Friday, August 05, 2011
ဘုရားပေါင်း ၅ သိန်းကျော် ပြသနာ
ကျွန်တော် ဘယ်လိုမှ ထင်မှတ်မထားတဲ့ မေးခွန်းတစ်ခုကို အမေးခံလိုက်ရတယ်။ မေးသူက ကျွန်တော် လေးစားရသူ ဖြစ်နေတော့ ဒီမေးခွန်းကို စနစ်တကျဖြေမှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူမေးတာက ဘုရားပေါင်း ဂင်္ဂါဝဠု သဲစုမက ပွင့်ခဲ့တယ် ပြောရက်သားနဲ့ သမ္ဗုဒ္ဓေဂါထာထဲမှာ ဘာလို့ ဘုရားက ၅ သိန်းကျော်ပဲ ရှိနေရတာလဲ တဲ့။ ကျွန်တော်လည်း သမ္ဗုဒ္ဓေကို ဘုရားတွေသွားတဲ့အခါ ထည့်ရွတ်ဖြစ်တဲ့ ဂါထာပေမယ့် တစ်ခါမှ အဓိပ္ပါယ်ကို မရှာကြည့်ဖူးဘူး။ ဂါထာထဲမှာ အဋ္ဌတို့ ဝီသတိတို့ ပဉ္စတို့ စသဖြင့် အရေအတွက်တွေ ပါနေမှန်းတော့ သိတယ်။ ဒါပေမယ့် ဘာသိဘာသာပါပဲ။ ခုတော့ အဲဒါက ပြဿနာ ဖြစ်လာတယ်။ ဟိုရှာဒီရှာလုပ်တော့ အောက်က လင်္ကလာလေးကို သွားတွေ့တယ်။ ဒါကတော့ ဂိုဏ်းနည်းနည်းဆန်ပေမယ့် ဂိုဏ်းတွေ၊ ဗေဒင်တွေဟောစားရင်တော့ မှတ်ထားသင့်တာပေါ့။ လင်္ကလေးက “သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား မြတ်ဘုရား၏ ကြီးမားတေဇော် ဂါထာတော်ကား ကွမ်းစားသတ္တော် ခေါင်းလျှော်ဒသ ဘတ္တတြိန်း ဆီလိမ်းပဉ္စ စီးထလှေမှာ ရှစ်ကြိမ်သာတည်း နံ့သာပန်းမျိုး ကိုးကြိမ်နှိုးလော့ မိုးချုပ်သည့်ခါ အိပ်ရာဝင်မူ ကိုးကြိမ်ဟူ၏ ရန်သူတွေ့မြောက် ဆယ့်တစ်ခေါက်တည့် စစ်ထိုးသောခါ ရွတ်ပါကိုးကြိမ် စံအိမ်သန္ဓေ မဖွားနေမူ ရေမှာကိုးခေါက် မန်း၍သောက်က ဖွားမြောက်ခဏ ချမ်းသာရ၏။” လို့ဖြစ်ပါတယ်။ မိန်းမ မီးဖွားခါနီး အဂုင်္လိမာလသုတ်မရရင် ရေကို ခွက်ထဲထည့် ဘုရားရှေ့သွားပြီး သမ္ဗုဒ္ဓေဂါထာကို ကိုးခေါက်ရွတ်လိုက်။ ပြီးရင် အဲဒီရေကို တိုက်လိုက်ရင် မီးဖွားပါတယ်တဲ့။ ဘုရားအမိန့်၊ တရားအမိန့်လေ။
ဗန်းမော်ဆရာတော်ဘုရားကြီး ၏ သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ရှင်းပြချက်
သမ္ဗုဒ္ဓေ ဂါထာတော်ကြီး
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
(သမ်ဗုတ်ဓေ အထဝီသင်စ)
ဒွါဒသဉ္စ သဟဿကေ၊
(ဒွါဒသင်စ သဟသကေ)
ပဉ္စဿတ သဟဿာနိ၊
(ပင်စ သတ်တာ သဟသာနိ)
နမာမိ သိရသာမဟံ။
(နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
(အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊
( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
(တေသံ ဓမ်မင်စ သံဃင်စ)
အာဒရေန နမာမဟံ။
(အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊
(နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
(ဟိတွာ သတ်ဗေ ဥပတ်ဒဝေ)
အနေက အန္တရာယာပိ၊
(အနေက အန်တရာယာပိ)
ဝိနဿန္တု အသေသတော။
(ဝိနတ်သန်တု အသေသတော)
