Friday, August 19, 2011

တယ်လီဖုံးအင်္ဂလိပ်စကားပြော (အပိုင်း ၂)

Connecting someone (လိုင်းလွှဲပေးခြင်း)
 - Just a sec. I'll get him. (Informal)
 ခဏလေးစောင့်ပေးပါ။ သူ့ကို ခေါ်ပေးပါ့မယ်။
 - Hang on one second. (Informal)
  ခဏကိုင်ထားနော်။
 - Please hold and I'll put you through to his office.
  ခဏကိုင်ထားပါ။ သူ့ရုံးခန်းကို လွှဲလိုက်ပါ့မယ်။
 - One moment please.
  ကျေးဇူးပြု၍ခဏစောင့်ပါ။
 - All of our operators are busy at this time. Please hold for the next available person.
  တယ်လီဖုန်းအော်ပရေတာအားလုံး ယခုမအားကြပါဖူး။ ခဏကိုင်ပြီးစောင့်ပါ။-စက်မှဖြေသောအသံ

Gaining Time (အချိန်ယူ ဖြေကြားခြင်း)
 - I’m sorry, I can’t say right now.
  ဆောရီးပါဘဲ။ အခုချက်ချင်းပြောလို့မရပါဘူး။
 - I’ll have to get back to you on that.
  ဒီကိစ္စနောက်ပြန်ပြောပေးပါ့မယ်။
 - I’m not the best person to answer that.
  ကျွန်တော် ဒီမေးခွန်းကိုဖြေဖို့ သင့်တော်ဆုံးသူမဟုတ်ပါဘူး။
 - I’d rather not say.
  ဒီကိစ္စကိုမပြောပါရစေနဲ့။
 - I’ll need to work it out and let you know.
  ကျွန်တော်ဒီကိစ္စကိုသုံးသပ်ပြီးရင် ခင်ဗျားကိုပြန်ပြောပေးပါမယ်။
 - Can I put it in an e-mail?
  ကျွန်တော် အီးမေးလ်နဲ့ ပို့ပေးလို့ရမလားဗျာ။
 - Er, well, I don’t really know.
  အင်း......ကျွန်တော်တကယ်မသိပါဘူးဗျာ။
 - Hm, good question….
  ဟာ....ဒါတော်တော်ကောင်းတဲ့မေးခွန်းပဲဗျာ။
 - Just a moment…..
  ခဏလေးနော်။

Checking and Clarifying (သေချာရန်ပြန်မေးခြင်း)
 - Who did you say I should speak to?
  ဘယ်သူနဲ့ပြောရမယ်လို့ပြောလိုက်တာပါလဲခင်ဗျာ။
 - Can you repeat that, please?
  ကျေးဇူးပြုပြီးနောက်တခေါက်ပြန်ပြောပေးပါလား။
 - Did you say ‘seventeen’ or ‘seventy’?
  "၁၇"လို့ပြောတာလား။  "၇ဝ" လို့ပြောတာလား။
 - Sorry, which department did you say?
   ဆောရီး။ ဘယ်ဌာနကလို့ပြောလိုက်တာလဲ။
 - When was the delivery due?
  ကုန်ပို့ရက်ကဘယ်နေ့နောက်ဆုံးလဲဗျာ။
 - Sorry, I didn’t catch that.
  ဆောရီးပါ။ ကျွန်တော်မကြားလိုက်ဖူးခင်ဗျာ။
Posted by ကိုတူး(မိတ္ထီလာ GTI)

Income Tax

Posted by ထွန်းမြင့်ဌေး

Thursday, August 18, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၃)

ဘယ်ပုံဘယ်နည်း လုပ်တယ်ဆိုတာပြတဲ့ ပုဒ်စုကို Adv Clause of Manner လို့ ခေါ်တယ်။ နာမည်ကျော် အဆိုအမိန့်တစ်ခုဖြစ်တဲ့..................
Do as I say.
ငါပြောသလိုလုပ်။
But don’t do as I do.
ငါလုပ်သလို မလုပ်နဲ့။
အဲဒီဝါကျမှာ as I say and as I do တို့ဟာ Adv Clause of Manner တွေပါပဲ။ အလားတူ......
You must work as the teacher has said.
ဆရာပြောခဲ့သလို လုပ်ရမယ်။
I did everything as you had instructed.
ခင်များ ညွှန်ကြားသလို အစစအရာကို လုပ်ပါတယ်။
ဒီတော့ Adv Clause of Manner မှာ သုံးတဲ့ စကားဆက်ကတော့ as လို့ မှတ်ရမှာပေါ့။ မဖြစ်နိုင်တာကို တင်စားလျှင်တော့ as if ကို သုံးပါတယ်။
He ran as if he were mad.
ရူးသလို ပြေးတော့တယ်။ ( ရူးနေတဲ့ အတိုင်းပဲ )
He speaks as if he knew everything.
အကုန်သိတဲ့အတိုင်းပဲ ပြောတတ်တယ်။
မှတ်စရာ။........... ။ ပင်မ verb ဟာ present tense ဖြစ်ပေမယ့် as if နောက်က verb ဟာ past tense သုံးရပုံ သတိပြုပါ။ be မှာကျတော့ တွဲတဲ့ Subject က Singular ဖြစ်ပေမယ့် was ကို မသုံးပဲ were ကို သုံးရတယ်ဆိုတာ သတိပြုပါ။
Adv Clause of Manner နဲ့ ၀ါကျ အဆက်ခိုင်းလျှင် ၀ါကျတစ်ခုမှာ so, how စသဖြင့် ပါလိမ့်မယ်။ သူတို့ကို ဖြုတ်ပစ်ပါ။ ၀ါကျရှေ့မှာ as ထည့်ပြီး ဆက်ရေးရုံပါပဲ။

