussion ရေးတာရေးရကျိုးနပ်ပါပြီဗျာ။
ကျွန်တော် ပြောဖို့တောင် တစ်ခု မေ့ကျန်ခဲ့တယ်ဗျ။
ကိုယ်ချစ်တဲ့သူကိုလည်း my love လို့ ပြောနိုင်ပါသေးတယ်။ He/She is my love
ဆိုရင်လည်း ချစ်နှစ်သက်တဲ့လူဆိုတာ သိနိုင်ပါတယ်။ You are my love ဆိုရင်လည်း
မင်းဟာ ငါ့အချစ်လေး လို့ အဓိပ္ပါယ်ရပါတယ်။
Posted by KAE
Posted by KAE
၂၀၃၀ ခုနှစ်ဘန်ကောက်မြို့ရဲ့ ကံကြမ္မာ
တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။ အဆိုးမြင်ပညာရှင် အများစုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းအချို့ ပင်လယ်ရေအောက် နစ်မြုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။ ကျွမ်းကျင်သူများက ဖြစ်လာမယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့ မည်သည့်ပေါ်လစီမှ ပြင်ဆင်မှုမရှိသေးသည့်အတွက် အစိုးရကို အပြစ်တင်နေကြသည်။
ကျရောက်မည့် သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးက၊ ဇူလိုင်(၃)ရက်နေ့မှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ခွန်ယင်လပ် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမည်။ ကလေးတစ်ယောက် လက်ပ်တော့ ကွန်ပျူတာတစ်လုံး ပေးမယ့် ခွန်ယင်လပ် အတွက်၊ ဘန်ကောက် ရေအောက်မရောက်အောင် ကြိုတင်လုပ်ဖို့က အဓိက အရေးပေါ်တာဝန် ဖြစ်လာမည်။
ရာသီဥတု ပြောင်းလဲမှု၊ ပင်လယ်ရေ မြင့်တက်မှု၊ ပင်လယ်ကမ်းရိုးတမ်းများ တိုက်စားပြိုကျမှု စတဲ့ ပေါင်းစု ပျက်စီးမှုများကြောင့် ကျောက်ဖရား မြစ်ဝကျွန်းပေါ်ရှိ ဘန်ကောက်မြို့ကြီးရဲ့ နိဂုံးကံကြမ္မာမှာ မတွေးဝံ့စရာ ဖြစ်သည်။
အယုဒ္ဓယမြို့တော် မြန်မာများရဲ့ ဖျက်ဆီးခံရပြီးနောက်၊ ၁၇၈၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် ချာကရီမင်းဆက်က ဘန်ကောက်မြို့တော်ကို စတင်တည်ထောင်အုပ်စိုးခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
မိုးမျှော်တိုက်ကြီးများ ထိုးထိုးထောင်ထာင် ၀ိုင်းပတ်ထားသည့် ဘန်ကောက်မြို့တွင် လက်ရှိ လူ ၁၀ သန်းကျော် နေထိုင်လျက်ရှိသည်။ တစ်နှစ်ထက်တစ်နှစ် အပေါ်ယံမြေဆီလွှာ ၁.၅ မှ ၅.၃ စင်တီမီတာ လျော့ပါးကျဆင်းလျက် ရှိပြီး၊ လူအများအပြားနေထိုင်သည့် နေရာများကို ပင်လယ်ရေ လွှမ်းသွားဖို့ ရှိနေသည်။
တက်လာမည့် ပင်လယ်ရေက အဆောက်အဦ အိမ်ခြေ ၁ သန်းကျော်ကို အနှေးနှင့် အမြန် အန္တရာယ်ပေးမည့် အနေအထား ရှိသည်။ ဘန်ကောက်မှ ၁၅ ကီလိုမီတာဝေးသော ဆာမောင့် ဖရာခန် ဆိပ်ကမ်း ရပ်ကွက်ကြီးရှိ လူနေအိမ်များမှာ နှစ်စဉ် မြစ်ရေလွှမ်းမှုခံနေရသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့မှ ထုတ်တဲ့ Report များတွင် ရာသီဥတု အပြောင်းအလဲကြောင့် ဘေးအန္တရာယ်ကျရောက်မည့် ကမ္ဘာ့မြို့ကြီးများစာရင်းမှာ ဘန်ကောက်က ထိပ်ဆုံးက ပြေးနေသည်။ ဘန်ကောက်မှ ကမ္ဘာ့ဘဏ်အရာရှိ Jan Bojo က ‘ဘန်ကောက် ရေနစ်တော့မည့် အဓိကအကြောင်း တစ်ခုမှာ မြေအောက်ရေများကို အလွဲသုံး စုတ်ထုတ်ခြင်းကြောင့် ဖြစ်သည်’ ဟု ဆိုသည်။