ဆရာတော်ကြီး တိုကျိုမြို့ ၊ နိပိုရီသုဿန်သို့ မေတ္တာပို့ရန် ကြွရောက်တော်မူလာစဉ်
အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌ၀ီသဉ္စ ဆိုတာ အဋ္ဌက (၈) ဝီသဉ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။ ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။
Thursday, August 04, 2011
ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်း
အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။ အားလုံးသတိထားနိုင်အောင်လို့ ပါ။
ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနီးပါးသိပြီးကြမယ်လို့  ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ့  သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။
သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့  အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို့  ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက် လာနိုင်။ ယောက်ျားကလည်းသူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့  အနေဝေးနေကြတာပေါ့။ နောက်နှစ်ဆိုရင်
တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဗုဒ္ဓဘာသာ ငါးမျိုး
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။
အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ
Wednesday, August 03, 2011
ဘာလီခရီး
 ဒီတစ်ခါတော့ ဘာလီခရီးစဉ်လေးပါ။ မြန်မာကျူးပစ်မှ ကိုခန့် ရဲ့ ခရီးသွားမှတ်တမ်းလေးကို ပြန်လည်တင်ပြ ထားတာပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။ ထိုင်းနိုင်ငံက ဖူးခက်တို့ ဘာလီတို့ဆိုတာ အလွန်သွားသင့်တဲ့ နေရာတွေ ဖြစ်သော်လည်း ကျွန်တော်တော့ အခုထိ မရောက်ဖူးသေးပါ။ ဈေးအနေနဲ့ လည်း သိပ်တအားကြီး.ကြီးတဲ့ အထဲမပါဘူးဆိုတော့ တနေ့နေ့ သွားမယ်တော့ အားခဲထားတာပဲဗျာ။ ဘာတန်မှာလည်း အတော်လှတဲ့ ကမ်းခြေလေးတွေ ရှိတယ်။ ဈေးကလည်းချိုတယ်ပြောရမှာပဲ။့ ရုံးက စက်တင်ဘာမှာ သွားလည်မယ်ဆိုပြီး စီစဉ် ထားတာနေရာလေးတွေ ပြလို့ ကြည့်လိုက်တော့ လှတယ်၊ မဆိုး ဘူး။ ၂၀၀ လောက်ပဲရှိတယ်ပြောတယ်၊ ထမင်းပါကျွေးမှာ ဟိုတယ်က။ ဆိုတော့ ၀ါသနာပါတဲ့ သူတွေ အတွက် လည်ဖို့ ပတ်ဖို့ ပြောတာပါ။ သွားထားတာလေးတွေ ရှိတယ်ဆိုရင်လည်း Share လုပ်ကြပါဦး လို့ တိုက်တွန်းပါရစေ။
Posted by ငခဲ
Tuesday, August 02, 2011
ပညာသင်ရေး အေးဂျင့်ကို ဘယ်လိုရွေးမလဲ
ဒီဆာ်းပါးဟာ ဩစတေးလျ (အောစီ)ကိုသွားပီး ပညာင်ကားလိုသူတွအတွက် ရည်ရွယ်ပါ်။ ဒါမယ့် အေးဂ့်ျလို့သေူတွကိုရွေးချယ်ရာမှာ ဘယ်နိုင်ငံအတွက်မဆို အတူတူပ်ဲနိုင်တာကာ့် ဆ်ြ် ကြည့်ဖိုလိုပါ်။
်းစားစရာအချက်များ 