Tuesday, August 16, 2011

သူငယ်ချင်း

သူငယ်ချင်း….
မင်းအလည်လာသလား
ဘာကြောင့်လာတာပဲဖြစ်ဖြစ်
လာတယ်ဆိုရင်ကိုပဲ
ငါကျေနပ်တယ်။

လာကွာ…
လ္ဘက်ရည်ဆိုင် သွားရအောင်၊
ကျစိမ့် နှစ်ခွက်၊ လန်ဒန်တစ်ပွဲ နဲ့
ဘာညာရွက်လွင့်ကြရင်း ငါလွမ်းလာမိတယ်
ဘာကိုလွမ်းတာလဲ….
ဇဝေဇ၀ါ ဖြစ်နေတုန်း
အလွမ်းဝင်္ကပါထဲမှာ ငါ့ခြေထောက်တွေ အခိုးခံလိုက်ရတယ်။

သူငယ်ချင်းရေ…
မင်းကတော့ မင်းလျှောက်လမ်းတလျောက်
ပေါ့ပါးစွာ နေတတ်ပါရဲ့
ငါကတော့ လားလားမှ မကြိုက်
ငါ့အသိုက်ဟောင်းကို စွန့်ပစ်ထားပြီး
ခရီး အသစ်စနေ
လေကို ဆန်တက် ၊ ပျံလျှက်ပဲကွာ။

သူငယ်ချင်းရေ…
သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
လူတွေ အလွယ်တကူ သုံးနေပေမယ့်
တကယ့် နက်နဲတဲ့ အဓိပ္ပါယ် ကို
တို့နှစ်ယောက် ခံစားမိကြတယ်လို့ ထင်တယ်၊
အရစ်စတိုတယ် ပြောခဲ့ဖူးတဲ့
သူငယ်ချင်းဆိုတာ နှစ်ကိုယ့်တစ်စိတ် ဆိုတဲ့ စကား
တို့နှစ်ယောက် အတွက်တော့ ကိုက်သားကိုးကွ။

သူငယ်ချင်းရေ…
လေတိုက်လို့ သစ်ပင်ယိမ်းတာ
အကြောင်းမဟုတ်ပေမယ့်
အမြဲတမ်းဆိုရင်တော့
ငါမင်းကို စိတ်ဆိုး မိမလားပဲ။

သူငယ်ချင်းရေ…
ဟိုး…ရှေ့ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့
လှေခါးထစ် အတော်များများရဲ့ အဆုံးမှာ
သိပ်တောက်ပနေတဲ့ အနာဂတ်တစ်ခု ရှိလိမ့်မယ်
မင်းအဲဒီကို ရောက်အောင် သွားလိုက်စမ်းပါ။

သူငယ်ချင်းရေ…
မင်းလမ်းကြုံရင်တော့ ၀င်လာခဲ့ပါလားကွာ
ငါမင်းကို…… ။                   ။

Posted by ငခဲ

စမိတာ ကိုယ့်အမှား

တစ်နေ့ တစ်နေ့
ပို့စ် အသစ်တင်
ဟိုပြင်ဒီပြင်
လူဝင်လျှင်ပျှော်၊
တော်တော်နှင့် မအိပ်
ဒီစိတ်သာရှိ။

ဟိုလူဝင်ပါ
ဒီလူလာပါ
အကြံပေးပါ
ဆက်သွယ်ကြပါ
တစာစာအော်
ခေါ်နေငြားလည်း
နည်းနည်းမှ မလှုပ်
ကိုယ့်လူအုပ်ကြောင့်
စောင့်ရကျိုးမနပ်
လမ်းခုလပ်မှ
လှည့်ပြန်မလား
စဉ်းစားမိပြီ ။   ။

Posted by ငခဲ

တယ်လီဖုံးအင်္ဂလိပ်စကားပြော (အပိုင်း ၁)

(နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်အပါအဝင် သူငယ်ချင်းတွေအတွက်ကတော့ အင်္ဂလိပ်စကားပြောဟာ အင်မတန်ကို အရေးကြီးပါတယ်။တိုးတက်တဲ့ ဘယ်နိုင်ငံမှာမဆို လူတစ်ဦးနဲ့တစ်ဦး အလုပ်အတွက်ပဲဖြစ်ဖြစ်၊ personal နဲ့အရပဲဖြစ်ဖြစ် ဖုန်းနဲ့သာ အဓိကဆက်သွယ်ပြောဆိုလေ့ရှိကြပါတယ်။အလုပ်လာရှာသူများအတွက်ပင်လျှင် တယ်လီဖုံးဖြင့် အင်္ဂလိပ်စကားပြောဆိုဆက်သွယ်မူဟာ အရေးပါတဲ့ အခန်းကဏ္ဍတရပ်အနေနဲ့ ရှိနေပါတယ်။ထို့အတွက် တယ်လီဖုံးအင်္ဂလိပ်စကားပြော ဆောင်ပါးလေးဟာ သူငယ်ချင်းတွေအတွက်တော့ အကျိုးရှိမှာမို့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။)

Identifying yourself (မိမိကိုယ်ကို မိတ်ဆက်ခြင်း)
 It’s ______________.
အခုပြောတာ__________ပါ။
My name is ___________. I’m calling from ____________.
ကျွန်တော့်\ကျွန်မနာမည်___________ပါ။ ___________ကခေါ်နေတာပါ။
This is _____________from _______________.
ကျွန်တော့်\ကျွန်မနာမည်___________ပါ။ ___________ကခေါ်နေတာပါ။

Asking to speak to someone (တစ်စုံတစ်ဦးနှင့် ပြောချုင်ကြောင်း ပြောဆိုခြင်း)
I’d like to speak to ____________, please.
ကျေးဇူးပြု၍ ____________နဲ့ပြောချင်ပါတယ်။
Is ____________in today, please?
_________ဒီနေ့ရုံးကိုလာပါသလား။
Can I speak to ___________, please?
ကျေးဇူးပြု၍ ____________နဲ့ပြောလို့ရပါမလား။
Could you put me through to ____________, please?
ကျေးဇူးပြု၍ ___(လူအမည်/လိုင်းခွဲ)___ ဆီိကို လွှဲပေးလို့ရပါမလား။

Explaining the purpose of your call (ခေါ်ရခြင်း အကြောင်းကိုရှင်းပြခြင်း)
I’m calling about ______________.
________ကိစ္စကိုပြောချင်လို့ဖုန်းခေါ်တာပါ။
I’m phoning to check/ ask about / tell you about ___________.
ကျွန်တော် ______ကိစ္စနဲ့ပတ်သက်ပြီး သေချာအောင်သိချင်လို့/မေးချင်လို့/ပြောချင်လို့ ဖုန်းဆက်တာပါ။
Your name was given to me by ___________ and I believe you are responsible for ________.
_________ကခင်ဗျားနဲ့ဆက်သွယ်ဖို့ပြောလိုက်လို့ပါ။ ခင်ဗျားက______နဲ့ပတ်သက်ပြီးတာဝန်ယူထားတယ်လို့ထင်ပါတယ်။

Making small talk (စကားစမြည်ပြောကြားခြင်း)
How are things with you these days?
ခုတလောအဆင်ပြေရဲ့လားရှင်/ခင်ဗျာ။
I’ve not seen you since __________.
_________တုန်းထဲက မတွေ့ဘူးနော်။
How are you?
နေကောင်းပါလား။
How’s business?
အလုပ်အကိုင် အဆင်ပြေရဲ့လား ။
Did you enjoy the presentation on Monday?
တနင်္လာနေ့က ရှင်းလင်းတင်ပြပွဲကို သဘောကျရဲ့လား။
Did you have a good weekend/ holiday?
အားလပ်ရက်/ပိတ်ရက်တွေမှာ ပျော်ခဲ့ရဲ့လား။
Posted by ကိုတူး(မိတ္ထီလာ GTI)

အဖြူရောင်သံယောဇဉ်


အဖြူရောင်သံယောဇဉ်လေးတွေနဲ့ 
ငါတို့ နှစ်ယောက်           
သူငယ်ချင်းဘ၀လေးက
ကြည်းနူးစရာလေးတွေပါပဲ...။
တစ်ယောက်ကိုတစ်ယောက်
ဘယ်အချိန်ပဲဖြစ်ဖြစ်
အမြဲတန်းပွင့်လင်းခဲ့ကြတယ်။
မင်းနဲ့ ငါ ကြားမှာ
အကောင်းဆုံးသူငယ်ချင်းဆိုတဲ့
စည်းလေးတစ်ခုအလိုလိုနေရင်း
တားထားကြတယ်..........။
ငါဘက်ကလဲ မချိုးဖောက်သလို....
မင်းကလဲ ချိုးဖောက်မှာမဟုတ်ပါဘူး....
အမြဲတန်းပေါ့....။
ဘာဖြစ်လို့ လဲဆိုတော့.....
ငါတို့ နှစ်ယောက်ရဲ့ 
ရရှိပြီးသားခင်မင်မှုလေးကို
ပျောက်ပျယ်သွားမှာ
စိုးရိမ်မိတယ် သူငယ်ချင်းရယ်...။
Posted By ၀တီ