လာမယ့် နှစ်အနည်းငယ်အတွင်း အခြေအနေဆိုးဆိုက်ဖွယ် ရှိမရှိဆိုသည်ကို ပညာရှင်များကြား အငြင်းအခုန် ဖြစ်နေကြသည်။ သို့သော် သေချာတာက ‘၂၁၀၀ ခုနှစ်တွင် ဘန်ကောက်သည် အတ္တလန်တစ် အသစ် ဖြစ်သွားတော့မည်’ ဟု ပညာရှင်အားလုံးက သဘောတူသလောက် ရှိသည်။
အကယ်၍ မည်သည့် တင်ကြိုပြင်ဆင် ဆောင်ရွက်မှုမှ မလုပ်ခဲ့ရင်တော့၊ ၂၀၃၀ ခုနှစ်မှာတင် ဘန်ကောက် ကိစ္စတုံးသွားနိုင်သည်ဟု ထိုင်းနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာန အကြီးအကဲ Smith Dharmasaroja ခန့်မှန်းထားသည်။
တစ်ခုထဲသော ဖြေရှင်းနည်းမှာ ကြီးမားသော ပင်လယ်ရေကာ တံတိုင်းကြီးများ ကမ်းခြေတလျှောက် တည်ဆောက်ဖို့ ဖြစ်သည်။ ၄င်း Project အတွက် ယူရို ၂ ဘီလီယံခန့် ကုန်ကျမည်ဟု ဆိုသည်။
သို့သော် အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းပညာရှင် Anond Snidyongs က ‘ပင်လယ်ရေကာ တံတိုင်းကြီးများ တည်ဆောက်မှုကလည်း အသုံးမ၀င်နိုင်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပင်လယ် ကမ်းရိုးတမ်း တိုက်စားခံရမှု များလာတာကြောင့် ကာကွယ်ဖို့ ကြိုစားလည်း မရတော့ကြောင်း၊ စကတည်းက ဘန်ကောက်ကို ရွှံ့မြေပေါ်တည်ထားတာဖြစ်ပြီး၊ မြို့က ပင်လယ်ရေ အထက် ၁.၅ မီတာ အမြင့်သာရှိကြောင်း’ မျှော်လင့်ချက်မဲ့ စကားကို ပြောဆိုသည်။
ဘန်ကောက်၏ အနာဂတ်မှာ အနှေးနှင့် အမြန် အတ္တလန်တစ်ပင်လယ်သစ် ဖြစ်ဖို့သာရှိကြောင်း ပညာရှင်များ ရင်ထိတ်နေကြသည်။
Source: Reuters & Time
Posted By မောင်စူးစမ်း (MTLA GTI)
Posted By မောင်စူးစမ်း (MTLA GTI)
၄၂ နှစ်လုံးလုံး ဓာတ်ဆီသောက်ခဲ့သည့် တရုတ်နိုင်ငံမှ အမျိုးသားကြီး
တရုတ်နိုင်ငံတွင် အသက် ၇၁ နှစ်အရွယ် အမျိုးသားကြီး တစ်ဦးသည် ၄၂ နှစ်လုံးလုံး ဓာတ်ဆီကို စွဲလန်းစွာ သောက်နေခဲ့ကြောင်း သိရှိရသည်။
ချန်ဒီဂျန်က အဆက်မပြတ် ချောင်းဆိုးပြီး ရင်ဘတ်တွင် နာကျင်မှု ဝေဒနာ ခံစားရခြင်းကို ဓာတ်ဆီသောက်ခြင်းဖြင့် ကုစားနိုင်မည်ဟု ယုံကြည်ရာမှ ယခုလို စွဲစွဲမြဲမြဲ ဓာတ်ဆီသောက်နေခြင်းဟု ပြောကြားခဲ့သည်။ ချန်သည် တစ်လလျင် ဓာတ်ဆီ ၃ လီတာမျှထိ သောက်လေ့ရှိပြီး ယခုအခါ ဓာတ်ဆီ စွဲနေပြီဖြစ်သည်။
ချုံကင်း တွင် နေထိုင်သည့် ချန်သည် ၁၉၆၉ ခုနှစ်မှ စတင်ပြီး ဓာတ်ဆီသောက်လာခြင်းဖြစ်သည်။ အလွန် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး မခံမရပ်နိုင်အောင် ရင်ဘတ် နာကျင်လာသည့်အတွက် ချန်က ယခုလို ဓာတ်ဆီ သောက်ခဲ့ခြင်းဖြစ်သည်။ ချုံကင်း ညနေခင်း သတင်းစာက ချန်၏ ထူးဆန်းသော အလေ့အထကို ဖော်ပြခဲ့ပြီး ချန် စုစုပေါင်း သောက်ခဲ့သည့် ဓာတ်ဆီပမာဏသည် လီတာပေါင်း ၁၅၀၀ မျှ ရှိနေပြီဟု ခန့်မှန်း ဖော်ပြခဲ့သည်။
ချုံကင်း ဆေးတက္ကသိုလ်မှ ဒေါက်တာ ဖန်ဖူးက ချန်အား လေ့လာမှုများ ပြုလုပ်ပြီးနောက် ချန်၏ ခန္ဓာာကိုယ်အတွင်း ဓာတ်ဆီ၏ အဆိပ်အတောက် ဖြစ်စေနိုင်သော အာနိသင်ကို ဟန့်တားပေးသည့် ကိုယ်ခံစွမ်းရည်တစ်မျိုး ပေါ်ပေါက်နေကြောင်း ပြောကြားခဲ့သည်။ ထိုသို့ မဟုတ်ပါက ချန်အနေနှင့် အသက်ရှင်နိုင်ရန် မဖြစ်နိုင်တော့ဟုလည်း ဒေါက်တာဖန်က မှတ်ချက်ပြုသွားသည်။