အောစီကိုသွားပီးပညာသင်ဖို့ ဆုံးတ်ပီးပီဆိုရ် အေးဂ့်ျကိုတာ့ ခ်ျးကပ်က့်တာ မမှားပါဘူး။ ကိုယ်ရွေးချယ်သ့်တဲ့ အေးဂ့်ျတွေကတော့
အာစီရဲ့ပညာရးနစ်အကော်း တိတိကျကျသိသူ၊ မှန်မှန်ကန်ကန်သိသူဖစ်ဖိုလိုတယ်။အမြဲမတြ် up-to-date ဖြစ်တဲ့ပညာရးဆိုင်ရာ်းတွေသူ့​ထံမှာရှိနရ်။ အောစီပညာရးအကော်း အငြ် သူဟာ သင်တ်းအကော်း၊ သင်တ်းကို အထောက်အပံ့ပးသူတွအကော်း၊ ထေို စရိ၊ ထေိုင်စရာရာ၊ လူေ​န​မှု​ဘ၀၊ ယ​ဥ်ကျေး​မှု ဓေ​လ့​ေ​တြ​အေ​ၾ​ကာ​င​္း​ကို ေ​ကာ​င​္းေ​ကာ​င်း​ရှ​င်ြး​ပနိုင်သူြ​ဖစ်ဖို့​​လို​တ​ယ်။
ကို​ယ့်ကျော​င်း​ဝင်ခွ​င့်ေ​ဖာင်ကို စာ​ရ​င်း​သွ​င်းြ​ပီး​တဲ့အထိ အကူအညီေ​ပး​နိုင်သူြ​ဖစ်ရ​မ​ယ်
ပြည်ဝင်ခွ​င့်​ဗီဇာ​အတွ​က် စ​တ​င်ြ​ပင်ဆင်ရာ​ကေ​န တင်သွ​င်းြ​ပီး​တဲ့​အထိ တာ​ဝန်ယူေ​ပး​နိုင်သူေ​တွ ဖြစ်ရမ​ယ်။
ဘယ္လို​ေ​အးဂ်​င​့္မ်ိ​ဳးေ​တြ​ကို ေ​႐ြးခ်ယ္မ​လဲ
Wednesday, July 27, 2011
မြန်မာနိုင်ငံ အလံများ
မြန်မာနိုင်ငံ ခေတ်အဆက်ဆက်အသုံးပြုခဲ့ သောအလံများ
ဗဟုသုတအလို့ငှာ စုစည်း ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံအလံအကြောင်းသိချင်သူများအတွက်
တစ်လင်နှစ်မယား
2008ခုနှစ်တွင် ရွာခံသတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ချစ်ခ​င်စုံမက်ရာ လူကြီးမိဘများကိုအသိပေးခြဲ့​ကလေသည်။သတို့သားဘက်မှအလွန်ချို့တဲ့သည့်အလျှောက် သတို့သားမိဘများကလည်းတောင်း​ရန်းလက်ထပ်မပေးနိုင်ပေ။ထို့​ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့်ပေါင်းဖက်နိုင်ရ​န်အလိုငှာ ရွှေတော ခေါ် ဖတ်ရှည်သိုကအရင်းအနှီးရှာရန် ချစ်သူကိုဇာတိကျေးရွာတွင်ထားခဲ့ကာ ခရီးထွက်လေတော့သည်။ လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါးအဆင်ပြေသောအခါတွင်မောင်မင်းမင်းစိုးသည်တ​ စ်ရွာတစ်ယောက်ဆိုသလို့ ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့်ရည်းစားဖြစ်ပါေ​တာ့သည်။မပိုပိုကိုလည်းချစ်သ​ ည်။ဇာတိတွင်ကျန်ခဲ့သောမနှင်းဆွေကိုလည်းချစ်သည်။ အလွန်ခက်ခဲသောပြသနာကိုမောင်​မင်းမင်းစိုစတင်ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မပေး တင်းမားနေကြရာမည်သူကမှအဆုံး​အရှုံးမခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကိုနှစ်ဦးနှစ်ယောက်လုံးကရယူလိုကြလေေ​တာ့သည်။ထိုအခါ အမျိုးသမီးနှစ်ဦးကအပြိုင်အ​ဆိုင်ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲစတင်ဖြစ်ပေါ်လာပါ​တော့သည်။မိဘဆွေမျိုးများကဘယ်လိုပင်တားတား အလျှော့မပေးကြပေ။ငယ်ရွယ်ကြေ​သ်ာလည်း မာနကိုယ်စီနှင့်ပြိုင်ကြရာသုံးယောက်သားတစ်ရက်တည်းမင်္ဂလာ​ ဆောင်သည်အထိဖြစ်ပေါ်လာပါတော့​သည်ခင်ဗျာ...
