Thursday, August 11, 2011

အမေရိကန်နိုင်ငံ၏ လစာအကောင်းဆုံးအလုပ်များ

လူတွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေကဘာတွေလဲ၊ အလုပ်အကိုင်ကောင်းကောင်း ရာထူးကောင်းကောင်း လစာကောင်းကောင်းဆိုတာ ပြောစရာတောင် မလိုဘူးထင်တယ်။
အလုပ်အကိုင်ကောင်းတစ်ခုဆိုတာ လွယ်လွယ် နဲ့ ရနိုင်မှာတော့ မဟုတ်ဘူး။ နေရာတစ်နေရာဆိုတာ တကယ်ရှာကြည့်မှ တကယ်မလွယ်တာတွေ့ရလိမ့် မယ်။ အလုပ်အတွက် ပညာလိုတယ်။ အတွေ့အကြုံ တွေလိုတယ်။ လမ်းကြောင်းမှန်လျှောက်လာခဲ့ဖို့လို တယ်။ ဒီခရီးကိုရောက်ဖို့ သူလည်းသွား၊ ငါလည်းသွား နေကြတာပဲ။ ဖြတ်လမ်းကိုသိပြီး အရင်ရောက်သွား သူတွေလည်း ရှိလိမ့်မယ်။ လမ်းမှားပြီး လိုရာမရောက် တာတွေလည်းရှိနိုင်တယ်။ လမ်းလွဲပြီး လှော်ရင်းနစ် သွားတာတွေလည်း ကြုံတွေ့နိုင်တာပဲ။
အမေရိကန် အလုပ်သမားဌာနက သူတို့နိုင်ငံရဲ့ အကောင်းဆုံးအလုပ် ၂၅ ခုကို ထုတ်ပြန်ကြေညာလိုက် တယ်။ သူတို့နိုင်ငံမှာ မက်လောက်တဲ့ လမ်းကြောင်းမှန်တွေပေါ့။ အဲဒီအထဲက ထိပ်ဆုံး ၁ဝ ခုကိုပဲကြည့် ရအောင်။ ဒီလမ်းကြောင်းအတိုင်းလျှောက်ရင် ကိုယ် လည်း တစ်နေရာရာတော့ ရောက်နိုင်လိမ့်မယ်ထင်တယ်။ ဒါမှမဟုတ် အဖြေတွေ့နိုင်ကောင်းပါရဲ့။
          ထိပ်ဆုံးလုပ်ငန်း ၁ဝ ခုမှာ ၈ ခုက ဆေးပညာ နဲ့ ပတ်သက်တဲ့လိုင်းတွေဖြစ်နေတာတွေ့ရတယ်။ ဒီတော့ အိုင်တီခေတ်လို့ပြောနေပေမယ့် အိုင်တီထက် ပိုပြီးတော့ ခေတ်စားတဲ့လုပ်ငန်းတွေရှိနေတာကို အသိအမှတ်ပြုရလိမ့်မယ်။
10.Natural Sciences Manager
အမြင့်ဆုံးလစာ - $97,560
ရင်းနှီးရမည့်ကာလ - ၆ နှစ်
သဘာဝသိပ္ပံမန်နေဂျာ လို့ပြောရမယ်ထင်တယ်။ အခြား သိပ္ပံပညာရှင်တွေကို ကြီးကြပ်ကွပ်ကဲရလိမ့်မယ်။ ဥပမာ စိုက်ပျိုးရေးဆိုင်ရာ သိပ္ပံပညာရှင်၊ ဓာတုဗေဒ၊ ဇီဝဗေဒနဲ့ ဘူမိဗေဒပညာရှင်တွေကို ကြီး ကြပ်ကွပ်ကဲရလိမ့်မယ်။ သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ် ငန်းတွေမှာ ဆေးဝါးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးခြင်း၊ ဒေသအလိုက် အဖွဲ့အစည်းတွေအတွင်း အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ခြင်းတွေကို လုပ်ဆောင်ရလိမ့်မယ်။ သူတို့ကို ကိုယ်ပိုင်စမ်းသပ် ခန်းတွေ ပေးထားလိမ့်မယ်။ ဥပဒေရေးရာတွေမှာလည်း ကျွမ်းကျင်ပညာရှင်တစ်ယောက်အနေနဲ့ ဝင်ရောက်အကြံပေးရတာမျိုးတွေ လုပ်ပေးရလိမ့် မယ်။
          သူတို့ပိုင်ဆိုင်ထားရမယ့် ဘွဲ့နဲ့ လုပ်ငန်းအတွေ့ အကြုံတွေရှိတယ်။ MBA ဘွဲ့လိုမျိုး၊ သက်ဆိုင်ရာနယ် ပယ်အလိုက် ဒေါက်တာဘွဲ့လိုဟာမျိုး ရရှိထားဖို့လို တယ်။ အချို့လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်တွေက ပညာရေးဘွဲ့အတွက် သီးခြားခံစားခွင့်တွေ ပေးတတ် တာမျိုးလည်းရှိတယ်။ လုပ်ငန်းအတွေ့အကြုံတွေ အနေနဲ့ marketing အပိုင်း၊ sale အပိုင်း၊ finance အပိုင်းတွေ ကျွမ်းကျင်ခဲ့ဖို့လိုလိမ့်၏မယ်။ အမြင်ထက် မြင်ခြင်း၊ ဆုံးဖြတ် သုံးသပ်နိုင်စွမ်းရှိခြင်း၊ လုပ်ငန်းဆိုင် ရာ ဗဟုသုတပြည့်ဝခြင်း၊ ဈေးကွက်ကိုကောင်းကောင်း နားလည်ပြီး အရောင်းပိုင်းကိုနားလည်အကြံပြုနိုင်သူ တွေဟာ ဒီအလုပ်အတွက် အသင့်လျော်ဆုံးပုဂ္ဂိုလ်တွေ ဖြစ်ပါလိမ့်မယ်။