ချန်က ဓာတ်ဆီသောက်ခြင်းသည် ရင်ဘတ်နာကျင်မှုနှင့် ပတ်သက်ပြီး စိတ်ပြေပျောက်စရာ တစ်ခုတည်းသော နည်းလမ်းဟု ပြောဆိုခဲ့သော်လည်း အမှန်တကယ် ဝေဒနာ သက်သာ ပျောက်ကင်းမှု မရှိကြောင်း ဝန်ခံသွားသည်။Posted By မောင်စူးစမ်း (MTLA GTI)
Sunday, July 24, 2011
သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ
“သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၃၀-၀၇-၂၀၁၁ စနေနေ့ ညနေ(ရ)နာရီမှ ည(၈း၃၀)နာရီထိ နှင့် ၃၁-၀၇-၂၀၁၁ တနင်္ဂနွေနေ့ ညနေ(ရ)နာရီမှ ည(၈း၃၀)နာရီထိ (၂)ရက်ကျင်းပမည်ဖြစ်ပါ၍ တရားဓမ္မနာယူနိုင်စေရန် ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အား နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။
Posted by MTLA GTI GROUP
Posted by MTLA GTI GROUP
စင်ကာပူတွင် ဘွဲ့လက်မှတ်အတုဖြင့် လုပ်ကိုင်နေသူများ၊ သွားရောက်လုပ်ကိုင်မည့်သူများ ထောင်ဒဏ် အထိချမှတ်ခံရနိုင်
စင်ကာပူနိုင်ငံတွင် လက်ရှိဘွဲ့လက်မှတ် အတုဖြင့် လုပ်ကိုင်နေသူများ နှင့်ဘွဲ့လက်မှတ် အတုဖြင့် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် စင်ကာပူနိုင်ငံတွင် ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
စင်ကာပူနိုင်ငံတွင် ဘွဲ့လက်မှတ်အတုဖြင့် ၀င်ရောက်လုပ်ကိုင်နေကြောင်းစစ်ဆေးတွေ့ရှိပါက စင်ကာပူအစိုးရမှ ထောင်ဒဏ်၂ နှစ် အထိချမှတ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအလုပ်သမားများကပြောဆိုကြသည်။
“အခုနောက်ပိုင်း စင်ကာပူမှာ S.Pass အလုပ်တွေက WP ထက်ပိုပြီးခေတ်စားလာတယ်။ S.Pass နဲ့ မရရအောင်လာကြတယ်။ S.Pass ကဘွဲ့ရပဲ ခေါ်တော့ဘွဲ့လက်မှတ်တင်ပြရတယ်။ အဲ့ဒီမှာ ဘွဲ့မရသေးတဲ့သူတွေက ဘွဲ့လက်မှတ်အတုတွေလုပ်ပြီး ပွဲစားတွေ နဲ့ရောက်လာကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကတော့ ဒီကအလုပ်ရှင်တွေကိုယ်တိုင်က လက်ခံပေးထားတယ်။ အခုနောက်ပိုင်းမှာအလုပ်သမားက ပေါလာတော့ သူတို့အနေနဲ့ကျွမ်းကျင် တဲ့တကယ့်ဘွဲ့ရအလုပ် သမားပဲသေချာစိစစ်ပြီးမှ ပဲခေါ်တယ်။ တကယ်လို့ ဘွဲ့လက်မှတ် အတုဖြစ်တယ်ဆိုတာကို စင်ကာပူအလုပ်သမားဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိရင်ထောင်ကျမယ်။ အကောင်းဆုံးကတော့ ကိုယ့်အရည်အချင်း အစစ်အမှန်နဲ့ လာတာပဲကောင်းပါတယ်”ဟု စင်ကာပူနိုင်ငံတွင် လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။
Friday, July 22, 2011
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ပထမဆုံးအကြိမ် စင်္ကာပူတရားပွဲ
ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့
ဓမ္မဒေါင်းလုပ်၏ (၉)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဓမ္မဒေါင်းလုပ်မိသားစုနှင့် ဓမ္မမိတ်ဆွေများ စုပေါင်း၍ “အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ပထမဆုံးအကြိမ် စင်္ကာပူတရားပွဲ”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၃-၀၇-၂၀၁၁ စနေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ နှင့် ၂၄-၀၇-၂၀၁၁ တနင်္ဂနွေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ (၂)ရက်ကျင်းပမည်ဖြစ်ပါ၍ ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အား နိဗ္ဗန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။ထိုတရားပွဲများကို on-line ကနေ အိမ်မှာ နားနားနေနေ နာယူနိုင်စေရန်အတွက် ကျွန်တော်တို့ blog မှတဆင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