(http://www.facebook.com/me​dia/set/?set=a.13231511685​2340.34904.10...)
Posted by ထွန်းမြင့်ဌေး
Tuesday, July 26, 2011
ဘာသာစကား
တရုတ်စီးပွားရေးလုပ်ငန်းရှင် ဝေချောင်လင်းသည် လုပ်ငန်းကိစ္စဖြင့် နယူးဒေလီမြို့သို့ 
ရောက်လာစဉ် အရေးပေါ်နာမကျန်းဖြစ်၍ ဆေးရုံတတ်ရသည်။ ဝေချောင်လင်းနှင့်သိကျွမ်း
သော တရုတ်စကားမတတ်သည့် အိန္ဒိယလုပ်ငန်းရှင် မာမွတ်ဆေးရုံသို့ လူနာမေးရန်ရောက်လာသည်။ ဝေချောင်လင်း၏ ကုတင်အနီးတွင် ထိုင်နေသော မာမွတ်ကိုမျက်လုံးဖွင့်ကြည့်ပြီး "လီကိုင်ယန် ကျွိဂွမ်'' ဟုပြောသည်။ မာမွတ်က ဘာပြောမှန်းမသိ။ ဝေချောင်လင်းကိုသာ ငေးကြည့်နေသည်။
"လီကိုင်ယန် ကျွိဂွမ်..လီကိုင်ယန် ကျွိဂွမ်''ဟု ဝေချောင်းက အကြိမ်ကြိမ်ပြောနေသည်။
မာမွတ် လည်းနားမလည်၍ စဉ်းစားနေစဉ် "လီကိုင်ယန် ကျွိဂွမ်'' ဟုအော်ရင်း ဝေချောင်လင်း အသက်ပျောက်သွားသည်။ သို့ နှင့်စိတ်မကောင်းစွာဖြင့်အိမ်သို့ ပြန်လာခဲ့သည်။
နောက်တစ်နှစ်ခန့် ကြာသော် ...
မာမွတ်အလုပ်ကိစ္စဖြင့် ရှန်ဟိုင်းမြို့ သို့ ရောက်လာ၏။ ရှန်ဟိုင်းမြို့၏ စာအုပ်ဆိုင်တစ်ဆိုင်တွင် တရုတ်-အိန္ဒိယ အဘိဓါန် စာအုပ်ကိုတွေ့ ၍၀ယ်လိုက်ပြီး "လီကိုင်ယန် ကျွိဂွမ်''၏အဓိပ္ပါယ်ကိုရှာလေသည်။
 စာမျက်နှာ ၆၈ တွင်တွေ့ ၏။
"လီကိုင်ယန် ကျွိဂွမ်'' = " အောက်စီဂျင်ပိုက်ကိုဖင်ခုမထိုင်ပါနဲ '' ....