အင်္ဂလိပ်စာအကြောင်း သိကောင်းစရာ

ကျွန်တော် English နဲ့ပတ်သက်လို့ ဆောင်းပါးတွေ၊ စာအုပ်တွေသာမက Internet တွင်လဲ English ရေးသားချက်တွေကို ရှာဖွေဖတ်ရှုခဲ့တဲ့အထဲမှာ ဒီရေးသားချက်လေးကို သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်။ရေခြားမြေခြား၊ မိခင်ဘာသားစကားပြောလို့မရတဲ့ အရပ်ဒေသမှာ လာရောက်အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းတို့အတွက် ဒီရေးသားချက်လေးဟာ အကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်။
ကျွန်တော် သြစတေးလျ ရောက်ခါစမှာ တခါတရံ ရပ်ကွက်ထဲက သြစတေးလျ လူမျိုးများအင်္ဂလိပ်လို ပြောနေတာမှ ဟုတ်ရဲ့လား လို့ တွေးမိတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုရင် သူတို့ရဲ့ စကားပြောတဲ့ လေယူလေသိမ်းနဲ့ အသံထွက်ဟာ အာရှတိုက်က အင်္ဂလိပ်လို ပြောနေသူများ၊ အာရှတိုက်မှာ တွေ့ခဲ့ဖူးတဲ့ ဥရောပသားများနဲ့ အင်္ဂလိပ်လို ပြောခဲ့တဲ့ အခါ ကြားခဲ့ဖူးရတာတွေနဲ့ မတူဘဲ အတော့်ကို ကွဲပြားနေလို့ ဖြစ်ပါတယ်။ တခါက ဆိုရင်- ရထားဘူတာမှာ ရထား စောင့်ဆိုင်းစဉ် ကျွန်တော်ရဲ့ ဘေးမှာ သြစတေးလျှသူ ဆံပင် ရွှေရောင်နဲ့ အလွန် မျက်စိကျစရာ ကောင်းတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒါနဲ့ သူ့ကို ပြုံးးပြပြီး “You’re very beautiful” လို့ မိမိက ပြောလိုက်တဲ့ အခါ သူက တစ်စုံ တစ်ခု မိမိကို ပြန်ပြောလိုက်ပါတယ်၊ သူပြန်ပြောလိုက်တာကို နားမလည်လို့ မိမိက “I’m sorry…?” ဆိုပြီး ပြန်မေးတဲ့ အခါ သူက ထပ်ပြောပါတယ်။ ဒါကိုလည်း နားမရှင်းလို့ “I beg your pardon” ဆိုပြီး ထပ်မေးတဲ့ အခါ သူက ထပ်ပြောပါတယ်။ ဒါကိုလဲ နားမလည်လို့ မိမိက ထပ်ပြီး “I’m sorry, I’m not quite clear what you say” လို့ ထပ်မေးတဲ့ အခါမှာတော့ သူက “Never mind” ဆိုပြီး ဘာမှ ပြန်မပြော တော့ပါဖူး။ ထိုစဉ်ကဆိုလျှင် ကျွန်တောိဟာ “ငါအင်္ဂလိပ်လို နားလည်တာ အတော်ညံ့နေပါလား” လို့တွေးမိခဲ့ပါတယ်။ 