Posted by MTLA GTI GROUP
Wednesday, July 20, 2011
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုအခြေအနေ
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ကြာမြင့်ချိန်များနှင့် လုပ်ထုံးလုပ်နည်းအချို့ကို လျှော့ချ ပေးသွားရန်ရှိရာ ဇူလိုင်လ ဒုတိယပတ်မှ စတင်ကာ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများအတွက် ကြာမြင့် ချိန်ကို ယခင်ရက် (၃၀) ၀န်းကျင်ကြာ မြင့်ရာမှ ယခုအခါ (၂၁) ရက်ဝန်းကျင်သို့ လျှော့ချဆောင်ရွက်ပေးသွားရန် ရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင်က နိုင်ငံကူးလက်မှတ် စလစ်ရရှိသည့်အချိန်မှ စာအုပ်ရရှိသည့်အချိန်အထိရက် (၃၀) ၀န်းကျင် စောင့်ဆိုင်းရမှုများရှိကြောင်းနှင့် ယခု အခါတွင် ပတ်စ်ပို့စလစ် ရရှိပြီး နောက် (၂၁) ရက်အတွင်း နိုင်ငံကူး
လက်မှတ်စာအုပ်ရရှိရန် ဆောင်ရွက် ပေးသွားရန်ရှိကြောင်း သိရသည်။
လက်မှတ်စာအုပ်ရရှိရန် ဆောင်ရွက် ပေးသွားရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဇူလိုင်လ (၁) ရက်နေ့ ရန်ကင်းရုံးကို ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာ နိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတချို့ကို ဖြေလျော့ ပေးသွားဖို့ ဆောင်ရွက်နေကြပါတယ်။ အရင်က နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့အခါမှာ ရက် (၃၀) ၀န်းကျင်လောက် အနည်းဆုံးကြာပါတယ်။ အခု (၂၁)ရက်ဝန်းကျင်နဲ့ နိုင်ငံကူးလက်မှတ် စာအုပ်ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လျှောက်ထားမှုအတွက် ကြာမြင့်ချိန်တွေကို ဒီထက်ပိုလျှော့ချသွားဖို့ အစီအစဉ်ရှိပါတယ်” ဟုပြောကြားခဲ့သည်။
“အရင်တုန်းက နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ အမှုတွဲဆိုင်ရာ လျှောက်လွှာစုစုပေါင်း (၁၅) ရွက်လောက် ဖြည့်ရပါတယ်။ အခု ခုနစ်ရွက်လောက်ပဲ ဖြည့်ရအောင် ဆောင်ရွက်ထားပါတယ်။ လျှောက်ထားရာမှာ မှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်းပဲ အဓိကလိုအပ်မှာဖြစ်ပါတယ်။ ဘွဲ့ရဖြစ်ရင် EC တွဲပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။ လျှောက်ထားသူက အဖွဲ့အစည်းကဖြစ်ရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ထောက်ခံချက်လိုမှာ ဖြစ်ပါတယ်။
လုံခြုံရေးပိုင်း ဆိုင်ရာမှာလည်း လျှောက်ထားသူတွေရဲ့ မှတ်ပုံတင်ကို အ၀င်ဂိတ်မှာ Scan ဖတ်တယ်။ ပြီး ရင် webcam နဲ့ ဓာတ်ပုံရိုက်တယ်။ ပြီးမှ ၀င်ခွင့်ပေးပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ မြန်
မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ပုံစံ ၁၉ ရုံးမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း၌ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်။