Posted by ဝတီ
1 နဲ့ 2 နဲ့ပေါင်းရင်ဘာရလဲ
သူငယ်တန်းဆိုတဲ့ အတန်းလေးတစ်တန်းမှာ ဆရာမတစ်ယောက် သင်္ချာ သင်နေတာပေါ့။ ဆရာမက ကျောင်းသားတစ်ယောက်ကိုစာမေးလိုက်တယ။် 1 နဲ့ 2 နဲ့ပေါင်းရင်ဘာရလဲတဲ့။ အဲဒါကို ကျောင်းသားလေးကမဖြေနိုင်ဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဆရာမလည်း ဒေါသထွက်ပြီးတော့ နောက်နေ့ကြရင်မေးမယ်။ မင်းအိမ်က လူတွေကိုမေးခဲ့လို့ပြောလိုက်တယ်...။
ဒါနဲ့ပဲ ကျောင်းသားလေးက အိမ်ကိုရောက်သွားတော့  ထမင်းအိုးမွှေနေတဲ့ သူ့အမေကိုမေးလိုက်တယ်။ “အမေ... အမေ... 1 နဲ့ 2 ပေါင်းရင်ဘာရလဲ” လို့။ အဲဒီအချိန်မှာ ယောင်းမကို ကိုင်ပြီး ထမင်းအိုးမွှေနေတဲ့ အမေ ပြန်ဖြေလိုက်တာက “ယောင်းမ ယောင်းမ”တဲ့... ။
ခဏနေတာ့ မန်နေဂျာ ရူးရူးနေတဲ့ သူ့အကိုကို သွားမေးပြန်တယ်။ “အစ်ကို... အစ်ကို... 1နဲ့2 ပေါင်းရင်ဘာရလဲ” တဲ့။ အကိုလုပ်သူကပြန်ဖြေလိုက်တယ်။ “မန်နေဂျာ မန်နေဂျာ” ။
အဲ့ဒါနဲ့ ကျောင်းသားလဲမှတ်ထားလိုက်တယ်။ အဖြေနှစ်ခုစလုံးကို မပြီးသေးဘူး။ အ၀တ်လျှော်တဲ့ ကုလားမနဲ့ ရန်ဖြစ်နေတဲ့ သူ့အစ်မကိုလည်း သွားမေးလိုက်သေးတယ်။ “1နဲ့2ပေါင်းရင်ဘာရလဲ အစ်မ...” ဆိုတော့ အစ်မကဖြေတယ်။ “အ၀တ်လျှော်တဲ့ ကုလားမစုတ် အ၀တ်လျှော်တဲ့ ကုလားမစုတ်” တဲ့ မှတ်ထားလိုက်ပြန်တယ်...။
နောက်ပြီးတော့ အေးအေးဆေးဆေး သတင်းစာဖတ်နေတဲ့ သူ့အဖေကို သွားမေးပြန်တယ်။ “အဖေ... အဖေ... 1နဲ့ 2ပေါင်းရင် ဘာရလဲ” မေးတော့ အဖေကပြန်ဖြေလိုက်တယ်။ “အေးဆေးပဲ” တဲ့ ...။
ဒါနဲ့ ကျောင်းသားလည်း အားလုံးကိုမှတ်ထားလိုက်တယ် ။
နောက်တစ်နေ့ ကျောင်းသွားတက်တော့ ဆရာမက စာမေးပါလေရော။ မောင်ကျောင်းသားကို “1နဲ့2 နဲ့ပေါင်းရင် ဘာရလဲ” ဆိုတော့ ကျောင်းသားက ပြန်ဖြေလိုက်တယ်။ “ယောင်းမ ယောင်းမ” တဲ့။ အဲ့ဒါနဲ့ ဆရာမ စိတ်တိုပြီးတော့ မေးလိုက်ပြန်တယ်။ နင့်ကိုနင် ဘာထင်နေလည်း ဆိုရော “မန်နေဂျာ မန်နေဂျာ”တဲ့။ ငါ့ကိုဘာများအောက်မေ့နေလဲ လို့မေးလိုက်တော့ “အ၀တ်လျှော်တဲ့ ကုလားမစုတ် အ၀တ်လျှော်တဲ့ ကုလားမစုတ်”တဲ့။ အဲ့ဒါနဲ့ ဆရာမ ဒေါသအလွန်ထွက်သွားတယ်။ မင်းကို ငါကျောင်းထုတ်လိုက်ရမလားလို့ပြောလိုက်တော့ မောင်ကျောင်းသားက ပြောလိုက်တယ် “အေးဆေးပဲ” တဲ့..။
ref:
ဧဒင်ဥယျာဉ် မှ ကူးယူပါသည်။
Posted By ၀တီ