Wednesday, August 10, 2011

ပညာဒါန သင်တန်းများ

စင်ကာပူတွင် လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာများ၏ အင်္ဂလိပ်စာ နှင့် စကားပြော၊ တရုတ်စကားပြော၊ အင်ဂျင်နီယာဆိုင်ရာ အသိပညာ၊ စာရင်းအင်းဆိုင်ရာ အတတ်ပညာများ တိုးတက်လာစေရန်ရည်သန်၍ ပင်နင်စူလာ ၇ ထပ်၊ အခန်း ၂၆ တွင် ပညာဒါန သင်တန်းများ ဖွင့်လှစ်ကာ သင်ကြားပေးလျှက် ရှိပါသည်။
သင်တန်းများသို့ တက်လိုသူများလည်း သက်ဆိုင်ရာသင်တန်း code နှင့် ၎င်းသင်တန်းအတွက် သက်ဆိုင်ရာ ဖုံးနံပါတ်သို့ မိမိနာမည်၊ သင်တန်းcode: မည်သည့်လတွင်စမည့်သင်တန်း စသည်တို့ကို sms ပို့ကာ register လုပ်နိုင်ပါသည်။
Posted by ဝတီ

ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရေး

“ပညာရေးဆိုတာ ဧကရာဇ်ကြီးဖြစ်ဖို့၊ တရားသူကြီး ဖြစ်ဖို့မဟုတ်ပါ။ပြည်သူပြည်သားကောင်း ဖြစ်အောင်လေ့ကျင့်ပေးခြင်း” ပါတဲ့။ အတွေးအခေါ်ပညာရှင်ကြီး“ရူးဆိုး” (Rousseau) ရဲ့ ပညာရေးနဲ့ဆိုင်တဲ့ အဆိုအမိန့်ပါ။ သူ့အဆိုဟာ ယနေ့အထိ မှန်ကန်နေဆဲပါ။ သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က“လူဆန်တဲ့ လူသားမွေးထုတ်ခြင်း” တဲ့။ ပညာရေးရဲ့ နောက်ဆုံးရလဒ်က ကောင်းမှု(ဓမ္မ)နဲ့ မကောင်းမှု(အဓမ္မ) တို့ကိုဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး အမှန်တရားကို သစ္စာခံတဲ့ ဘက်တော်သားဖြစ်လာကာ လောကကောင်းကျိုး စွမ်းစွမ်းတမံ သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ၊ အဲဒါမှ ပြည်သူ့သားကောင်း (good citizen)ပါ။  
နိုင်ငံသားကောင်း၊ ပြည်သူ့သားကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် ပြည်သူပြည်သားကောင်းတစ်ယောက် ရဲ့အခွင့်အရေး၊ တာဝန်နဲ့ဝတ္တရား၊ လေးစားလိုက်နာရမယ့် စည်းကမ်းတွေက ဘာတွေလဲ။ အဲဒါတွေသိအောင်၊ ပြီးတော့လေးစားကာ လိုက်နာကျင့်သုံးအောင် ဘယ်လိုလုပ်မှာလဲ။ ပြည်သူပြည်သားကောင်းဆိုတာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ဆူကြုံနိမ့်မြင့် နိုင်ငံသားအားလုံး အတွက်ပါ။ ပြည်သူပြည်သားကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံကြီးသားစိတ်ထား အရည်အသွေးတွေပြည့်ဝမှ အဲဒီနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာာယာမှုနဲ့ ပြည့်စုံပြီး ဖွံ့ဖြိုးတိုးတက်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်မှာ။ ပြည်သူလူထုကို နိုင်ငံသားကောင်းတွေ ဖြစ်လာအောင် အုံနဲ့ကျင်းနဲ့ အစုအဝေးနဲ့ လေ့ကျင့်ပေးနိုင်တဲ့လုပ်ငန်းက ပညာရေးပါပဲ။