Posted by အိမ်လွမ်းသူ
“အရင်တုန်းက နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ အမှုတွဲဆိုင်ရာ လျှောက်လွှာစုစုပေါင်း (၁၅) ရွက်လောက် ဖြည့်ရပါတယ်။ အခု ခုနစ်ရွက်လောက်ပဲ ဖြည့်ရအောင် ဆောင်ရွက်ထားပါတယ်။ လျှောက်ထားရာမှာ မှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်းပဲ အဓိကလိုအပ်မှာဖြစ်ပါတယ်။ ဘွဲ့ရဖြစ်ရင် EC တွဲပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။ လျှောက်ထားသူက အဖွဲ့အစည်းကဖြစ်ရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ထောက်ခံချက်လိုမှာ ဖြစ်ပါတယ်။
လုံခြုံရေးပိုင်း ဆိုင်ရာမှာလည်း လျှောက်ထားသူတွေရဲ့ မှတ်ပုံတင်ကို အ၀င်ဂိတ်မှာ Scan ဖတ်တယ်။ ပြီး ရင် webcam နဲ့ ဓာတ်ပုံရိုက်တယ်။ ပြီးမှ ၀င်ခွင့်ပေးပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ မြန်
မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ပုံစံ ၁၉ ရုံးမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း၌ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်။
Posted by အိမ်လွမ်းသူ
နောင်တ တရားကြီး (၁၀) ပါး (သို့မဟုတ်) ကုက္ကုစ္စ (၁၀) ပါး
(၁) ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်ကြားဘဲ ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)
(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)
(၃) ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့ မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာမှားလေခြင်း ဟု နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)
(၄) သတ္တ၀ါများအား သနားမဖက် ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ် ကြီးရင့်လာသောအခါ ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)
(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)
(၆) များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်း ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)
(၇) မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက် အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)
(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ ပြောခဲ့ မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)
(၉) သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား နည်းနာများကို မနာယူမိခဲ့ခြင်း)
(၁၀) ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)
ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပွားများ အားထုတ်နိုင်ကြပါစေ။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)
(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)
(၃) ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့ မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာမှားလေခြင်း ဟု နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)