မြန်မာ့ပထမဆုံး မြေအောက်ရထားလိုင်း


မြန်မာ့ပထမဆုံး မြေအောက် မီးရထားလမ်းကြောင်းကို ရုရှား၏ အကူအညီဖြင့် နေပြည်တော်တွင် စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်း ယခုလ ၄ ရက်နေ့ထုတ် The Moscow News သတင်းစာနှင့် အင်တာနက် သတင်းများ အရ သိရှိရသည်။ အမည်မဖော်လိုသော စီမံကိန်းဗိသုကာ တစ်ဦးကို ကိုးကား၍ သတင်းထုတ်ပြန်လိုက်သော The Voice of Russia ရေဒီယိုက ရထားလမ်း တိုင်းထွာခြင်း၊ ဒီဇိုင်းထုတ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် မော်စကိုမြို့ပတ်လိုင်းထက် ၃ ဆ ပို၍ ရှည်လျားကြောင်း ပြောကြားခဲ့သည်။
နေပြည်တော်ရှိ မြန်မာ့ပထမဆုံး မြေအောက်ရထားလမ်းသည် အရှည် ၃၁ မိုင် (၅၀ ကီလိုမီတာခန့်) ဖြင့် စတင်မည် ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ဒီဇိုင်းနှင့် နည်းပညာများကို အသုံးပြု တည်ဆောက်သွားမည် ဖြစ်ကြောင်း ကြားသိရသည်။
စီးပွားရေး မြို့တော် ရန်ကုန်တွင် မြေအောက်ရထား မစတင်ဘဲ အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် တည်ဆောက်ရခြင်းသည် ၀န်ထမ်းများ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် မြေအောက်ရထားလမ်း နည်းပညာ၌ ဂျပန်ပြီးလျှင် ရုရှားက အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

Posted By မောင်စူးစမ်း (MTLA GTI)

Monday, August 08, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၁)

Verb ရဲ့ အဓိပ္ပာယ်ကို ဖြည့်စွက်တဲ့ ပုဒ်၊ ( သို့မဟုတ် ) ပုဒ်စုကို Adverb ခေါ်ကြောင်း ဆွေးနွေးခဲ့ပြီ။ အချိန်၊ နေရာ၊ အကြောင်း၊ အကျိုး စသည်ဖြင့် အမျိုးမျိုးခွဲခြားပြီး လေ့လာကြရမယ်။
(a)Time
အချိန်ကို ပြောပြတဲ့ Adv Clause တွေမှာသုံးတဲ့ စကားလုံးများကတော့  when, while, after, before, as, as soon as, till ( until ), since, whenever တို့ပါပဲ။ အဓိပ္ပာယ်အရ ကွဲပြားကြပေမယ့် သုံးပုံသုံးနည်းကတော့ အတူတူပါပဲ။ Clause ရှေ့ကထားရတယ်။ အဲဒီ Clause ကိုတော့  ၀ါကျရှေ့မှာ၊ နောက်ဆုံးမှာ ( တခါတလေ အလယ်မှာ ) သင့်သလို ထားနိုင်ပါတယ်။
When I grow up, I will be a teacher. ( သို့မဟုတ် )
I will be a teacher, when I grow up.
ငါကြီးလာရင် ကျောင်းဆရာလုပ်မယ်။
When we got to Mandalay, it was already dark.
ငါတို့ မန္တလေးရောက်တော့ မှောင်နေပြီ။
When ကို မြန်မာလို တော့ ၊ တဲ့အခါ၊ ရင်၊ သောအခါ၊ သော် စသည်ဖြင့်အမျိုးမျိုး ပြန်ဆိုနိုင်ပါတယ်။
When ထက် လေးနက်စေချင်ရင် အကြိမ်ကြိမ်သဘောကို ဖော်ပြလိုရင် whenever ကို သုံးတယ်။ မြန်မာလို ( တိုင်း ) လို့ ပြန်ရတယ်။
Whenever I feel lonely, I listen to music.
ငါတစ်ယောက်တည်း ငြီးငွေ့တိုင်း သီချင်းနားထောင်တယ်။
Whenever I got to Mandalay, I visited the Maha Muni Pagoda.
ငါ မန္တလေးရောက်တိုင်း မဟာမုနိဘုရားကို သွားဖူးတယ်။
--- လျှင် ၊ ချင်းဆိုတဲ့ မြန်မာအဓိပ္ပာယ်ကို ဖော်ပြဖို့ as soon as ကို သုံးပါတယ်။
As soon as he saw the police, the thief ran off.
ရဲကို မြင်လျှင်မြင်ချင်း သူခိုးထွက်ပြေးတယ်။
တစ်ခုခုလုပ်တုန်း၊ လုပ်ဆဲ၊ လုပ်နေစဉ်ဆိုတဲ့ သဘောကို ပြောချင်လျှင် while ကို သုံးတယ်။
Make hay while the sun shines. ( စကားပုံ )
နေပူတုန်း မြက်ခြောက်လှန်းပါ။ ( လသာတုန်း ဗိုင်းငင်ပါ )
While I was walking to school, I met a stranger.
ငါကျောင်းသွားစဉ် လူစိမ်းတစ်ယောက်နဲ့ တွေ့တယ်။
While အစား as ကို သုံးနိုင်တယ်။ အဓိပ္ပာယ်တူတယ်။
As I was walking to school, I met a stranger.
တစ်ခုခု လုပ်ပြီးတဲ့နောက်လို့ ပြောချင်လျှင် after ကို သုံးတယ်။
After I had read my lessons, I went to bed.
စာဖတ်ပြီးတဲ့နောက် ငါအိပ်ယာဝင်ခဲ့တယ်။
Answer the questions after you have read the passage.
စာပိုဒ်ကို ဖတ်ပြီးနောက် မေးခွန်းများကို ဖြေပါ။
မလုပ်ခင်၊ မလုပ်မီဆိုတဲ့ သဘောကို ဖော်ပြဖို့ before ကို သုံးတယ်။
Look before you leap. ( စကားပုံ )
မခုန်ခင် ကြည့်ပါ။
Before we make any decision, Let us consider the facts.
ဆုံးဖြတ်ချက်မချခင် အချက်အလက်တွေကို စဉ်းစားကြရအောင်။