(၄) သတ္တ၀ါများအား သနားမဖက် ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ် ကြီးရင့်လာသောအခါ ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)
(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)
(၆) များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်း ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)
(၇) မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက် အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)
(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ ပြောခဲ့ မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)
(၉) သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား နည်းနာများကို မနာယူမိခဲ့ခြင်း)
(၁၀) ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)
ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပွားများ အားထုတ်နိုင်ကြပါစေ။
အရှင်ဉာဏဒီပ (ဓမ္မရတနာ)
Posted by ဝတီ
Posted by ဝတီ
ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၀)
CLAUSES (3) - Adjective Clauses (2)
အရင်ခန်းက Subject မှာ သုံးတဲ့ Relatives ကို ဖော်ပြခဲ့ပြီ။ ကျန်သေးတဲ့ တစ်ခုကတော့  ပိုင်ဆိုင်သူကို ဖော်ပြတဲ့ whose ပါပဲ။ Defining ရော ၊ Non-defining ပါ သူ့ကို သုံးတယ်။ Comma မပါတာနဲ့ ပါတာပဲ ထူးခြားပါတယ်။The boy whose book you want is not here.
Maung Soe, whose book you want, is not here.
မှတ်ချက်။.......... ။whose သုံးထားတဲ့ ၀ါကျမျိုးကို မြန်မာလို တိတိကျကျ ဘာသာပြန်ဖို့ ခဲယဉ်းတယ်။ လှည့်ပတ်ပြီးတော့ သာ ပြန်နိုင်တယ်။ ၀ါကျနှစ်ခုကို ခွဲပစ်တန်ခွဲပစ်ရတယ်။
( ခင်များစာအုပ်လိုချင်တဲ့ကောင်လေးက ဒီမှာမရှိဘူး ) လို့ပြောလျှင်ရပါရဲ့။ မရှင်းလှပါဘူး။
( ကောင်လေးရဲ့ စာအုပ်ကို ခင်များက လိုချင်တယ်၊ အဲဒီ ကောင်လေးဒီမှာမရှိဘူး ) လို့ ပြောမှ ရှင်းရှင်းလင်းလင်း နားလည်မယ်။ ( သူ့စာအုပ်ကို ခင်များလိုချင်တဲ့ ကောင်လေးဟာ ဒီမှာမရှိဘူး ) လို့ အချို့ ပြန်နည်းမျိုးဟာ မြန်မာစကားမပီသပေဘူး။
Whose ကို ကွက်လပ်မှာဖြည့်ရတာ အခက်အခဲ မရှိပါဘူး။ အဓိပ္ပာယ်ကို သိလျှင် ( သူက သူ့ကို ပိုင်တယ်လို့ နားလည်လျှင် ) မှန်မှန်ကန်ကန်ဖြည့်နိုင်မှာပါပဲ။
The boy ………. want to see you is coming.
The boy ………. you want to see is coming.
The boy ………. father you want to see is coming.
ပထမ၀ါကျကို ကြည့်လျှင် ကွက်လပ်နောက်မှာ want ဆိုတဲ့ verb ရှိနေတယ်။ Verb ရှေ့က subject ရှိမြဲ ။ ဒီတော့  ဖြည့်ရမယ့် relative ဟာ subject ဖြစ်ရမယ်။ လူဆို who ပေါ့ ။
ဒုတိယ၀ါကျကိုကြည့်လျှင် you ဆိုတဲ့ subject နဲ့ want ဆိုတဲ့ verb ရှိနေပြီ။ ဒီတော့ လိုတာဟာ verb ရဲ့ object ပဲ ဖြစ်ရမယ်။ မင်းက သူ့ကိုတွေ့ချင်တယ်။ တကယ်လို့ non-defining သာ ဖြစ်လျှင်တော့ whom ထည့်ရမှာပဲ။အခုတော့  defining ဖြစ်နေတဲ့အတွက်ဘာမှမထည့်တော့ဘူး။
Subscribe to:
Posts (Atom)