Friday, August 05, 2011

ဘုရားပေါင်း ၅ သိန်းကျော် ပြသနာ

ကျွန်တော် ဘယ်လိုမှ ထင်မှတ်မထားတဲ့ မေးခွန်းတစ်ခုကို အမေးခံလိုက်ရတယ်။ မေးသူက ကျွန်တော် လေးစားရသူ ဖြစ်နေတော့ ဒီမေးခွန်းကို စနစ်တကျဖြေမှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူမေးတာက ဘုရားပေါင်း ဂင်္ဂါဝဠု သဲစုမက ပွင့်ခဲ့တယ် ပြောရက်သားနဲ့ သမ္ဗုဒ္ဓေဂါထာထဲမှာ ဘာလို့ ဘုရားက ၅ သိန်းကျော်ပဲ ရှိနေရတာလဲ တဲ့။ ကျွန်တော်လည်း သမ္ဗုဒ္ဓေကို ဘုရားတွေသွားတဲ့အခါ ထည့်ရွတ်ဖြစ်တဲ့ ဂါထာပေမယ့် တစ်ခါမှ အဓိပ္ပါယ်ကို မရှာကြည့်ဖူးဘူး။ ဂါထာထဲမှာ အဋ္ဌတို့ ဝီသတိတို့ ပဉ္စတို့ စသဖြင့် အရေအတွက်တွေ ပါနေမှန်းတော့ သိတယ်။ ဒါပေမယ့် ဘာသိဘာသာပါပဲ။ ခုတော့ အဲဒါက ပြဿနာ ဖြစ်လာတယ်။ ဟိုရှာဒီရှာလုပ်တော့ အောက်က လင်္ကလာလေးကို သွားတွေ့တယ်။ ဒါကတော့ ဂိုဏ်းနည်းနည်းဆန်ပေမယ့် ဂိုဏ်းတွေ၊ ဗေဒင်တွေဟောစားရင်တော့ မှတ်ထားသင့်တာပေါ့။ လင်္ကလေးက “သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား မြတ်ဘုရား၏ ကြီးမားတေဇော် ဂါထာတော်ကား ကွမ်းစားသတ္တော် ခေါင်းလျှော်ဒသ ဘတ္တတြိန်း ဆီလိမ်းပဉ္စ စီးထလှေမှာ ရှစ်ကြိမ်သာတည်း နံ့သာပန်းမျိုး ကိုးကြိမ်နှိုးလော့ မိုးချုပ်သည့်ခါ အိပ်ရာဝင်မူ ကိုးကြိမ်ဟူ၏ ရန်သူတွေ့မြောက် ဆယ့်တစ်ခေါက်တည့် စစ်ထိုးသောခါ ရွတ်ပါကိုးကြိမ် စံအိမ်သန္ဓေ မဖွားနေမူ ရေမှာကိုးခေါက် မန်း၍သောက်က ဖွားမြောက်ခဏ ချမ်းသာရ၏။” လို့ဖြစ်ပါတယ်။ မိန်းမ မီးဖွားခါနီး အဂုင်္လိမာလသုတ်မရရင် ရေကို ခွက်ထဲထည့် ဘုရားရှေ့သွားပြီး သမ္ဗုဒ္ဓေဂါထာကို ကိုးခေါက်ရွတ်လိုက်။ ပြီးရင် အဲဒီရေကို တိုက်လိုက်ရင် မီးဖွားပါတယ်တဲ့။ ဘုရားအမိန့်၊ တရားအမိန့်လေ။

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ရှင်းပြချက်


သမ္ဗုဒ္ဓေ ဂါထာတော်ကြီး
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
(သမ်ဗုတ်ဓေ အထဝီသင်စ)
ဒွါဒသဉ္စ သဟဿကေ၊
(ဒွါဒသင်စ သဟသကေ)
ပဉ္စဿတ သဟဿာနိ၊
(ပင်စ သတ်တာ သဟသာနိ)
နမာမိ သိရသာမဟံ။
(နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
(အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊
( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
(တေသံ ဓမ်မင်စ သံဃင်စ)
အာဒရေန နမာမဟံ။
(အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊
(နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
(ဟိတွာ သတ်ဗေ ဥပတ်ဒဝေ)
အနေက အန္တရာယာပိ၊
(အနေက အန်တရာယာပိ)
ဝိနဿန္တု အသေသတော။
(ဝိနတ်သန်တု အသေသတော)
ဆရာတော်ကြီး တိုကျိုမြို့ ၊ နိပိုရီသုဿန်သို့ မေတ္တာပို့ရန် ကြွရောက်တော်မူလာစဉ်
အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌ၀ီသဉ္စ ဆိုတာ အဋ္ဌက (၈) ဝီသဉ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။ ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။

Thursday, August 04, 2011

ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်း

အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။ အားလုံးသတိထားနိုင်အောင်လို့ ပါ။
ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနီးပါးသိပြီးကြမယ်လို့  ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ့  သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။
သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့  အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို့  ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက် လာနိုင်။ ယောက်ျားကလည်းသူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့  အနေဝေးနေကြတာပေါ့။ နောက်နှစ်ဆိုရင်
တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။

ဗုဒ္ဓဘာသာ ငါးမျိုး

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။

အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